ရခိုင်ပြည်နယ်က မွတ်စလင် အသိုင်းအဝိုင်း ဆိုတဲ့ အသုံးအနှုန်း အပေါ် ဆန္ဒပြ

ရခိုင်ပြည်နယ်က မွတ်ဆလင် ဆိုတဲ့ အသုံးအနှုန်းကို ပယ်ဖျက်ပေးဖို့ မြန်မာအမျိုးသားရေး ကွန်ရက်က ဦးဆောင်ပြီး ဇူလိုင်လ ၁၀ ရက်နေ့က ဆန္ဒပြတောင်းဆိုနေစဉ်
Photo: Aung Thain Kha/ RFA

ရခိုင်ပြည်နယ်က မွတ်စလင်အသိုင်းအဝိုင်း ဆိုတဲ့ အစိုးရရဲ့အသုံးအနှုန်းအသစ်ကို မြန်မာအမျိုးသားရေး ကွန်ရက်က ဦးဆောင်ပြီး ဒီနေ့ ရန်ကုန်မြို့မှာ လူ ၅၀၀ ကျော်လောက် ဆန္ဒပြကန့်ကွက်ခဲ့ကြပါတယ်။

တိုင်းပြည်ဆူပူစေတဲ့ စကားလုံးတွေကို အစိုးရအနေနဲ့ မသုံးနှုန်းသင့်ကြောင်း မြန်မာအမျိုးသားရေး ကွန်ရက် ဥက္ကဋ္ဌ ဦးဝင်းကိုကိုလတ် က ပြောပါတယ်။

ဆန္ဒပြသူတွေဟာ ရခိုင်ပြည်နယ်က မွတ်ဆလင် ဆိုတဲ့ အသုံးအနှုန်းကို ပယ်ဖျက်ပေးဖို့ နဲ့ ဘင်္ဂါလီ လို့သာ ခေါ်ဝေါ်ဖို့ စာသားပါ ပိုစတာတွေ ကိုင်ဆောင်ပြီး ရန်ကုန်မြို့ ရွှေတီဂုံစေတီ အရှေ့ဘက်မုခ် ကြေးသွန်းဘုရား ရှေ့ကနေ လမ်းလျှောက်ချီတက်ခဲ့ကြပြီး တာမွေမြို့နယ် လူထုဟစ်တိုင်မှာ စုဝေးဟောပြော ခဲ့ကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဗိုလ်စိန်မှန်ကွင်းကနေ လူထုဟစ်တိုင်ကွင်းထိသာ လမ်းလျှောက်ဆန္ဒ ပြခွင့်ပြုခဲ့ပြီး အခုဆန္ဒပြတဲ့ လမ်းကြောင်းဟာ ခွင့်ပြုချက်ပေးမထားတာကြောင့် ဦးဆောင်သူတွေကို ငြိမ်းချမ်းစွာ စုဝေးခွင့်ဥပဒေ ပုဒ်မ ၁၉ နဲ့ အရေးယူသွားမယ်လို့ ဗဟန်းမြို့နယ်ရဲမှူး ဦးဆွေဝင်း က ပြောပါတယ်။

ဆန္ဒပြပွဲကို မြန်မာအမျိုးသားကွန်ရက်၊ မျိုးချစ်မြန်မာ ရဟန်းတော်များ သမဂ္ဂအဖွဲ့၊ ရခိုင်လူငယ်အဖွဲ့နဲ့ အမျိုးသားရေးလှုပ်ရှားကြတဲ့ အဖွဲ့အစည်းတွေနဲ့ အမျိုးသားရေးအသင်းအဖွဲ့ အသီးသီးက ပေးပို့တဲ့ သဝဏ်လွှာတွေကိုလည်း ဖတ်ကြားခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့က ၃၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကောင်စီညီလာခံမှာ မြန်မာအစိုးရကိုယ်စားလှယ်က လူမျိုးအမည်ခေါ်ဆိုမှု အငြင်းပွားမှုရှိနေသူတွေကို ရခိုင်ပြည်နယ်က မွတ်စလင်တွေဆိုပြီး သုံးနှုန်းပေးဖို့ ပြောကြားခဲ့တဲ့အပေါ် ဆန္ဒပြကြတာ ဖြစ်ပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.