ကလင်တန် မဲဆွယ်စည်းရုံးပွဲ Sanders ပူးပေါင်းမည်



အထက်လွှတ်တော်အမတ် Bernie Sanders နဲ့ ဒီမိုကရက်တစ်ပါတီသမ္မတလောင်းဖြစ်ဖို့ သေချာသလောက် ရှိနေတဲ့ ဟီလာရီကလင်တန်
အမေရိကန်ပြည်ထောင်စု New Hampshire ပြည်နယ် အရှေ့မြောက်ပိုင်း Portsmouth မြို့မှာ အင်္ဂါနေ့လုပ်မယ့် မဲဆွယ်စည်းရုံးပွဲမှာ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းဖြစ်ဖို့ သေချာသလောက်ရှိနေတဲ့ ဟီလာရီကလင်တန်နဲ့အတူ ပါတီတွင်း သမ္မတလောင်းဖြစ်ရေး ယှဉ်ပြိုင်နေတဲ့ အထက်လွှတ်တော်အမတ် Bernie Sanders တို့ အတူပူးပေါင်း မဲဆွယ်ကြဖို့ ရှိပါတယ်။

ပိုမို ခိုင်မာအားကောင်းတဲ့ အမေရိကန်ပြည်ထောင်စုကို တည်ဆောက်ဖို့၊ ထိပ်ပိုင်းလူချမ်းသာတွေ အတွက်တင်မဟုတ်တဲ့ အားလုံးအတွက် အကျိုးခံစားခွင့်ရှိစေမယ့် စီးပွားရေးတရပ် တည်ဆောက်နိုင်ဖို့ သူတို့နှစ်ဦး ဘယ်လို သန္နိဌာန်ချမှတ် လုပ်ဆောင်သွားမယ်ဆိုတာတွေကို ဆွေးနွေးကြလိမ့်မယ်လို့ လည်း မစ္စစ်ကလင်တန်ရဲ့ မဲဆွယ်လှုပ်ရှားမှုအဖွဲ့က ပြောပါတယ်။ အင်္ဂါနေ့ လူထုစုဝေးပွဲမှာ မစ္စတာ Sanders က မစ္စစ်ကလင်တန်ကို တရားဝင် ထောက်ခံချက် ပေးနိုင် တယ်ဆိုတဲ့ တွက်ဆချက်တွေ ကတော့ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

မစ္စတာ Sanders အနေနဲ့ မစ္စစ်ကလင်တန်ကို တရားဝင် ထောက်ခံတာမျိုး မလုပ်သေးပေမဲ့လည်း ပါတီတွင်း သမ္မတလောင်းဖြစ်ရေး ပြိုင်နေကြတဲ့ သူတို့နှစ်ဦး အတူလက်တွဲပြီး အပြောင်းအလဲတွေ ဖော်ဆောင်သွားမယ့်အကြောင်း မစ္စတာ Sanders က သတင်းထောက်တွေကို စနေနေ့မှာ ပြောဆိုခဲ့ပါတယ်။

သူတို့နှစ်ဦးအကြား မူဝါဒရေးရာကိစ္စတွေနဲ့ ပတ်သက်လို့ သီးသန့် တွေ့ဆုံဆွေးနွေးမှုတွေ အတော်များများ ရှိခဲ့ပြီးတဲ့နောက် အခုလို New Hampshire မှာ အတူမဲဆွယ်စည်းရုံးမယ့် အခြေအနေ ရောက်လာခဲ့တာပါ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက New Hampshire မှာလုပ်ခဲ့တဲ့ ပါတီတွင်း ပဏာမရွေးပွဲမှာတော့ မစ္စတာ Sanders က မစ္စစ်ကလင်တန်ကို ၂၂ ရာခိုင်နှုန်း အသာစီးရခဲ့တာဖြစ်ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.