မြန်မာပြည်၏ ပထမဆုံး အာဇာနည်ရင်ပြင်ဖြစ်သော တောင်တွင်းကြီး အာဇာနည်ရင်ပြင်တွင် စိုက်ထူထားသည့် အာဇာနည် ကြေးရုပ်တုများ ဖွင့်ပွဲအခမ်းအနားကျင်းပ

မြန်မာပြည်၏ ပထမဦးဆုံး အာဇာနည်ရင်ပြင်ဖြစ်သော တောင်တွင်းကြီး အာဇာနည်ရင်ပြင်တွင် စိုက်ထူထားသည့် အာဇာနည် ကြေးရုပ်တုများ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၁၈ ရက် ညနေ ၄ နာရီဝန်းကျင်ခန့်က ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

“ဒီနေ့ညနေမှာ ကြေးရုပ်တု ရှစ်ရုပ်ကို အလှူရှင်တွေက တစ်ရုပ်ချင်းစီ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးတယ်။ နောက်ပြီး အဘက်ဘက်က အလှူရှင်တွေကို ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပါတယ်။ ဇူလိုင် ၁၉ ရက်မှာတော့ ဒီရင်ပြင်မှာ အလေးပြုခြင်း အစီအစဉ်တွေနဲ့ မကွေးတိုင်း ၀န်ကြီးချုပ်လည်း လာရောက်ဖို့ ရှိပါတယ်” ဟု ဗိုလ်ချုပ်ကြေးရုပ်တု ဖြစ်မြောက်ရေးနှင့် အာဇာနည်ရင်ပြင် တည်ဆောက်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အာဇာနည်ခေါင်းဆောင်ကြီး ကိုးဦး၏ ကြေးရုပ်တုများ စုံလင်စွာ တည်ရှိသည့် တောင်တွင်းကြီးမြို့ အာဇာနည်ရင်ပြင်တွင် ဖေဖော်ဝါရီ ၁၃ ရက်က ဗိုလ်ချုပ်အောင်ဆန်း၏ ကြေးရုပ်တုကို စိုက်ထူဖွင့်လှစ်ခဲ့ပြီး ကျန်အာဇာနည် ခေါင်းဆောင် ရှစ်ဦး၏ ကြေးရုပ်တုရှစ်ရုပ်ကို ဇူလိုင် ၁၄ ရက်က စိုက်ထူခဲ့ရာ လာရောက် ကြည့်ရှုသူ များပြားနေကြောင်း သိရသည်။

ယင်းအာဇာနည်ရင်ပြင်တွင် စိုက်ထူထားသည့် အာဇာနည်ကိုးဦး၏ ကြေးရုပ်တုများ၏ ကုန်ကျစရိတ်မှာ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုမှာ အမြင့်ကိုးပေနှင့် ကြေးပိဿာချိန် ၃၆၀ ရှိကာ ကုန်ကျစရိတ် ၁၃၅ သိန်းရှိခဲ့ပြီး ကျန်အာဇာနည် ကိုးဦး၏ ရုပ်တုကုန်ကျစရိတ်မှာ တစ်ရုပ်လျှင် သိန်း ၄၀ စီကုန်ကျခဲ့ကြောင်း သိရသည်။ အဆိုပါ ရုပ်တုများကို မန္တလေးမြို့ တမ္ပ၀တီရပ် ချမ်းသာအောင် ကြေးသွန်းလုပ်ငန်းက သွန်းထုပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သော ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ် ၁၀၁ နှစ်ပြည့်မွေးနေ့တွင် တောင်တွင်းကြီး အာဇာနည်ရင်ပြင်နှင့် ဗိုလ်ချုပ်ကြေးရုပ်တုကို NLD ပါတီနာယက ဦးတင်ဦးက လာရောက်ဖွင့်လှစ် ပေးခဲ့သည်။ တောင်တွင်းကြီး အာဇာနည်ရင်ပြင်သည် ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည်ကိုးဦး၏ ကြေးရုပ်တုများ စုံလင်စွာ တည်ရှိသည့် မြန်မာပြည်၏ ပထမဦးဆုံး အာဇာနည်ရင်ပြင် ဖြစ်သည်။


Writer:
သက်ပိုင် (အောင်လံ)

Eleven Media Group
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.