တူရကီနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းရန် ကြိုးပမ်းမှု ဖြစ်ပွား

ဇူလိုင် ၁၅ ညပိုင်းက တူရကီနိုင်ငံတွင် သမ္မတအာဒိုဂန်၏အစိုးရအဖွဲ့ကို တူရကီစစ်တပ်အုပ်စုတစ်ခုက အာဏာသိမ်းရန် ကြိုးပမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အာဏာသိမ်းရန် ကြိုးပမ်းမှု ဖြစ်ပွားချိန်တွင် သမ္မတအာဒိုဂန်သည် နိုင်ငံတောင်ပိုင်း ကမ်းခြေတစ်ခုသို့ အပန်းခြေခရီး ထွက်နေခဲ့ခြင်းဖြစ်ပြီး ယခုအခါ အစ္စတန်ဘူလ်မြို့သို့ ပြန်လည်ရောက်ရှိ လာပြီဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းရန် ကြိုးပမ်းမှုနှင့် ပတ်သက်ပြီး သမ္မတအာဒိုဂန်က ယခုလုပ်ရပ်ကို တူရကီ ပြည်ပြေးအစ္စလာမ် ခေါင်းဆောင် Fethullah Gulen ၏နောက်လိုက်များက ကြံစည်ခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲပြောကြားခဲ့သည်။ ထို့ပြင် ယခုဖြစ်ရပ်သည် နိုင်ငံတော် သစ္စာဖောက်မှုဖြစ်ပြီး အာဏာသိမ်းရန် ကြိုးပမ်းသူများအနေဖြင့် ၎င်းတို့နှင့် ထိုက်တန်သည့်ရလဒ် ပေးဆပ်ရမည်ဟု အစ္စတန်ဘူလ်လေဆိပ်တွင် ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် သမ္မတအာဒိုဂန်ကို သစ္စာခံသည့် စစ်တပ်နှင့် ရဲတပ်ဖွဲ့က အခြေအနေကို ပြန်လည်ထိန်းချုပ်နိုင်နေပြီဟု တူရကီဝန်ကြီးချုပ် Binali Yildirim က ပြောကြားခဲ့ပြီး အာဏာသိမ်းရန် ကြိုးပမ်းမှုအတွင်း ပါဝင်သူ ၁၂၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်းလည်း ပြောကြားခဲ့သည်။

ထို့ပြင် တူရကီဝန်ကြီးချုပ် Binali Yildirim သည် အာဏာသိမ်းရန် ကြိုးပမ်းသူများက ပြန်ပေးဆွဲထားသည့် လေယာဉ်များကိုလည်း ပစ်ချရန် တူရကီစစ်တပ်အား အမိန့်ပေးလိုက်ကြောင်း သိရသည်။

အာဏာသိမ်းရန် ကြိုးပမ်းမှုအတွင်း မြို့တော်အန်ကာရာနှင့် အစ္စတန်ဘူလ်တို့တွင် သမ္မတအာဒိုဂန်ကို ထောက်ခံသူများနှင့် စစ်တပ်အာဏာသိမ်းမှုကို ထောက်ခံသူများအကြား ပဋိပက္ခများဖြစ်ပွားခဲ့သလို၊ ပစ်ခတ်မှုများကြောင့် လူအများအပြား ဒဏ်ရာရရှိခဲ့ပြီး ရဲအရာရှိ ၁၇ ဦးခန့်လည်း ကျဆုံးခဲ့ကြောင်း သိရသည်။

Ref & Photo : AFP
Eleven Media Group
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.