အများပိုင်ယာဉ်လိုင်း BRT ပေါ်တွင် ယာဉ်စီးခမပေးသူများအပြင် မစင်စွန့်ပစ်သည်အထိ စည်းကမ်းမဲ့မှုများရှိလာ

ရန်ကုန်မြို့တွင်းပြေးဆွဲနေသော အများပိုင်ယာဉ်လိုင်း BRT-Lite ကားများပေါ်တွင် ယာဉ်စီးခမပေးသူများအပြင် မစင်စွန့်ပစ်သည်အထိ စည်းကမ်းမဲ့မှုများ ရှိလာနေပြီဖြစ်ကြောင်း ရန်ကုန် ဘတ်စ်ကား အများပိုင်ကုမ္ပဏီဥက္ကဋ္ဌ ဒေါက်တာ မောင်အောင်က News Watch သို့ ဇူလိုင် ၁၄ ရက်တွင် ပြောသည်။

အဆိုပါယာဉ်များပေါ်တွင် ကွမ်းမစားရ၊ ဆေးလိပ်မသောက်ရ၊ အစားအသောက်မစားကြရန် အသိပေးစာသားများ ရေးသားထားသော်လည်း အချို့သော ခရီးသည်များ လိုက်နာမှုအားနည်းနေသည့်အပြင် အများပိုင်နှင့်သက်ဆိုင်သည့်ပစ္စည်းများ ပျက်စီးရာပျက်စီးကြောင်း လုပ်ဆောင်နေသူအချို့ရှိနေသည်ဟု ၎င်းက ပြောသည်။

ယာဉ်ကြောပိတ်ဆို့မှုနှင့် ယာဉ် နောက်လိုက်များ၏ မချေမငံဆက်ဆံမှုများ ကြုံတွေ့နေရသည့်အတွက် လက်ရှိ ဘတ်စ်ကားစနစ်ပြောင်းလဲပေးရန် ရန်ကုန် ဘတ်စ်ကား အများပိုင်ကုမ္ပဏီနှင့် BRT-Lite ပေါ်ပေါက်ရေးကြိုးပမ်းခဲ့ကြောင်း၊ သို့သော်လည်း မမှန်မကန်သည့်နည်းများဖြင့် ယာဉ်စီးခအပြည့်မပေးသူများကို CCTV တွင် တွေ့မြင်ရသကဲ့သို့ မှတ်တိုင် (၆)ခု ဖျက်ဆီးခံရသည့်အပြင် ကားပေါ်တွင် အညစ်အကြေး (မစင်ပါချသည်အထိ) စွန့်ပစ်ကြသည်အထိရှိလာကြောင်း ဒေါက်တာမောင်အောင်က ပြောကြားသည်။

''တချို့ကျတော့ အစားတွေလည်း စားတာပေါ့။ အမှန်က စားလို့မရဘူး။ ဒါမျိုးတွေက အစပေါ့။ အခုကတော့ ဒါမျိုးတွေ မလုပ်ဖို့ မေတ္တာရပ်ခံထားတယ်။ မေတ္တာရပ်ခံတဲ့အဆင့်ပြီးသွားပြီ။ နောက်တဆင့်ကတော့ ထိရောက်စွာ အရေးယူရမှာပါ'' ဟု ဒေါက်တာမောင်အောင်က ပြောသည်။

လက်ရှိ အမှတ်စဉ် (၁) ခရီးစဉ်တွင် ၂၁ စီးနှင့် အမှတ်စဉ် (၂)ခရီးစဉ်တွင် ၂၄ စီး စုစုပေါင်း ကားအစီးရေ ၄၅ စီးဖြင့် ပြေးဆွဲလျက်ရှိရာ ထပ်မံ၍ ဇူလိုင်လကုန်တွင် အမှတ်စဉ် (၃)ခရီးစဉ်ကို ကားအစီးရေ ၂၀ ဖြင့် ပြေးဆွဲရန် စီစဉ်နေကြောင်း သိရ သည်။ ''အခုဆိုရင် စီစီတီဗွီလေးလုံးကလည်း ကြည့်လို့ရနေပြီ။ ဘယ် သူကဘယ်လိုမဟုတ်တာလုပ်လဲပေါ့။ စနစ်တွေလည်း ပြင်နေတယ်။ စက်ကလည်း မြန်မာလိုဖြေတဲ့စနစ်ကို လုပ်နေတယ်။ ယာဉ်အကူတယောက်ထည့်ထားတယ်။ ယာဉ်မောင်းကိုလည်း မိုက်စနစ်တပ်ဆင် ပေးထားတယ်။ စီစီတီဗွီတပ်တယ်''ဟု ဒေါက်တာမောင်အောင်က ပြောသည်။

ကိုလင်းလင်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.