ပြင်သစ်နဲ့ဂျာမနီ ဆီမီးဖိုင်နယ်မှာတွေ့မည်


ပြင်သစ် Paul Pogba ခေါင်းတိုက်သွင်းစဉ်။ (ဇူလိုင် ၃၊ ၂၀၁၆)
ပြင်သစ် Paul Pogba ခေါင်းတိုက်သွင်းစဉ်။ (ဇူလိုင် ၃၊ ၂၀၁၆)
ဥရောပချံပီယံဖလား ဘောလုံးပြိုင်ပွဲရဲ့ နောက်ဆုံး ကွာတားဖိုင်နယ်ပွဲစဉ်ကို အိမ်ရှင် ပြင်သစ်အသင်းနဲ့ Iceland အသင်း တနင်္ဂနွေနေ့က ကစားကြတာမှာ အိမ်ရှင် ပြင်သစ်အသင်းက ၅ ဂိုး၊ ၂ ဂိုးနဲ့ အပြတ်အသတ် အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်သွားပြီ ဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်မှာတော့ ပြင်သစ်အသင်းဟာ နံမည်ကြီး ဂျာမနီအသင်းနဲ့ ကြာသပတေးနေ့မှာ ကစားကြမှာဖြစ်ပါတယ်။

ပွဲစဉ် အစကနေ အဆုံးအထိ အိမ်ရှင် ပြင်သစ်အသင်းက ဖိပြီး အချိန်အဆက်မိမိကစားသွားခဲ့ကြတာကြောင့် အင်္ဂလန်အသင်းကို အနိုင်ရပြီး ဆင်ဒရဲလား ဇာတ်လမ်းလို ရုတ်တရက် နံမည်ကြီးသွားခဲ့တဲ့ Iceland အသင်းဟာ ကစားကွက်ပြက်ပြီး ခံစစ်သာသာနဲ့သာ ပြန်ကစားခဲ့နိုင်ပါတယ်။

ပထမပိုင်းမှာ ပြင်သစ်အသင်းက ၄ ဂိုး၊ ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ရာက ဒုတိယပိုင်းမှာ Iceland အသင်းက ချေပဂိုး ၁ ဂိုး ပြန်သွင်းနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ပြင်သစ်အသင်းက နောက်ထပ် တဂိုး ထပ်သွင်းလိုက်နိုင်ပြီး Iceland အသင်းကလည်း တဂိုး ပြန်သွင်းနိုင်ခဲ့တာကြောင့် ၅ ဂိုး၊ ၂ ဂိုးနဲ့ ပွဲစဉ်ကို အဆုံးအဖြတ် ပေးလိုက်တာ ဖြစ်ပါတယ်။
ယူရို ၂၀၁၆ ကွာတာဖိုင်နယ်ကို အားပေးနေတဲ့ ပြင်သစ်ပရိသတ်။ (ဇူလိုင် ၃၊ ၂၀၁၆)
ယူရို ၂၀၁၆ ကွာတာဖိုင်နယ်ကို အားပေးနေတဲ့ ပြင်သစ်ပရိသတ်။ (ဇူလိုင် ၃၊ ၂၀၁၆)
အရင် ပွဲစဉ်တွေ အစပိုင်းမှာ ခပ်နှေးနှေးသာစခဲ့လေ့ရှိတဲ့ ပြင်သစ်အသင်းက အခုပွဲစဉ် ပထမပိုင်း ၄၅ မိနစ်အတွင်းမှာတင် ၄ ဂိုး သွင်းလိုက်နိုင်တာဟာ ဥရောပချန်ပီယံဖလား ပြိုင်ပွဲအတွင်း ဂိုးသွင်းနိုင်မှု အများဆုံး ဖြစ်ပါတယ်။

ကြာသပတေးနေ့ည မြန်မာစံတော်ချိန် ၁ နာရီခွဲမှာ ဂျာမနီအသင်းနဲ့ ဆီမီးဖိုင်နယ် ကစားတဲ့အခါမှာတော့ ပြင်သစ်အသင်းအနေနဲ့ Iceland အသင်းနဲ့ ကစားခဲ့တာထက် ပိုပြီး ခက်ခဲတဲ့ ပွဲစဉ်နဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ခန့်မှန်း ပြောဆိုနေကြပါတယ်။
Portugal နဲ့ Wales အသင်းတို့ကတော့ ပထမ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ်နဲ့ ဗုဒ္ဓဟူးနေ့ည မြန်မာစံတော်ချိန် ည ၁ နာရီခွဲမှာ ကစားကြမှာဖြစ်ပါတယ်။
VOA Burmese News

COMMENTS

Name

art,1,article,1293,cartoon variety,22,crime,60,culture,1,documentary,7,Entertainment,5,health,30,history,2,international,6906,interview,211,knowledge,7,Live,8,LocalNews,14980,news,2842,opinion,757,photos,202,poem,115,satires,38,song,12,speech,12,sports,132,statement,59,technic,52,translate,33,video,1065,voice,76,
ltr
item
dawnmanhon: ပြင်သစ်နဲ့ဂျာမနီ ဆီမီးဖိုင်နယ်မှာတွေ့မည်
ပြင်သစ်နဲ့ဂျာမနီ ဆီမီးဖိုင်နယ်မှာတွေ့မည်
http://gdb.voanews.com/0F761012-6616-4A84-BD6B-FB4ED689A57A_cx5_cy4_cw95_w987_r1_s_r1.jpg
dawnmanhon
http://www.dawnmanhon.com/2016/07/blog-post_93.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2016/07/blog-post_93.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy