ပြသာနာဖြစ်ရင် အကောင်းဆုံးဘယ်လိုဖြေရှင်းရမလဲ ဆိုတဲ့ ကိစ္စကိုသာ ငါတို့ဝိုင်းစဉ်းစားကြတယ် နှစ်ဖွဲ့ကွဲမသွားဘူး

ဒီမနက် ယိုးဒယား က မိတ်ဆွေတွေ အလုပ်ကိစ္စနဲ့ ရန်ကုန်ကိုရောက်လာလို့ လေဆိပ်သွားကြိုတယ်
ညပိုင်း ဗဟိုလမ်းက ခုပ်ဖုဆိုင် မှာ ညစာလိုက်ကျွေးတယ် ။
ညစာ စားရင်း ယိုးဒယားအများစုက မဘသ နဲ့ ကွီးဖြိုး အကြောင်း မေးကြတယ်
သူတို့လဲ ယိုးဒယားကနေ ဒီကိစ္စ ကြားတယ် သိတယ် ပေါ့
ဘာဆက်ဖြစ်မယ် ဆိုတာ စိတ်ဝင်စားလို့ ဇာတ်ကြောင်းလေ
ဇာတ်ရေလည်အောင် ပြောပြပါလို့ ဆိုလာတယ် ။

ကျွန်တော်သိသလောက် ရှင်းပြပြီးတဲ့အချိန်မှာ ယိုးဒယားမိတ်ဆွေထဲမှ တစ်ယောက်က
ငါတို့နိုင်ငံမှာဖြစ်သွားတဲ့ အကြောင်းလေးပြောပြမယ် ဆိုပြီး စကား စလာတယ် ။

ဖြစ်စဉ် က ယိုးဒယားက ကမ္ဘာကျော် ကျားမွေးထားတဲ့ ဘုန်းကြီးကျောင်းကို ယိုးဒယားရဲက
ဝင်ဖမ်းတယ် ၊ ကြိုတင်သတင်းမပေးဘဲ ဝင်ဖမ်းတာ ကျောင်းထဲရှိတဲ့ ကျားမှန်သမျှနိုင်ငံပိုင်သိမ်းလိုက်တယ်

ဒီကိစ္စ ကမ္ဘာ့သတင်းပေါ်အထိရောက်ခဲ့တယ် ၊ ဘုန်းကြီးကျောင်းထဲရှိတဲ့ ကျားတွေအကုန်အသိမ်းခံရတော့
ကမ္ဘာကျော် ကျားကျောင်း ဆိုတာကြီးပျက်စီးသွားတယ် ဘုန်းကြီးတွေဝင်ငွေများစွာ ထိခိုက်ခဲ့တယ်
ိုသင်္ဃန်းဝတ်ထားတဲ့ ဘုန်းကြီးဟူသမျှ မည်သည့်ဖမ်းစီးချုပ်နှောင်ခြင်းမျိုး မှမပြုရ ဆိုတဲ့ ယိုးဒယားဘုရင် ရဲ့
ဥပဒေကြောင့် ဘုန်းကြီးတွေ အဖမ်းမခံရဘူး ။ ဒါပေမဲ့ ဘုန်းကြီးအများစုက ဒီကိစ္စ ကိုမကျေနပ်ဘူး အထူးသဖြင့်
အာဏာသိမ်းဗိုလ်ချုပ်ကြီးဟောင်း လက်ရှိဝန်ကြီးချုပ် က အာဏာသုံးပြီးဆောင်ရွက်တယ်လို့ ဘုန်းကြီးအများစုက
ထင်တယ် ။ ဒါကြောင့် ဘုန်းကြီး နဲ့ ဝန်ကြီးချုပ်တို့ အစည်းမကပ်တော့ဘူးဖြစ်လာတယ် ။

ဒါပေမဲ့ ဒီနေရာ မှာ ငါ တစ်ခုပြောချင်တာက မင်းတို့ နိုင်ငံလို တစ်ခုခုဖြစ်ရင် ကွီးဖြိုးကို ဝန်းရံကြ တို့
မဘသ ကိုထောက်ခံကြတို့ ဆိုပြီး ခပ်ပိန်းပိန်းအတွေး တွေနဲ့ ဘေးတီးတဲ့ သူတွေ ငါတို့နိုင်ငံမှာ မရှိတော့တာကျေးဇူးတင်ရမယ်နောက် ပြသာနာဖြစ်ရင် အကောင်းဆုံးဘယ်လိုဖြေရှင်းရမလဲ ဆိုတဲ့ ကိစ္စကိုသာ ငါတို့ဝိုင်းစဉ်းစားကြတယ် နှစ်ဖွဲ့ကွဲမသွားဘူး ၊ ဟိုဘက်လိုလို ဒီဘက်လိုလိုနဲ့ ပူးသတ်မဲ့ကောင်ပေါ်မလာခဲ့ဘူး ဒီလိုဘာလို့မဖြစ်တာလဲဆိုတော့ ဒို့ခံလိုက်ရဘူးလို့ ဒို့ အနီ နဲ့ အဝါ နှစ်ဖွဲ့ကွဲတာ ကြားက အစိမ်း စားသွားတာ ခံခဲ့ရတယ်လေ မင်းတို့က အခုထိ အမှတ်မရှိသေးဘူး အခုထိ ပိန်းတုံး အတုံး ကွဲကောင်းတုံး တစ်ခုခုဆို ပြသာနာ
ရဲ့အခြေခံကို မရှာဘူး ဝူးဝူးဝါးဝါးလုပ်လိုက်ရမှကျေနပ်တယ် ။

အခု ကျားကျောင်းကိစ္စ ဝန်ကြီးချုပ် နဲ့ ဘုန်းကြီးတွေ တင်းမာနေတာ ဘယ်လိုပြေလည်သွားတယ်လို့ မင်းထင်သလဲ . . .?

ဘုန်းကြီးတွေဘက်က တစ်နိုင်ငံလုံးက ဘုန်းကြီးတွေကို စည်းရုံးတယ် အခု ကျားကျောင်း ကို ဥပမာကြည့်ကြ ဒို့ဘုန်းကြီးတွေကို စတင်နှိပ်ကွပ်နေပြီ ဘုန်းကြီးတွေရဲ့ အကျိုးစီးပွားကိုဖျက်စီးနေပြီ ညီညွတ်ကြလို့ စည်းရုံးတယ်

ဒီအခြေအနေ ကို ဝန်ကြီးချုပ်က သိတယ် ဘုရင့်ဥပဒေတိုင်း ဘယ်ဘုန်းကြီးမှ အသာလွတ်ဖမ်းလို့မရဘူး
ဒါကြောင့် ဘုန်းကြီးအားလုံး ကိုစောင့်ကြည့်တယ် ။

ဒီလိုဖြစ်နေတဲ့အချိန်မှာ တစ်တိုင်းပြည်လုံးက ဘုန်းကြီးဘက် ဝန်ကြီးချုပ်ဘက် ဆိုပြီးဘေးမတီးဘူး အသာကြည့်နေတယ် ဒီကိစ္စကို ဘယ်လိုပြေလည်မူရအောင် လုပ်မလဲလို့ ဝိုင်းစဉ်းစားကြတယ် နောက်တော့ အဖွဲ့တစ်ဖွဲ့ပေါ်လာတယ် ဘုန်းကြီးတွေဘက်က ဖြစ်ချင်တာကို ဘုန်းကြီးတွေကိုယ်စား ဝန်ကြီးချုပ် အထိ ရောက်အောင်ပြောပေးမယ်ဆိုပြီး အဲ့ဒီအဖွဲ့က ဘုန်းကြီးတွေကို နားချတယ် ဒါ့အပြင် ဝန်ကြီးချုပ်ကို ဘာကြောင့် ကျားမွေးရတယ် ဆိုတဲ့ အစီရင်ခံစာတစ်စောင် ကို ဘုန်းကြီးတွေကိုယ်စား အဲ့ဒီအဖွဲ့က ရေးပေးတယ် ။ နောက် ဝန်ကြီးချုပ် ဆီရောက်အောင်ပို့တယ် ဝန်ကြီးချုပ်က အစီရင်ခံစာ ဖတ်ပြီးတာနဲ့ ကျားကျောင်းပြန်လည်ထူထောင်ရေးကော်မတီဖွဲ့ပေးတယ် ကျားမွေးစရာမလိုဘဲ သာသနာအလုပ်အေးအေးဆေးဆေးလုပ်နိုင်အောင် ဝန်ကြီးချုပ် ရန်ပုံငွေကနေ
ကျောင်းအတွက် လစဉ်ထောက်ပံ့ငွေပေးမယ်လို့အကြောင်းပြန်တယ် ဒါအပြင် ကျားကျောင်းက ဆရာတော်နဲ့ အခြားဆရာတော်များ ကို ဝန်ကြီးချုပ်ရုံး ကိုပင့်လို့ ဘာကြောင့်ကျားကျောင်းကိုဝင်ဖမ်းရလဲဆိုတာရှင်းပြတယ် အထူးသဖြင့် နိုင်ငံတကာမှ မိမိတို့ယိုးဒယားနိုင်ငံရှိ ဒီကျားကျောင်းကို ထောက်ပြ၍ ဖိအားပေးနေကြောင်း ရှားပါးသဘာဝသားရဲတိရိစ္ဆာန်များရောင်းဝယ်ဖောက်ကားမူကိုတားမြစ်သည့်နိုင်ငံတကာဥပဒေ ကို
မိမိတို့နိုင်ငံမှလက်မှတ်ထိုးထားကြောင်း နိုင်ငံတကာရဲ့ဖိအားကြောင့် လုပ်ပြရတာဖြစ်ကြောင်းကိုနားလည်စေလိုကြောင်း စသည်ဖြင့် ဘုန်းကြီးများနားလည်အောင် ရှင်းပြတယ် ။

ဒါအပြင် ကျားကျောင်း ကို ဘာကြောင့် ဝင်ဖမ်းရသလဲဆိုတဲ့ အစီရင်ခံစာကို ဝန်ကြီးချုပ်ရုံးကနေ တစ်နိုင်ငံလုံးရှိ
ဘုန်းကြီးကျောင်းတိုင်း ကိုပို့လိုက်တယ် ဒီလိုနဲ့ အားလုံးပြေလည်သွားတယ် ။

ဒီနေရာမှာ သူက ရယ်စရာအနေနဲ့ တစ်ခုထည့်ပြောတယ် ဝန်ကြီးချုပ်နဲ့ တွေ့တော့ ကျားကျောင်းက ဆရာတော်တစ်ပါးက သူလက်သတ်မွေးထားတဲ့ကျားကြီးကို မခွဲနိုင်ကြောင်း ကျားကြီးအားတစ်ပတ်တစ်ခါ သူနဲ့ပေးတွေ့ဖို့တောင်းဆိုတယ် ဒါကိုဝန်ကြီးချုပ်က လက်ခံခွင့်ပြုလိုက်တယ် ဒါနဲ့ ကျားကြီးနဲ့ တွေ့ခွင့်တောင်းတဲ့ဆရာတော်က နောက်နေ့ ကျားကြီးရှိရာ သဘာဝဘေးမဲ့တောကို ရောက်လာတယ် ဒီအချိန်မှာ ဘေးမဲ့တောမှ တာဝန်ရှိသူတွေက ကျားကြီးနဲ့မတွေ့ဖို့တားတယ် ဒါကို ဆရာတော်က လက်မခံဘူး ဝန်ကြီးချုပ် ကိုယ်တိုင် ခွင့်ပြုထားတာ ငါကိုမတားနဲ့ ငါ့သားကြီးနဲ့ တွေ့မယ်ဆိုပြီး ပြောမရဖြစ်နေတယ် ဘေးမဲ့တောမှ တာဝန်ရှိသူတွေက ကျားက တောစိတ်ဝင်သွားပြီဖြစ်လို့ အသက်အန္တရာယ်ရှိလို့တားတာဖြစ်ကြောင်းရှင်းပြတယ် ၊ ဆရာတော်က သူမွေးထဲက ငါကိုယ်တိုင်နို့တိုက်လာတာ ငါ့ကိုဘယ်လို လို့အန္တရာယ်ပြုမှာလဲ မတားနဲ့ ငါ့သားကြီးနဲ့သာပေးတွေ့လို့
ဆိုပြီး အတင်းတောထဲဝင်သွားတယ် ၁၀မိနစ်လောက်ကြာတော့ ဆရာတော် သင်္ဃန်းမပါဘဲ တောထဲကနေပြန်ပြေးလာတယ် . . . ဆိုပြီး အားလုံးရယ်ကြတယ် . . . .

သူပြောပြတာ နားထောင်ပြီးတဲ့အချိန် ယိုးဒယားတစ်ယောက် က ကျွန်တော်ကို မေးတယ်

မြန်မာတွေ ဘာလို့ တစ်ယောက်နဲ့ တစ်ယောက် မျက်နှာချင်းဆိုင်ပြီးစကားမပြောကြတာလဲ
ဘာလို့ တစ်ယောက် နဲ့တစ်ယောက် ညှိဖို့ဝန်လေးတာလဲ . . .နောက် အဆိုးဆုံးက ကိုယ်ပြောချင်တာကို
ဘာလို့ မီဒီယာ ကြားခံပြီးပြောတာလဲ မီဒီယာ က ပြန်လည်တင်ပြတဲ့အခါ အဓိပ္ပာယ် တစ်မျိုးဖြစ်စေတာကို
ဘာလို့သတိမထားကြတာလဲ. . . .?

ဘုန်းကြီးတွေဘက်က ဘာလို့ ထစ်ခနဲဆို ဆန္ဒပြဖို့လမ်းကိုသာရွေးတာလဲ
ဘာလို့အင်အားပြချိန်းခြောက်ချင်တာလဲ ၊ ကိုယ့်အဖွဲ့ရဲ့ရပ်တည်ချက်ကို အာဏာရအစိုးရသိအောင်ဘာလို့မတင်ပြတာလဲ ၊ ဘာလို့သဘောပေါက်အောင်ရှင်းပြဖို့မကြိုးစားတာလဲ . . . . .?

ဒီမိုကရေစီ အစိုးရဆိုပြီး ဘာလို့ (လိုတယ် မလိုဘူးဆိုတာကို ) ပါးစပ်စကား နဲ့ လျှောက်ပြောနေတာလဲ
ပြောချင်ရင်လဲ ဘာလို့ လူမှန်သူမှန်ကို မရွေးတာလဲ ၊ ဘာလို့အခြေအနေအချိန်အခါမကြည့်တက်တာလဲ
နောက် ပြသာနာဖြစ်လာရင် ဘာလို့ကြီးတဲ့အထိ စောင့်နေတာလဲ . . .

ပြသာနာဖြစ်စဉ်ကို ရှူမြင်တဲ့အခါ ဘာလို့ ခံစားချက် နာကြီးချက်တွေကို ရှေ့တန်းတင်ပြီးကြည့်တာလဲ
့အစိုးရကိုယ်တိုင်က ကိုယ့်ရဲ့ အခက်အခဲ ဖိအားကို ပြည်သူသိအောင်ရှင်းပြဖို့ ဘာလို့ဝန်လေးတာလဲ
အစိုးရကိုယ်တိုင် တစ်ချို့ဆက်ဆံမူတွေမှာ မတူသလိုမတန်သလို ပုံစံမျိုးလုပ်တာလဲ . . .? အထူးသဖြင့် ရှင်းပြနေစရာမလိုဘူး ၊ ပြန်ရှင်းနေမှာမဟုတ်ဘူး (ပန်းနဲ့ပေါက်သလိုဘဲ. . . . ) . . . .စသည်ဖြင့် . . . .ခလေးဆန်ဆန် အကွက်တွေထုတ်သုံးတာလဲ . . . .?

ဝန်းရံသူ ဝန်းရံသူ ဆိုပြီး ဘာလို ခြေထိုးတဲ့သူ အဆင်းဘီးတက်တဲ့သူပေါတာလဲ. . . . .
ပြသာနာ အတွက် အကောင်းဆုံးအဖြေကို ဝိုင်းမစဉ်းစားဘဲ ဝန်းရံသူ အဆင့်ကနေ ထိုင်အော်နေတာလဲ ? ? ? ? ? ? . . . စသည်ဖြင့်မေးခွန်းပေါင်းများစွာကို ကျွန်တော် ကိုမေးနေတယ် . . . .

ဒါပေမဲ့ သူမေးတဲ့မေးခွန်းတွေ ဖြေဖို့ကျွန်တော်မှာ အဖြေမရှိလို့ ခုပ်ဖုဆိုင် ရဲ့ နံမည်ကြီး ဝက်သဲကြော် ပန်းကန်ကို အနားဆွဲလို့ တစ်ပန်းကန်လုံးကုန်အောင် ထိုင်စားနေမိတယ် . . . .
ဒီည စားခဲ့တဲ့ ဝက်သဲကြော် က ခါးလွန်းအားကြီးတယ် . . . . .

Htain Linn Aung FB
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.