ဗိုလ်ချုပ်ကြေးရုပ်မျက်မှာ မတူတဲ့အတွက် ပြန်ပြင်ရမည်

gen-aungsan-vote-620.jpg
ရှမ်းပြည်နယ် လားရှိုးမြို့မှာထားရှိမယ့် ဗိုလ်ချုပ်ကြေးရုပ်တုကို ပြင်ဆင်ဖို့၊ မပြင်ဆင်ဖို့အတွက် ဇူလိုင်လ ၉ ရက်နေ့က မဲခွဲဆုံးဖြတ်စဉ်
Photo: Kan Thar/RFA
 ရှမ်းပြည်နယ် လားရှိုးမြို့မှာထားရှိမယ့် ဗိုလ်ချုပ်ကြေးရုပ်တု မျက်နှာဟာ ဗိုလ်ချုပ်အောင်ဆန်း မျက်နှာနဲ့ မတူဘူး ဆိုပြီး ဝေဖန်မှုတွေရှိနေတာကြောင့် ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီက မြို့ခံလူထုရဲ့ ဆန္ဒသဘောထားခံ ယူပြီး ကြေးရုပ်ကို ပြင်ဆင်ဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

မြို့ခံ ဒေါ်ခင်ဝင်းနီက ကြေးရုပ်ကို မိမိလေးစားတဲ့ အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံတူပဲဖြစ်စေ ချင်တာကြောင့် ပြင်ဆင်ဖို့ ဆန္ဒပြုခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

သဘောထားခံယူပွဲကို မြို့ခံလူထု ၂၉ဝ ကျော် တက်ရောက်ခဲ့ပြီး မဲလက်မှတ်နဲ့ ဆန္ဒပြုသူ ၂၇၈ ဦးရှိတဲ့အထဲက မပြင်ဆင်ဖို့ ဆန္ဒပြုသူ ၅၄ ဦးနဲ့ ပြင်ဆင်ဖို့ ဆန္ဒပြုသူ ၂၂ဝ ကျော် ရှိတာကြောင့် ကြေးရုပ်ကို ပြန်လည်ပြင်ဆင်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

လားရှိုးမြို့မှာ ပထမဦးဆုံးအကြိမ်ထားရှိမယ့် ဗိုလ်ချုပ်ကြေးရုပ်ကို ဗိုလ်ချုပ်နှစ်ရာပြည့်မွေးနေ့မတိုင်ခင် ဆောင်ရွက် ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့မေလ ၂၃ ရက်နေ့မှာ ကြေးရုပ်သွန်းလုပ်ခဲ့တဲ့ မန္တလေးမြို့ကနေ လားရှိုးမြို့ကို သယ်ဆောင်ခဲ့ တာ ဖြစ်ပါတယ်။

ကြေးရုပ်မျက်နှာပြင်ဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ မတူဘူးဆိုပြီး ဝေဖန်မှုတွေရှိနေသလို ကြေးရုပ်ကို ပြင်ဆင်လို သူတချို့ကလည်း ကြေးရုပ်ပြင်ဆင်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းပုံတူ ကြေးရုပ်တုဖြစ်မြောက်ရေး အဖွဲ့ကို ဖွဲ့စည်းထားပါတယ်။ ဗိုလ်ချုပ်ကြေးရုပ်ကို မြို့ ခံတွေ လေ့လာနိုင်အောင် မြို့တော်ခန်းမမှာ ပြသထားပါတယ်။

ဗိုလ်ချုပ်ကြေးရုပ် အမြင့်ပေဟာ ၈ ပေရှိပြီး ကြေးပိဿချိန်၂ဝဝ နဲ့ ငွေကျပ်သိန်း ၁၅ဝ ကျော် အကုန်အကျခံ သွန်းလုပ်ခဲ့တာဖြစ်ပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.