(၆၉)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား နိုင်ငံတော်သမ္မတရုံးမှ တရားဝင်ညွှန်ကြားချက် ထွက်ရှိလာ


အူလန်ဘာတာ ဇူလိုင် ၁၅

မွန်ဂိုလီးယားနိုင်ငံ အူလန်ဘာတာမြို့တွင် ရောက်ရှိနေသည့် နိုင်ငံတော် သမ္မတ ဦးထင်ကျော်သည် ဒေသစံတော်ချိန် နံနက်(၉)နာရီတွင် (၁၁)ကြိမ်မြောက် အာရှ - ဥရောပ ထိပ်သီး အစည်းအဝေး ကျင်းပမည့် ရှန်ဂရီလာ ဟိုတယ်သို့ ရောက်ရှိရာ မွန်ဂိုလီးယား နိုင်ငံ သမ္မတ အယ်လ်ဘတ်ခ်ဒေါ့ဂ်ျ ဇတ်ခ်ဟီးလ်ယာဒ်က ခင်မင်ရင်းနှီးစွာ ကြိုဆို နှုတ်ဆက် သည်။


အာရှ - ဥရောပ ထိပ်သီး အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားကို ရှန်ဂရီလာ ဟိုတယ် အစည်းအဝေး ခန်းမဆောင်၌ ကျင်းပရာ ထိပ်သီး အစည်းအဝေး ဥက္ကဋ္ဌ မွန်ဂိုလီးယား နိုင်ငံ သမ္မတ အယ်လ်ဘတ်ခ် ဒေါ့ဂ်ျ ဇတ်ခ်ဟီးလ်ယာဒ်၊ ဥရောပ ကောင်စီ ဥက္ကဋ္ဌ ဒေါ်နယ်တက်စ် (Donalld Tusk)၊ နိုင်ငံတော် သမ္မတ ဦးထင်ကျော်၊ ဆလိုဗက် ၀န်ကြီးချုပ် မစ္စတာ ရောဘတ်ဖီလ်ကိုး (Robert Fico)နှင့် နယူးဇီလန် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာမူရေးလ် မက်ခါလီ (MurrayMcCully)တို့က မိန့်ခွန်း ပြောကြား ကြသည်။


မွန်ဂိုလီးယား သမ္မတက ပြောကြားရာတွင် မွန်ဂိုလီးယား နိုင်ငံသည် အာရှနှင့် ဥရောပကြားတွင် သီးသန့် တည်ရှိနေသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါကြောင်း၊ သမိုင်းကြောင်း အရ မွန်ဂိုလီးယားနိုင်ငံသည် ကမ္ဘာပေါ်ရှိ အကြီးမားဆုံး တိုက်ကြီးနှစ်ခုနှင့် ဆက်စပ်နေပြီး ယင်းတိုက် နှစ်တိုက်ကို ဆုံစည်းပေးနိုင် သည့် ကောင်းမွန်သော ရိုးရာဓလေ့ ထုံးတမ်းများလည်း ရှိပါကြောင်း၊ လွန်ခဲ့သော နှစ်ပေါင်း ၈၀၀ ခန့်ကပင် အာရှနှင့် ဥရောပ သံတမန်များသည် မွန်ဂိုလီးယား၏ ရှေးဟောင်း မြို့တော်ဖြစ်သော Kharakhorum ၌ တွေ့ဆုံလေ့ ရှိကြပြီး တိုက်ကြီး နှစ်ခုကြားရှိ ချိတ်ဆက်မှုကို တိုးချဲ့ရန်၊ ကိုးကွယ်ရာ ဘာသာများ အကြား နားလည်မှု မြှင့်တင်ရန်၊ ကုန်သွယ်မှု လုံခြုံ ချောမွေ့စေရန်၊ နည်းပညာ အသစ်များ ဖလှယ်ရန်နှင့် စာပို့ ကွန်ရက် တိုးချဲ့ရန် စသည့် နည်းလမ်းများကို ဆွေးနွေး ခဲ့ကြပါကြောင်း။


မိမိတို့ နိုင်ငံမြေပေါ်မှာ ASEM ထိပ်သီး အစည်းအဝေး တစ်ရပ် လက်ခံ ကျင်းပခွင့်ရခြင်းသည် မွန်ဂိုလီးယား နိုင်ငံသားများ အတွက် ဂုဏ်ယူစရာ တစ်ခု ဖြစ်ပါကြောင်း၊ လွန်ခဲ့သည့် နှစ်နှစ်တာ ကာလအတွင်း မွန်ဂိုလီးယား နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး ထိပ်သီး အစည်း အဝေး အောင်မြင်စွာ လက်ခံ ကျင်းပနိုင်ရန် ဘဏ္ဍာရေး၊ လူသားအရင်း အမြစ်များနှင့် ကျွမ်းကျင်မှုဆိုင်ရာ အကူအညီများ ပေးအပ်ခဲ့သည့် နိုင်ငံများ၊ အဖွဲ့အစည်း များနှင့် ပြည်သူတွေ အားလုံးကို ကျေးဇူးတင် ရှိပါကြောင်း။


ဤ နှစ်ရက်တာ ကာလအတွင်း မိမိတို့၏ အစည်းအဝေး အစီအစဉ် တွင် ဆွေးနွေးရန်နှင့် ဖြေရှင်းရန် ဆိုင်းငံ့ထားသည့် ကိစ္စရပ်များစွာ ရှိနေပြီး အချို့ကိစ္စများကို အဖွဲ့ဝင်နိုင်များ စုပေါင်း ဖြေရှင်းရမည် ဖြစ်ကာ အချို့ကိစ္စ များကို နိုင်ငံ တစ်နိုင်ငံချင်းစီက ဖြေရှင်းရမည် ဖြစ်ပါကြောင်း။

ထို့ပြင် ထိပ်သီး အစည်းအဝေး၏ ဆက်စပ် အစည်းအဝေးများ အပြင် အရေးပါသော နိုင်ငံပေါင်းစုံနှင့် နှစ်နိုင်ငံ အစည်းအဝေးများကို လည်း ပြုလုပ် သွားမည် ဖြစ်ပါကြောင်း၊ အဖွဲ့ဝင် နိုင်ငံများနှင့် မိတ်ဖက်အဖွဲ့အစည်းများကို ကိုယ်စားပြုသည့် တာဝန်ရှိသူများ ၊ ကိုယ်စားလှယ် အဖွဲ့များနှင့် လုပ် ငန်း ဆောင်ရွက်မှု အဖွဲ့များသည် ဤအစည်း အဝေးများတွင် အမြင် ချင်း ဖလှယ်ရန် အတွက် ကောင်းမွန်သည့် ကြိုတင် ပြင်ဆင်မှုများကို လုပ်ဆောင်ခဲ့ မည်ဟု ထင်မြင် ယူဆပါကြောင်း။

(၁၁) ကြိမ်မြောက် ASEM ထိပ်သီး အစည်းအဝေးတွင် အူလန် ဘာတာ ကြေညာချက်နှင့် ဥက္ကဌနိုင်ငံ၏ ထုတ်ပြန်ချက်ကို ထုတ်ပြန် သွားမည် ဖြစ်ပါကြောင်း၊ ယင်းကြေညာချက်နှင့် ထုတ်ပြန်ချက်များသည် ASEM ၏ အတိတ်ကာလ ဆောင်ရွက်ချက်များကို အကဲဖြတ် သွားမည်ဖြစ်ပြီး အနာဂတ် ဆောင်ရွက်ချက်ကို စီစဉ်ရေးဆွဲကာ ဆိုင်းငံ့ထားသည့် ကိစ္စရပ်များ၊ ရရှိနိုင်သည့်အဖြေများနှင့် ပတ်သက်ပြီး လက်ရှိ ဆွေးနွေးမည့် အခြေအနေကို ထင်ဟပ်စေမည် ဖြစ်ပါကြောင်း၊ နောက်ဆက်တွဲ လုပ်ဆောင်ချက်များနှင့် လာမည့်ခြေလှမ်းများ အတွက် စီမံချက် ရေးဆွဲမည်ဟုလည်း မိမိ ယုံကြည် ပါကြောင်း၊ အဖွဲ့ဝင်နိုင်ငံများက ယင်းကိစ္စရပ်များတွင် စိတ်အားထက်သန်စွာ အလေးပေးပြီး အပြုသဘော အဆောင်ဆုံးဖြင့် ပါဝင် ဆွေးနွေးမည် ဆိုသည့် မိမိ၏ မျှော်လင့်ချက်ကို ထပ်လောင်း ပြောကြား လိုပါကြောင်း ပြောကြားသည်။

ဖွင့်ပွဲ အခမ်းအနား အပြီးတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် အာရှ - ဥရောပနိုင်ငံများမှ နိုင်ငံ့ ခေါင်းဆောင်များနှင့်အတူ (၉)ကြိမ်မြောက် အာရှ - ဥရောပပါလီမန် မိတ်ဖက်အဖွဲ့ဝင်များ အစည်းအဝေး (The Ninth Asia- Europe Parliamentary Partnership Meeting - ASEP 9)၊အာရှ - ဥရောပ စီးပွားရေးဖိုရမ် (The Asia-Europe Business Forum - AEBF)၊ ပုံစံသစ် အေဆမ် (Model ASEM)နှင့် အာရှ - ဥရောပ ပြည်သူ့ဖိုရမ် (Asia – Europe People’s Forum - AEPF) တို့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်သည်။

ထို့နောက် မျက်နှာစုံညီ ထိပ်သီး အစည်းအဝေးကို “Two Decades of Partnership: Taking Stock and Looking Ahead” နှင့် “Promoting ASEM Partnership for Greater Connectivity” ခေါင်းစဉ်များဖြင့် ဆက်လက် ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော် ပါဝင် ဆွေးနွေးသည်။

မျက်နှာစုံညီ ထိပ်သီး အစည်းအဝေး အပြီးတွင် နိုင်ငံတော် သမ္မတသည် အာရှ - ဥရောပနိုင်ငံများမှ နိုင်ငံ ခေါင်းဆောင်များနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

ညပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် အာရှ - ဥရောပနိုင်ငံများ မှ နိုင်ငံ ခေါင်းဆောင်များနှင့်အတူ အူလန်ဘာတာမြို့ ဂျင်ဂျစ်ခန် စုပေါင်း ရွက်ထည်တဲ၌ ကျင်းပသည့် မွန်ဂိုလီးယားနိုင်ငံ သမ္မတ၏ မွန်ဂိုရိုးရာ ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်သည်။

အဆိုပါ ညစာစားပွဲ မတိုင်မီ နိုင်ငံတော် သမ္မတသည် မွန်ဂိုလီးယားနိုင်ငံ၏ နာဒမ် ရိုးရာအားကစားပွဲတော်၌ ထည့်သွင်း ကျင်းပသည့် နပန်းပွဲ၊ မြင်း စီးနှင့် မြားပစ်သရုပ်ပြ အစီအစဉ်များကို အာရှ - ဥရောပနိုင်ငံများ မှ နိုင်ငံ ခေါင်းဆောင် များ နှင့်အတူ တက်ရောက် အားပေးသည်။

နာဒမ်ရိုးရာ အားကစားပွဲတော်ကို မွန်ဂိုလီးယား နိုင်ငံ၏ နွေဥတု အလယ်ပိုင်း တွင် နိုင်ငံ တစ်ဝှမ်းလုံး၌ ဆင်နွဲလေ့ရှိပြီး ၂၀၁၀ ပြည့်နှစ်တွင် ယူနက်စကိုက လူသားမျိုးနွယ်တို့၏ ရိုးရာ အမွေအနှစ် အားကစားနည်း အဖြစ် သတ်မှတ် ဖော်ပြခဲ့ သည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.