မိနစ်(၉၀)အတွင်း ပထမဆုံးနိုင်ပွဲနဲ့ ဖိုင်နယ်တက်တဲ့ ပေါ်တူဂီ

ယူရို-၂၀၁၆ ပထမဆီမီးဖိုင်နယ်ပွဲအဖြစ် ပေါ်တူဂီနှင့် ဝေးလ်စ်အသင်းတို့ ရင်ဆိုင်ကစားခဲ့ပြီး ပေါ်တူဂီအသင်းက ဒုတိယပိုင်းသွင်းဂိုးများကြောင့် (၂-၀)ဂိုးနဲ့အနိုင်ရရှိကာ ယူရိုဗိုလ်လုပွဲကို သမိုင်းတစ်လျှောက် ဒုတိယအကြိမ်မြောက် တက်လှမ်းနိုင်ခဲ့ပါတယ်။

ထောင့်ကန်ဘောကတစ်ဆင့် ဂယ်ဟယ်ရိုကန်တင်ပေးတာကို စီရော်နယ်လ်ဒို က (၅၀)မိနစ်မှာ ခေါင်းတိုက်ကာ ပထမဂိုးသွင်းယူခဲ့ပြီး (၃)မိနစ်အကြာမှာပဲ
စီရော်နယ်လ်ဒို၏ကန်ချက်ကို နာနီက လမ်းကြောင်းပြောင်းကာ ဒုတိယဂိုး
ထပ်သွင်းခဲ့ပါတယ်။

အခုပွဲမှာ စီရော်နယ်လ်ဒို တစ်ဂိုးသွင်းယူနိုင်ခဲ့လို့ ပြင်သစ်ဂန္ထ၀င်တိုက်စစ်မှူး
ပလာတီနီ စံချိန်တင်ထားတဲ့ ပြိုင်ပွဲသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး (၉)ဂိုးစံချိန်ကို အမီလိုက်နိုင်ခဲ့ပါတယ်။ ပေါ်တူဂီအသင်းကတော့ ပြိုင်ပွဲသမိုင်းမှာ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တဲ့ ယူရို-၂၀၀၄ ပြိုင်ပွဲမှာ ဖိုင်နယ်တက်ခဲ့ပြီးနောက် ဒုတိယအကြိမ်မြောက် ဗိုလ်လုပွဲအဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။
Eleven Media Group
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.