ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသို့ ဦးစွာသွားမည်

ရန်ကုန်၊ ဇူလိုင်၂၂

သမ္မတအိုဘားမား၏ဖိတ်ကြားချက်အရ အမေရိကန်ပြည်ထောင်စုသို့သွားရောက်မည်ဆိုသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အိမ်နီးချင်းတရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ဦးစွာသွားရောက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီထံမှသိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ တရားဝင်ဖိတ်ကြားချက်အရ ဩဂုတ်လတတိယပတ်အတွင်း ဘေဂျင်းသို့ ဒေါ်အောင်ဆန်းစုကြည်သွားရောက်မည်ဖြစ်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင်ဦးဝင်းထိန်က The Voice သို့ပြောဆိုသည်။

ယင်းအပြင် မလေးရှားနိုင်ငံသို့လည်း သွားရောက်ရန်စီစဉ်မှုများရှိနေပြီး သွားရောက်မည့်နေ့ရက်အတိအကျကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။

သမ္မတသက်တမ်းကုန်ဆုံးမည့် ဇန်နဝါရီလမတိုင်မီ အမေရိကန်ပြည်ထောင်စုသို့လာရောက်ရန် သမ္မတအိုဘားမားက ဒေါ်အောင်ဆန်းစုကြည်ကိုဖိတ်ကြားခဲ့ပြီး စက်တင်ဘာလဝန်းကျင်တွင် သွားရောက်ဖွယ်ရှိကြောင်း အမေရိကန်သတင်းဌာနအချို့က ခန့်မှန်းထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်နှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးသို့ စုံစမ်းမေးမြန်းသော်လည်း အတည်မပြုနိုင်သေးကြောင်းသာပြောဆိုပြီး ဦးဝင်းထိန်ကမူ ဩဂုတ်လတတိယပတ်တွင် သွားရောက်ရန်စီစဉ်နေကြောင်း ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် အစိုးရအဖွဲ့ကိုဦးဆောင်နေပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် အတိုက်အခံခေါင်းဆောင်အဖြစ်ရှိနေချိန် ၂၀၁၂ခုနှစ်က အမေရိကန်ပြည်ထောင်စုသို့ ၁၇ရက်ကြာသွားရောက်ခဲ့ဖူးပြီး ၂၀၁၅ခုနှစ်တွင် တရုတ်နိုင်ငံသို့သွားရောက်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အာဏာရပြီးနောက် သမ္မတဦးထင်ကျော်နှင့်အတူ ဒေါ်အောင်ဆန်းစုကြည် လာအိုနိုင်ငံသို့ ပထမဆုံးအကြိမ်သွားရောက်ခဲ့သည်။

ယင်းနောက် ထိုင်းနိုင်ငံသို့ခရီးဆက်ခဲ့ပြီး ယခုတစ်ဖန် အာဆီယံအစည်းအဝေးများကျင်းပနေသည့် လာအိုနိုင်ငံသို့ ဒေါ်အောင်ဆန်းစုကြည် ထပ်မံသွားရောက်လျက်ရှိသည်။

The Voice
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.