မိုင်းနင်းမိပြီး သားအဖနှစ်ဦး ဒဏ်ရာအပြင်းအထန်ရ


မိုင်းနင်းမိပြီး ဒဏ်ရာရခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ကျောင်းစုကျေးရွာက သားအဖနှစ်ဦးကို လားရှိုးဆေးရုံးမှာ ဇူလိုင်လ ၁၈ ရက်နေ့ကတွေ့ရစဉ်။ Photo: Kan Thar/RFA
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ကွန်ဟောက်ကျေးရွာမှာ ဒေသခံသားအဖနှစ်ဦး မနေ့က မိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန် ရရှိထားတာကြောင့် လားရှိုးမြို့နယ်ဆေးရုံမှာ ဆေးကုသနေပါတယ်။

ကျောင်းစုကျေးရွာကနေ ထင်းရှူးပင်ခုတ်ဖို့ သွားရာလမ်းမှာ မိုင်းနင်းမိတာဖြစ်ပြီး လက်နဲ့ခြေထောက်တွေမှာ ဒဏ်ရာရရှိထားတာဖြစ်တယ်လို့ ဆေးရုံပို့ဆောင်ပေးခဲ့တဲ့ သီပေါဇာတ်စုလူငယ်အဖွဲ့ က ကိုမျိုး က ပြောပါတယ်။

ဒဏ်ရာရရှိထားသူနှစ်ဦးကို လားရှိုးဆေးရုံ အရေးပေါ်ဌာနကနေ အရိုးကုသဆောင်ကို လွှဲပြောင်းပေးထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် နဲ့ ကျောက်မဲမြို့နယ်တွေမှာ အစိုးရတပ်မတော်၊ RCSS/SSA နဲ့ TNLA တပ်တွေ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံတွေ မကြာခဏဆိုသလို မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာ ရတာတွေ သေဆုံးတာတွေ ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ မေလ ၁ရက်နေ့ကလည်း ကျောက်မဲမြို့ နယ် ကွန်ကော်ရွာနဲ့ ကောင်နိမ့်ရွာကြားမှာ ဒေသခံတချို့ မိုင်းနင်းမိတာကြောင့် ဒေသခံ ၂ ဦး သေဆုံးခဲ့ပါတယ်။

မိုင်းနင်းမိတာတွေ မကြာခဏဖြစ်နေတာကြောင့် ဒေသခံတွေဟာ တောင်ယာလုပ်ဖို့၊ အသီးအရွက်ခူးဖို့ ကြောက် လန့်နေကြရတယ်လို့ ပြောကြပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.