ဗိုလ်စွဲရန် ပြင်သစ် ရေပန်းစားနေသော်လည်း ပေါ်တူဂီတွင်လည်း အခွင့် အရေးရှိ ဟု စီရော်နယ်ဒို ဖွင့်ဟ၊ ယူရို ၂ဝ၁၆ ဗိုလ်လုပွဲတွင် ကွင်းလယ်ဒိုင် အဖြစ် မာ့ခ်ကလင်တန်ဘတ် တာဝန်ယူ ကြီးကြပ်မည်

ယူရို ၂ဝ၁၆ ဗိုလ်လုပွဲတွင် အိမ်ရှင် ပြင်သစ်အသင်းဗိုလ်စွဲရန်ရေပန်း စားနေသော်လည်း မိမိ၏ပေါ်တူ ဂီအသင်းမှာလည်း ဗိုလ်စွဲနိုင်ချေရှိ ကြောင်း၊ မိမိအတွက် ချန်ပီယံဖြစ်ရန်အိပ်မက်မှာ လက်တွေ့အ ကောင် အထည်ပေါ်နိုင်ကြောင်းဖြင့် ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုက ယူအီးအက်ဖ်အေဝက်ဘ်ဆိုက်သို့ ပြောကြားသွားခဲ့သည်။ စီရော်နယ်ဒိုသည် ယူရို ၂ဝဝ၄ ပြိုင်ပွဲတွင် ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့သော်လည်း ဂရိကို ၁-ဝ ဂိုးဖြင့် ရှုံးနိမ့်ခဲ့၍ ချန် ပီယံဆုနှင့်ဝေးကွာခဲ့ရပြီး ယခုတစ်ကြိမ်ဗိုလ်လုပွဲတက်ရောက်ရာ၌ ယူရိုချန်ပီယံဆုကိုအရယူရန် ဆန္ဒပြင်းပြနေခြင်းဖြစ်သည်။ ထို့ပြင် စီရော်နယ်ဒိုက ကလပ်အသင်းနှင့် အတူ အောင်မြင် မှုများစွာ ရယူထားနိုင်သော်လည်း လက်ရွေးစင် အသင်းနှင့် အောင်မြင်မှုရယူရန်လည်း စိတ်အားထက်သန် နေကြောင်း ဖွင့်ဟသွားခဲ့သည်။

''ကလပ်အသင်းနဲ့ တစ်ဦးချင်းစွမ်းဆောင်ရည်မှာ အောင်မြင် မှုများစွာရယူထားနိုင်ပေမယ့်လည်း လက်ရွေးစင်အသင်းနဲ့ အောင်မြင်ခဲ့ရင် ပိုပြီးကောင်းမွန်ပါလိမ့်မယ်။ အဲဒီအခွင့်အရေးကို ဒီတစ်ကြိမ် လက်တွေ့ အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ ကျွန် တော်အပါအဝင် ပေါ်တူဂီတစ်နိုင်ငံလုံးလည်း မျှော်လင့်နေပါလိမ့်မယ်။ အကောင်းဘက်ကပြောမယ်ဆိုရင် ပြင်သစ်နဲ့ကစားမယ့်ဗိုလ်လုပွဲမှာ အိမ်ရှင်အသင်းက ဗိုလ်စွဲဖို့ရေ ပန်းစားနေ တယ်ဆိုပေမယ့်လည်း ကျွန်တော်တို့လည်း ချန်ပီယံဖြစ်ဖို့ မျှော်လင့်နိုင်ပါတယ်''ဟု ပေါ်တူဂီတိုက်စစ်မှူးစီရော် နယ်ဒိုက ပွဲမတိုင်မီပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းခန်း၌ ဖြေကြားခဲ့သည်။
Yangon Media Group
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.