အော်ရီဒူးမြန်မာရဲ့ခုဖြေခုထော အစီအစဉ် ယာယီရပ်ဆိုင်းခံရ

တယ်လီဖုန်းသုံးစွဲသူတွေကြား ဝေဖန်မှုတွေရှိနေတဲ့ အော်ရီဒူးမြန်မာရဲ့ "ခုဖြေခုထော" အစီအစဉ်ကို ယာယီရပ်ဆိုင်းဖို့ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက မနေ့က ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။

ပရိုမိုးရှင်းအစီအစဉ် ပြုလုပ်မယ်ဆိုတာကို ကြိုတင်အကြောင်းကြားခဲ့ခြင်းမရှိခဲ့သလို ပြည်သူတွေ အကြား တုန့်ပြန်မှုမကောင်းတဲ့အတွက် ယာယီရပ်ဆိုင်းဖို့ စာထုတ်တာဖြစ်တယ်လို့ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေ က ပြောပါတယ်။

အဲ့ဒီအစီအစဉ်ဟာ ဆက်သွယ်ရေးဥပဒေနဲ့ ကိုက်ညီမှုရှိ/မရှိအပြင် တခြားဥပဒေတွေနဲ့ ညီညွတ်မှုရှိ/ မရှိ ကို စစ်ဆေးသွားမှာဖြစ်တယ်လို့လည်း ဦးမျိုးဆွေ က ပြောပါတယ်။

ဆက်သွယ်ရေး အော်ပရေတာတွေအနေနဲ့ ဖုန်းခေါ်ဆိုခတွေနဲ့ပတ်သက်ပြီး ပြောင်းလဲကောက်ခံမယ် ဆိုရင် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနကို တစ်လကြိုတင်အကြောင်းကြားရမှာဖြစ်ပြီး ကာလတို ပရိုမိုးရှင်းပြုလုပ်မယ်ဆိုရင် ၁၀ ရက်ကြိုတင် အကြောင်းကြားရမှာဖြစ်ကြောင်း ဆက်သွယ်ရေး ဥပဒေမှာ ပါရှိတာ ဖြစ်ပါတယ်။

"ခုဖြေခုထော" အစီအစဉ်ဟာ ကျပ်သိန်းသုံးထောင်ကျော်ဖိုး ဆုမဲတွေ ပါဝင်ပြီး ဖုန်းမက်ဆေ့ခ်ျ ကနေ ဥာဏ်စမ်းမေးခွန်းတွေကို ဖြေဆိုရတာဖြစ်ပါတယ်။ အဖြေမှန်ရရတဲ့ အမှတ်ကို စုပေါင်းပြီး သတ်မှတ်ထားတဲ့ အမှတ်ကို ရောက်ရှိအောင် ဖြေဆိုရတာဖြစ်ပါတယ်။ ဥာဏ်စမ်းမေးခွန်းတွေကို ပြန်ဖြေတဲ့ မက်ဆေ့ခ်ျ တစ်စောင်ဟာ ငွေ ၂၀၀ ကျပ် ကျသင့်တာ ဖြစ်ပါတယ်။

အဲ့ဒီအစီအစဉ်ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ရက်နေ့လောက်ကစတင်တာဖြစ်ပြီး အော်ရီဒူးဖုန်းသုံးစွဲသူတွေ ပါဝင်နိုင်တာဖြစ်ပါတယ်။ ပြည်သူတွေအကြားမှာ ဝေဖန်ပြောဆိုမှုတွေ အမျိုးမျိုးထွက်ပေါ်နေတဲ့ အစီအစဉ်လည်း ဖြစ်ပါတယ်။

ဆုကြီးအနေနဲ့ ငွေကျပ်သိန်း ၃၀၀ ရရှိမှာဖြစ်ပြီး နေ့စဉ်အတွက် ငွေကျပ်သိန်း ၃၀ ပေးသွားမှာ ဖြစ်သလို အပတ်စဉ်အနေနဲ့ စမတ်ဖုန်းနဲ့တက်ဘလက်တွေကိုလည်း ကံစမ်းမဲဖောက်ပေးသွားမှာ ဖြစ်တယ်လို့ အော်ရီဒူးမြန်မာက ကြေညာထားတာ ဖြစ်ပါတယ်။

Photo: Ooredoo Myanmar/ Facebook ( အော်ရီဒူးမြန်မာရဲ့ခုဖြေခုထော အစီအစဉ်ကြော်ငြာကို တွေ့ရစဉ် )
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.