လုံးခင်းကို ကချင်ပြည်နယ် နယ်လုံဝန်ကြီး သွားရောက်စစ်ဆေး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှာ ခွင့်ပြုချက်မရှိပဲ ဆောက်လုပ်ထားတဲ့ အစ္စလာမ် ဘာသာရေးဆိုင်ရာ ယာယီဝတ်ပြုဆောင်တစ်ခု မီးရှို့ခံရတာနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် လုံခြုံရေး နဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်က ဒီကနေ့ သွားရောက်စစ်ဆေးနေပါတယ်။

ဝတ်ပြုဆောင် မီးရှို့ခံရပြီးနောက်ဆက်တွဲ မလိုလားအပ်တာတွေ မဖြစ်ရအောင် ဖားကန့်ဒေသ တည်ငြိမ် လုံခြုံရေးအတွက် ဒေသခံရပ်မိရပ်ဖတွေအပါအဝင် ဌာနဆိုင်ရာတွေနဲ့ သွားရောက် ညှိနှိုင်းဆောက်ရွက်တာဖြစ်တယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ညွန်ကြားရေးမှူး ဦးအေးမောင်ကြည်က ပြောပါတယ်။


ကချင်ပြည်နယ် အိုလမာ သာသနာ့ပညာရှင်များအဖွဲ့ခွဲကလည်း နောက်ထပ်မဖြစ်ပွားစေရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့ နဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ထံ စာတင်ပြဖို့ ညှိနှိုင်းနေကြပါတယ်။

ပြီးခဲ့တဲ့ အစိုးရလက်ထက်က လုံးခင်း-လယ်ပြင် ဥရုချောင်းကူးတံတားစီမံကိန်းမှာပါဝင်တဲ့ အစ္စလာမ် ဘာသာဝင် အင်ဂျင်နီယာတစ်ဦးက အစိုးရခွင့်ပြုချက်မရှိပဲ မူလဘာသာရေး အဆောက်အဦးငယ် တစ်ခုကို တိုက်ခံအဆောက်အဦးကြီးအဖြစ် တည်ဆောက်လိုက်တာလို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေက အဲ့ဒီအဆောက်အဦးအသစ်ကို ဖယ်ရှားပေးဖို့ အကြိမ်ကြိမ် တောင်းဆိုရာကနေ ပြီးခဲ့တဲ့ဇူလိုင်လ ၁ ရက်နေ့က ဖားကန့်ဒေသမှာ ရေမဆေးကျောက်လာရောက်ရှာဖွေနေသူတွေ အများစုပါဝင်တဲ့ လူ ၁၅၀ လောက်က မီးရှို့ဖျက်ဆီးလိုက်တာဖြစ်ပါတယ်။

လောလောဆယ် အခြေအနေတွေ တည်ငြိမ်နေပြီး ပြည်နယ်ရဲတပ်ဖွဲ့၊ ရဲအရံတပ်ရင်း၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက လုံခြုံရေးရယူထားပါတယ်။
Photo: Thurin Naymin/ Facebook ( ကချင်ပြည်နယ် ဖားကန့်မြို့နယ် လယ်ပြင်ကျေးရွာရှိ ၀တ်ပြုသည့် အဆောက်အဦးကို ဇူလိုင်လ ၁ ရက်နေ့က မီးရှို့ ဖျက်ဆီးထားသည်ကို တွေ့ရစဉ် )
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.