ထီးခီးဂိတ်ပိတ်ခိုင်းမှု (KNLA) စစ်ဆင်ရေးမှူး (JMC - S) ဒုဥက္ကဌ (၁) တာဝန်မှနှုတ်ထွက်

ဇူလိုင် - ၂ - ၂၀၁၆

ကရင်အမျိုးသားအစည်းအရုံး ဘိတ်/ထားဝယ်ခရိုင်ရှိ ထီးခီးအကောက်ဂိတ်ကို မြန်မာစစ်တပ်၏ ထီးထနည်းဗျူဟာမှူးက ၃ ရက်အတွင်းပိတ်ရန် အမိန့်ပေးခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ (KNU) တပ်မဟာ ၄ ၏ စစ်ဆင်ရေးမှူးဗိုလ်မှူးကြီးမူကယ်သည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC - S) ဒုဥက္ကဌ (၁) အဖြစ်က နှုတ်ထွက်သွားသည်။

၎င်းနှုတ်ထွက်စာကို ကြာသာပတေးနေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး (JMC - S) အဖွဲ့အနေနှင့် ပြသာနာတစုံတရာဖြစ်ပေါ်လာပါက ပါဝင်ဖြေရှင်းပေးမည့် ယန္တယားအဖြစ် အသုံးမပြုသည့်အတွက် အဆိုပါကော်မတီ၌ ပါဝင်နေခြင်းသည်လည်း နှစ်ဖက်စလုံးအတွက် အကျိုးဖြစ်ထွန်းလာရန်အကြောင်းမရှိဟု ယုံကြည်ပါသဖြင့် နှုတ်ထွက်ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ဗိုလ်မှူးကြီးစောမူကယ်သည် (JMC - S) အဖွဲ့မှ ပထမဆုံးနှုတ်ထွက်သည့် ကော်မတီဝင်တဦးဖြစ်သည်။

၎င်း၏နှုတ်ထွက်စာကို - ဥက္ကဌ တိုင်းဒေသကြီးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC - S) တနင်္သာရီတိုင်းဒေသကြီးသို့ လိပ်မူ၍ ပေးပို့ခဲ့ခြင်းဖြစ်သည်။

နှုတ်ထွက်စာ အပြည့်အစုံကို ပူတွဲဖော်ပြထားပါသည်။

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား မီဒီယာ



Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.