နိစ် တိုက်ခိုက်မှု အောက်မေ့ဖွယ် ကျင်းပ

နိစ် မြို့မှာ လူထောင်ချီတက်တဲ့ အောက်မေ့ဖွယ် အခမ်းအနား

ပြင်သစ် နိုင်ငံ နိစ် မြို့မှာ ဖြစ်ခဲ့တဲ့ လော်ရီကားနဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသူတွေ အတွက် အောက်မေ့ဖွယ် အခမ်းအနားမှာ ပြင်သစ် ဝန်ကြီးချုပ် မန်ညူရယ် ဗားလ် ကို လူတချို့က ရှုတ်ချ အော်ဟစ် ခဲ့ကြပါတယ်။

ကြာသပတေးနေ့က ဖြစ်ပွားတဲ့ တိုက်ခိုက်မှုကြောင့် လူ ၈၄ ယောက် သေဆုံးခဲ့ရပါတယ်။

သေဆုံးသူတွေ အတွက် အမှတ်တရ ငြိမ်သက်မှု မစခင်မှာ တချို့က သူ့ကို "လူသတ်သမား" ၊ "ရာထူးက ဆင်းပေး" လို့ အော်ဟစ်ခဲ့ကြပါတယ်။

ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လန်းကတော့ ပဲရစ်မြို့မှာ အောက်မေ့ဖွယ် အခမ်းအနားကို ဦးဆောင်ခဲ့ပါတယ်။

လူစုဝေးတဲ့ နေရာတွေနဲ့ နယ်စပ်တွေမှာ ကာကွယ်ရေး ကို ပို အာရုံစိုက် လုပ်ဆောင်သွားမယ်လို့ ပြင်သစ် အစိုးရက ပြောပါတယ်။

အထင်ကရ နေရာတွေ၊ ကမ်းခြေတွေနဲ့ အားကစားပွဲတွေ၊ တခြား ပွဲလမ်းသဘင်တွေကို အရံတပ်တွေ ချပြီး ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။
BBC Burmese
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.