မိုးအဆက်မပြတ် ရွာသွန်း မှုကြောင့် မြစ်ရေတိုး
မန့်ဟီးရိုး ဇူလိုင်လ ၂၅ ရက်
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့နယ်တွင် ဇူလိုင်လ ၂၄ ရက်နေ့နံနက် ၁၀ နာရီ အချိန်က နောင်ခေါ်၊ နောင်ဟင်၊ စိန်တိုက် ကျေးရွာများနှင့် ဇူလိုင်လ ၂၅ ရက်၊ နံနက် ၉ နာရီ ၃၀ အချိန်တို့တွင် တေဇာ၊ တိန်းဟေး၊ တိန်းခါး၊ နောင်ဖိုင်၊ ကောက်ကွတ်၊ မန်ဟော်တုန် ကျေးရွာများသို့ မိုးအဆက်မပြတ် ရွာသွန်း နေမှုကြောင့် ရွှေလီမြစ်ရေ လျှံတက်လာပြီး မြစ်ကမ်းရှိ လယ်ကွင်းများ၊ လူနေအိမ်များ အတွင်း ရေများ ၀င်ရောက် လျှက်ရှိကြောင်း သိရှိရာ မြို့အုပ်ချုပ်ရေးမှူး၊ နယ်မြေရဲစခန်းမှူးနှင့် နယ်ထိန်း အဖွဲ့ဝင်များ၊ မီးသက် ဦးစီးဌာန စသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ မြစ်ရေ၀င်ရောက် သည့် နေရာများအား သွားရောက် ကြည့်ရှု ခဲ့ကြသည်။
အဆိုပါ မြစ်ရေ လျှံတက်မှုကြောင့် လူနေအိမ် အဆောက်အဦများ၊ လူနှင့်တိရိစ္ဆာန်များ၊ ပျက်စီးဆုံးရှုံးမှု မရှိ သော်လည်း အမက(နောင်ခေါ်)၊ အမက(စိန်တိုက်)ကျောင်း (၂)ကျောင်းမှာ ရေများဝင်ရောက် သောကြောင့် ကျောင်းအားခတ္တ ပိတ်ထားကြောင်းနှင့် ကျေးရွာ လမ်းများပေါ်တွင် (၁)ပေကျော်ခန့်နှင့် အနိမ့်ပိုင်းရှိ လူနေ အိမ်များတွင် (၅)လက်မခန့်ရေများ ၀င်ရောက်လျှက်ရှိပြီး ကူးတို့ဆိပ်များမှာလည်း ပိတ်ထား ရသဖြင့် သွားလာရေး ခက်ခဲမှုများ ရှိပါကြောင်း သိရရှိပါသည်။
မြို့နယ်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
COMMENTS