မြိတ်မြို့မှာ ဒေါက်တာလဲ့လဲ့မော်နဲ့ NLD ပါတီနာမည်ကို အသုံးပြုပြီး မြေကွက်ရောင်းချနေ

တနင်္သာရီတိုင်း ဝန်ကြီးချုပ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာမည်ကိုသုံးပြီး မြိတ်မြို့မှာ မြေကွက်ရောင်းချနေသူ ၁၁ ဦးကို ငွေကြေးလိမ်လည်မှု၊ စာရွက်စာတမ်းအတုပြုလုပ်မှုတို့နဲ့ မြိတ်မြို့နယ်ရဲစခန်းက အမှုဖွင့်ထားပါတယ်။
စာရွက်စာတမ်းအတုတွေနဲ့ မြေကွက်ရောင်းချသူတွေထဲက ၁ ဦးကို မိထားပြီး ကျန်တဲ့ ၁၀ ယောက်ကို ဖမ်းဆီးနိုင်ဖို့ ကြိုးစားနေတယ်လို့ မြိတ်မြို့မရဲစခန်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မြေကွက်ရောင်းချနေသူတွေဟာ မြိတ်မြို့နယ်မှာ လူမှုအထောက်အကူပြုအကျိုးဆောင်ကော်မတီ ဖွဲ့စည်းပြီး တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က အိုးအိမ်မဲ့တွေအတွက် အိမ်ရာဖော် ဆောင်ပေးဖို့စီစဉ်နေတာကို အကြောင်းပြုပြီး မြေကွက်တွေ ရောင်းချနေတာဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က တိုင်းအစိုးရရဲ့ အစီအစဉ်အရ အိုးအိမ်အပိုင်မရှိသူတွေအတွက် မြေကွက်ချပေးမှာမဟုတ်ဘဲ တန်ဖိုးနည်းအိမ်ယာတွေ ဖော်ဆောင်ပေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

မြေကွက်ရောင်းချသူတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်း NLD ပါတီရဲ့ ညွှန်ကြားချက်နဲ့ မြိတ်မြိုနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းနာမည်ကို အလွဲသုံးစားပြုပြီး ဂုဏ်သိက္ခာကျဆင်းစေတဲ့အတွက် ပုဒ်မ ၅၀၀ နဲ့ တရားရုံးကို ဦးတိုက်လျှောက်ထားတယ်လို့ မြိတ်မြို့နယ် အန်အယ်လ်ဒီတာဝန်ရှိသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ တစ်လလောက်ကစပြီး မြိတ်မြို့ကုန်းဖောက်ရပ်ကွက်နဲ့ တောထွတ်ကြီးရပ်ကွက်တွေမှာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နဲ့ NLD ပါတီက ဆင်းရဲသားတွေအတွက် မြေယာဖော်ဆောင်ပေးနေတယ်ဆိုပြီး လူမှုအထောက်အကူပြုအကျိုးဆောင်ကော်မတီ က မြေတစ်ကွက်ကို ငွေကျပ် ၈သောင်း၊ ကျပ် ၅သောင်း စတဲ့နှုန်းတွေနဲ့ ရောင်းချနေတာဖြစ်ပါတယ်။

အဲဒီကော်မတီဟာ မြေကွက် ၃ထောင်ကျော်ရိုက်ထားပြီး မြေကွက် ၁၈၀၀ ကျော် ရောင်းချထားတာဖြစ်ပါတယ်။ ကျွန်းစုမြို့နယ်၊ တနင်္သာရီ စတဲ့ မြို့နယ်တွေက လာရောက်ဝယ်ယူကြသူတွေများပါတယ်။

အဲဒီမြေကွက်ရိုက် ရောင်းချရာမှာ ပါဝင်တဲ့ ကော်မတီဝင် ဦးအောင်သန်းဆိုသူကို ငွေကျပ် သိန်း ၁၆၀ ကျော်နဲ့ ဖမ်းဆီးရမိထားပြီး နောက်ထပ်ကော်မတီဝင် ၃ဦးရဲ့ ဘဏ်စာအုပ်တွေထဲက ငွေကျပ် သိန်း ၃၀၀ ကို ထပ်မံစစ်ဆေးတွေ့ရှိထားပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.