အခွန်ပြဿနာကြောင့် စပိန်နိုင်ငံမှ မက်ဆီထွက်ခွာသွားမည်ကို စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ စိုးရိမ်

ဘာစီလိုနာအသင်း တိုက်စစ်မှူး မက်ဆီအနေဖြင့် လက်ရှိရင်ဆိုင်နေရသည့် အခွန်ပြဿနာများကြောင့် စပိန်နိုင်ငံမှ ထွက်ခွာသွားမည်ကို စိုးရိမ်မိကြောင်း စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဟာဗီးယားတီဘက်စ်က ပြောကြားခဲ့သည်။

မက်ဆီနှင့် ၎င်း၏ဖခင်တို့ကို အခွန်ရှောင်လွှဲမှုကြောင့် ထောင်ဒဏ် (၂၁)လစီနှင့် နှစ်ဦးပေါင်းဒဏ်ငွေ ပေါင်(၃)သန်းစီကျခံစေရန်
တရားရုံးက အမိန့်ချမှတ်ထားသည်။

စပိန်နိုင်ငံဥပဒေများအရ (၂)နှစ်အောက်ထောင်ဒဏ်များမှာ အာဏာပိုင်တစ်ဦး၏ စောင့်ကြည့်မှုအောက်တွင် ခံဝန်ဖြင့်နေထိုင်ခွင့်ရှိနေပြီး ပြစ်မှုတစ်စုံတရာထပ်မံမကျူးလွန်မချင်း ထောင်ဒဏ်ကျခံရမည်မဟုတ်သဖြင့်
မက်ဆီတို့သားအဖနှစ်ဦးမှာ ထောင်အတွင်းနေထိုင်ရမည်မဟုတ်ကြောင်း သိရသည်။

ပြီးခဲ့သည့်သောကြာနေ့က ယင်းပြစ်ဒဏ်များအတွက် မက်ဆီနှင့် ၄င်း၏ဖခင်သည် မက်ဒရစ်မြို့ ရှိ စပိန်ဗဟိုတရားရုံးသို့ အယူခံလျှောက်ထားခဲ့ပြီး မက်ဆီကို စိတ်ပျက်လက်ပျက်ဖြစ်နေသော အမူအရာများဖြင့် မြင်ခဲ့ရသည်။

ထို့ကြောင့် စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ တီဘက်စ်က '' မက်ဆီ ထွက်ခွာသွားမှာကို ကျွန်တော်စိုးရိမ်မိပါတယ်။

လာလီဂါပြိုင်ပွဲကိုယ်စားပြောရမယ်ဆိုရင် သူ့မှာ အပြစ်မရှိဘူးလို့ ယုံကြည်နေပါတယ်။ ဒါကြောင့်မို့ စပိန်ဘောလုံးလောကမှာ သူဆက်နေသင့်ပါတယ်။ မက်ဆီကို လူဆိုးတစ်ဦးလို့ ကျွန်တော်မထင်ပါဘူး'' ဟု ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းကလည်း မက်ဆီနှင့် ၄င်း၏ဖခင်တွင် အပြစ်မရှိဟု ယုံကြည်ကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။

(ပုံစာ - ကြားနာစစ်ဆေးမှုများ ပြုလုပ်ခဲ့စဉ်က တရားရုံးတွင် တွေ့ရသည့် မက်ဆီနှင့် သူ၏ ဖခင်)

Photos: Reuters, AP
Eleven Media Group
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.