Vivo ဖုန်းဆိုင်ဝန်ထမ်းတွေနဲ့ အလုပ်ရှင် မနက်ဖြန် ညှိနှိုင်းမည်

vivo-pyay-620.jpg ပြည်မြို့ Vivo ဖုန်းအရောင်းဆိုင်က ဆန္ဒပြဝန်ထမ်းတွေ တောင်းဆိုချက်များကို ညှိနှိုင်းနေစဉ်
Photo: Phyo Htet Paing Facebook

ပဲခူးတိုင်း ပြည်မြို့ ဆံတော်ရပ်ကွက်မှာရှိတဲ့ Vivo ဖုန်းအရောင်းဆိုင်မှာ ၀န်ထမ်းတွေကို ဒဏ်ကြေးသတ်မှတ်မယ့် အစီအစဉ်ကို မကျေနပ်လို့ ဆန္ဒပြနေတဲ့ ၀န်ထမ်း ၃၀ နီးပါးနဲ့ အလုပ်ရှင်တို့ဟာ မနက်ဖြန် မြို့နယ်အုပ်ချုပ်ရေးရုံး မှာ တွေ့ဆုံညှိနှိုင်းကြမယ်လို့ ဆန္ဒပြ၀န်ထမ်းတွေက ပြောပါတယ်။

သတ်မှတ်ထားတဲ့ အရေအတွက်ကို ပြည့်မီအောင် မရောင်းနိုင်တဲ့ ၀န်ထမ်းတွေကို ဒဏ်ကြေးသတ်မှတ် မှာဖြစ်ကြောင်း စာချုပ်ချုပ်ခိုင်းတာကို မကျေနပ်တာဖြစ်တယ်လို့ ဈေးကွက်ရှာဖွေရေးဝန်ထမ်း ကိုမျိုးဆွေဦး က ပြောပါတယ်။

ဝန်ထမ်းတွေဟာ မနေ့ညကစပြီး ဆိုင်ရှေ့မှာ ထိုင်သပိတ် နဲ့ ဆန္ဒပြကြတာဖြစ်ပါတယ်။

ဆန္ဒပြ၀န်ထမ်းတွေဟာ ဥပဒေအရ သတ်မှတ်ထားတဲ့ အခြေခံလုပ်ခလစာ တစ်ရက် ကျပ် ၃၆၀၀ ပေးဖို့၊ တရားဝင် သတ်မှတ်ထားတဲ့ အလုပ်ချိန် ၈ နာရီသာ သတ်မှတ်ဖို့၊ အစိုးရရုံးပိတ်ရက်တွေမှာ ဒဏ်ငွေဖြတ်တောက်ခြင်းမရှိဘဲ အလုပ်ပိတ်ပေးဖို့၊ ဖုန်းရောင်းမှုအပေါ် မူတည်ပြီး ရာခိုင်နှုန်းပေးဖို့တို့ကို တောင်းဆိုကြတာဖြစ်ပါတယ်။

အဲ့ဒီအရောင်းဆိုင်မှာ အစမ်းခန့် ဝန်ထမ်းတစ်ဦးဟာ တစ်လကျပ် ၇ သောင်းရရှိပြီး အမြဲတမ်းဝန်ထမ်းတွေက တစ်လ ကျပ် တစ်သိန်း ရရှိတာဖြစ်ပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.