ကလေးများ ယာဉ်အန္တရာယ်ကြုံတွေ့နေ ရခြင်းနှင့် နိုင်ငံ၏ဂုဏ်သိက္ခာကျ ဆင်းစေနိုင်ခြင်းတို့ကြောင့် ဘုရားဖူးယာဉ်ပေါ်မှ ငွေပစ်ချလှူဒါန်းခြင်းမပြုရန် တားမြစ်မည်

ရန်ကုန်၊ ဇူလိုင် ၂-ဘုရားဖူးယာဉ်များ ပေါ်မှ ပိုက်ဆံပစ်ချလှူဒါန်းခြင်း မပြုလုပ်ရန် တားမြစ်သွား မည်ဖြစ် ကြောင်း ပြည်တွင်း ဘုရားဖူးနှင့် ခရီး သွားဝန်ဆောင်မှုအသင်းထံမှ သိရ သည်။

လာမည့်တောင်ပြုန်းပွဲတော် ချိန်ဖြစ်သည့် သြဂုတ် ၁၁ ရက်မှစတင် ၍ ပြည်တွင်းဘုရားဖူးခရီးသွားလုပ် ငန်းများထံ တားမြစ်စာပေးပို့သွား မည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ တားမြစ်စာထုတ်ပြန် ရခြင်းမှာ ဘုရားဖူးယာဉ်ပေါ်မှ အလှူ ငွေများ ပစ်ချလှူဒါန်းခြင်းကြောင့် ငွေ လိုက်လံကောက်သည့် ကလေးများ ယာဉ်အန္တရာယ်ကြုံတွေ့နေရခြင်းနှင့် နိုင်ငံ၏ ဂုဏ်သိက္ခာ ကျဆင်းစေနိုင် ခြင်းတို့ကြောင့်ဖြစ်ကြောင်း ပြည်တွင်း ဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှု အသင်းဥက္ကဋ္ဌ ဦးသန်းဌေးက ဇူလိုင် ၂ ရက်တွင် ပြောသည်။

ဘုရားဖူးတဲ့သူတွေက သူတို့လှူ ချင်တဲ့ သဒ္ဓါတရားကျပြီးတော့ ကား ပေါ် ကနေ ပိုက်ဆံကိုချလှူလိုက်တယ်။ နောက်ကားက ပိုက်ဆံချလှူတာကို မမြင်လိုက်တာမျိုးတွေကြောင့် ပိုက် ဆံလိုက်ကောက်တဲ့ ကလေးတွေကို တိုက်မိတာတွေ ခဏခဏဖြစ်နေ တယ်" ဟု ၄င်း က ပြောသည်။

ဘုရားဖူးယာဉ်ပေါ်တွင်လိုက်ပါ သည့် ယာဉ်လိုင်းတာဝန်ခံက ယင်း ကဲ့သို့ ပိုက်ဆံပစ်ချလှူဒါန်းခြင်းကို မပြုလုပ်ရန် ပြောပေး ရန်နှင့် ကလေး များ ယာဉ်အန္တရာယ်ကြုံတွေ့ရသည့် အကြောင်းအရာများကို ရှင်းလင်း ပြော ကြားပေးရန် အသိပေးအကြောင်း ကြားစာကို ပေးပို့သွား မည်ဖြစ်ကြောင်း သိရသည်။

ပုဂံသို့ဘုရားဖူးထွက်ခဲ့သူ ဦးလွင် က " ကလေးတွေ လမ်းမှာလိုက်တောင်း နေကြတယ်။ တွေ့တော့ သနားတော့ ပေးချင် တယ်။ ပေးလိုက်ရင် သူတို့ ကိုယ်သူတို့ အားကိုးချင်စိတ်ပျောက် သွားပြီး အနာဂတ်ပျောက်သွားမယ်။ ရမှန်းသိတော့ အကျင့်တွေလည်းပျက် စီးတယ်။ ဒါကြောင့် သူတို့တွေကို အား မပေးသင့်ဘူး" ဟုပြောသည်။

လာမည့်ခရီးသွားရာသီတွင် ဘုရားဖူးယာဉ်ပေါ်မှ အမှိုက်စွန့်ပစ် ခြင်း၊ တည်းခိုသည့်နေရာများတွင် စနစ်တကျ အမှိုက်စွန့်ပစ်ရန်နှင့် အ မှိုက်ကောက်ရန်တို့ကိုပြောပြပေးမည့် ကားတာဝန်ခံကောင်းများကို မွေး ထုတ်ပေးနေကြောင်း ပြည်တွင်းဘုရား ဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်း မှ သိရသည်။

" ယာဉ်ပေါ်ပါတဲ့ ဘုရားဖူးခရီး သည်တွေကို အမှိုက်စည်းကမ်းတကျ ပစ်ဖို့ တာဝန် ခံတွေကပြောပေးမယ်။ ငါးယောက်လောက်ပဲ လက်ခံလုပ်ပေး မယ်ဆိုရင်တောင် အများကြီးတန်ဖိုး ရှိပါမယ်။ နောက်ပိုင်း ပိုက်ဆံပစ်ချ တဲ့ကိစ္စတို့ အမှိုက်စွန့်ပစ်တဲ့ကိစ္စတွေ က နောက်ပိုင်းမှာ ပျောက်သွားပါလိမ့် မယ်" ဟု ၎င်း ကပြောသည်။

အဆိုပါအကြောင်းကြားစာကို ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန် ဆောင် မှုအသင်းဝင် လုပ်ငန်းရှင်များ အပြင် အသင်းဝင်မဟုတ်သည့် လုပ် ငန်းရှင် များထံပါ ပေးပို့သွားမည်ဖြစ် ကြောင်း သိရသည်။

ပြည်တွင်းဘုရားဖူးခရီးသွား ၀န်ဆောင်မှုလုပ်ငန်းရှင်ပေါင်း ၆၀၀ ၀န်းကျင် ရှိပြီး ယခုအခါ ပြည်တွင်း ဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှု အသင်းဝင်ထား သည့် လုပ်ငန်းရှင် ၂၀၀ ခန့်ရှိကြောင်းသိရသည်။

TTMT
‪#‎Democracytoday‬
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.