ဘာသာရေး အထွတ်အမြတ် မဒီနာမြို့မှာ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွား



ဆော်ဒီအာရေးဘီးယား နိုင်ငံ၊ မဒီနာမြို့ရှိ အသေခံ ဗုံးခွဲမှု ဖြစ်ပွားခဲ့သည့် နေရာကို ဂျူလိုင်လ ၄ရက်နေ့ က တွေ့ရစဉ်။ ဓါတ်ပုံ - (Courtesy of Noor Punasiya via AP)
ဆော်ဒီ အာရေးဘီးယား နိုင်ငံ၊ Medina မြို့က အစ္စလာမ်ဘာသာဝင်တွေအတွက် ဘာသာရေးအရ အထွဋ်မြတ်ဆုံး နေရာတခု ဖြစ်တဲ့ Prophet's Mosque ဗလီ အပြင်က စစ်ဆေးရေး ဂိတ်မှာ အသေခံဗုံးခွဲသူ တယောက်က ဗုံး ဖေါက်ခွဲ တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ခိုက်သူ အထဲမဝင်နိုင်အောင် တားဆီးခဲ့ကြတဲ့ လုံခြုံရေး အရာရှိ ၄ ယောက် သေဆုံးခဲ့တဲ့ အပြင် ၅ ယောက်ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ Saudi ပြည်ထဲရေး ဝန်ကြီးဌာနက ပြောပါတယ်။

အေဒီ ၆၃၂ ခုနှစ်မှာ ကွယ်လွန်သွားတဲ့ တမန်တော် မိုဟာမက်ကို မြှုပ်နှံထားတဲ့ Prophet’s ဗလီဟာ အစ္စလာမ် ဘာသာဝင်တို့အတွက် ဒုတိယမြောက် အထွဋ်မြတ်ဆုံး ဘာသာရေး အဆောက်အဦးဖြစ်ပါတယ်။

နှစ်စဉ် Mecca ဘုရားဖူး လာကြတဲ့ ကမ္ဘာတဝန်းက မွတ်ဆလင်သန်းပေါင်းများစွာ သွားရောက် ဝတ်ပြုကြတဲ့ ဗလီလဲဖြစ်ပါတယ်။ ဆော်ဒီ အာရေးဘီးယားနိုင်ငံ တခြားနေရာ ၂ ခုမှာလဲ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။ တခုက နိုင်ငံ အရှေ့ပိုင်း Qatif မြို့က ရှိရာဗလီတခုမှာ အသေခံ ဖေါက်ခွဲမှုဖြစ်ပြီး တခြား သေဆုံးသူရှိတယ် လို့တော့ မသိရပါဘူး။

အစောပိုင်း ကတော့ နိုင်ငံ အနောက်ပိုင်း Jeddah မြို့က အမေရိကန် ကောင်စစ်ဝန် ရုံးနားမှာ အသေခံသူက ဗုံးခွဲတိုက်ခိုက်ခဲ့တယ် လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ပြောပါတယ်။ အမေရိကန် အမှုထမ်းတွေထဲမှာ ထိခိုက်သေဆုံးသူ မရှိဘူးလို့ သံရုံး ထုတ်ပြန်ခဲ့ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.