ပညာရေးစနစ်ပြောင်းလဲရေး ဆရာ၊ဆရာမများကို အရင်ဆုံးပြောင်းလဲပေးသင့်ဟု ဦးကိုကိုကြီးဆို


မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကို ပြောင်းလဲရန် ကြိုးစားရာတွင် အဓိကကျသည့် ဆရာ၊ ဆရာမများကို အရင်ဆုံးပြုပြင်ပြောင်းလဲပေးသင့်သည်ဟု ၈၈ မျိုးဆက်/ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးကိုကိုကြီး က ပြောသည်။

မြန်မာ့ပညာရေး တိုးတက်မှုအတွက် အထောက်အကူပြုရန် ‘ ငြိမ်းချမ်းရေးအတွက် ပညာရေး ( Education for Peace)’ ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ရန်ကုန်မြို့တော်ရှိ စာပေဗိမာန်၌ ဇူလိုင်လ ၃၀ ရက် နံနက်ပိုင်းက ပြုလုပ်ရာတွင် ၎င်းက ယင်းသို့ ပြောခဲ့ခြင်း ဖြစ်သည်။

“ ပညာရေးပြောင်းလဲဖို့ဆိုတဲ့နေရာမှာ မျိုးဆက်သစ်တွေကို မွေးထုတ်ပေးမယ့် ဆရာ၊ဆရာမတွေကို အရင်ဆုံး ပြောင်းလဲဖို့ လိုအပ်တယ်၊ သင်ရိုးတွေကို သူတို့ကိုယ်တိုင် လေ့ကျင့်ကျက်မှတ်နေဖို့လိုတယ်၊ သူတို့ကိုယ်တိုင် ကျေညက်နေဖို့လိုတယ် ” ဟု ၎င်းက ဆိုသည်။

ထို့ပြင် ပညာရေးစနစ်ပြောင်းလဲမှုအတွက် မူဝါဒရေးဆွဲရာ တွင်နိုင်ငံရေးသမားများအနေနှင့်လည်း နိုင်ငံအတွက် လိုအပ်မည့် အကြံပေး လမ်းညွှန်မှုများကိုသာ ပြုလုပ်သင့်ပြီး အသေးစိတ် ဝင်ရောက်မစွက်ဖက်သင့်ဟု ၎င်းက ထပ်မံပြောဆိုသည်။

နိုင်ငံရေးပြောင်းလဲမှုမှာ ရေရှည်အတွက် လွတ်လွတ်လပ်လပ် ချမှတ်နိုင်သော ပညာရေးမူဝါဒများ ထွက်ပေါ်လာရန် လိုအပ်ပြီး မူဝါဒရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်မည့်သူများမှာ ဒီမိုကရေစီကို အမှန်တကယ်ယုံကြည်ပြီး လွတ်လပ်မှု၊ကွဲပြားခြားနားမှုကို စစ်စစ်မှန်မှန် ယုံကြည်သူများသာ ဖြစ်သင့်သည်ဟု ၎င်းက အကြံပြုပြောဆိုသည်။

ထို့ပြင် ပညာရေးစနစ်ပြောင်းလဲရာတွင် တိုင်းရင်းသားများနှင့် ဘာသာစကား ကွာခြားမှုသည်လည်း အဓိက အရေးထားသင့်သော အချက်တစ်ချက်ဖြစ်ကြောင်း ရှမ်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က ပြောသည်။

အစိုးရအနေဖြင့်လည်း ပညာရေးပြုပြင်ပြောင်းလဲရေးအတွက် ဆွေးနွေးရာတွင် နီးစပ်ရာပညာရှင်များသာမက ပြင်ပပညာရေးနယ်ပယ် အသီးသီးရှိ ပညာရှင်များကို လက်ကမ်းကြိုဆိုကာ ၎င်းတို့၏သဘောထား အမြင်များ ကိုပါ ဖိတ်ခေါ် ထည့်သွင်း စဉ်းစားသင့်ကြောင်း ၎င်းက ဆိုသည်။

‘ ငြိမ်းချမ်းရေးအတွက် ပညာရေး (Education for Peace)’ ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို တက္ကသိုလ် ဆရာ၊ ဆရာမများ သမဂ္ဂက ဦးဆောင် ပြုလုပ်ခြင်းဖြစ်ပြီး ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)မှ ဦးကိုကိုကြီး၊ ရှမ်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်၊ စာရေးဆရာ ဒေါက်တာခင်မောင်ညိုနှင့် ILBC International School ကျောင်းအုပ်ကြီး ဦးတင်မောင်ဝင်းတို့က အဓိက ပါဝင်ဆွေးနွေးခဲ့ကြသည်။

============

The Voice
ဖေ အောင်'s photo.
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.