YESC က ဒုတိယရက် (၁၀၀) စီမံချက်ဖြင့် ထရန်စဖော်မာများနှင့် ဓာတ်အားလိုင်းများ ထပ်မံတပ်ဆင်ပေးသွားမည်

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံကိန်းအရ ရန်ကုန်တိုင်းဒေသကြီးခရိုင်လေးခုတွင် ထရန် စဖော်မာအလုံး ပေါင်း ၁၅၀ တပ်ဆင်ပြီးစီးသွားပါက ဒုတိယ ရက် ၁၀၀ စီမံချက်ဖြင့် ရန်ကုန်မြို့ရှိ လျှပ်စစ်မီး အခက်အခဲရှိနေသည့် မြို့နယ်၊ ရပ်ကွက်များကို ထရန်စဖော်မာ၊ ဓာတ်အားလိုင်းများ ထပ်မံတပ်ဆင်ပေးသွား မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်း (YESC) ၏ ဓာတ်အားဖြန့်ဖြူးရေး အထွေထွေမန်နေဂျာ ဦးစောဝင်းမောင်က News Watch သို့ ပြောသည်။

''ဒုတိယရက် ၁၀၀ စီမံချက်နဲ့ပတ်သက်ပြီး မြို့နယ်တွေကို အချက်အလက် ကောက်နေတုန်းပါပဲ။ ဒီလုပ်ငန်း တွေပဲ ဆက်လုပ်မှာပေါ့။ ထရန်စဖော်မာတပ်မယ်။ ဓာတ်အားလိုင်းတပ်မယ်။ ထရန်စဖော်မာ အလုံးရေ ကန့်သတ်မထားဘူး။ ရပ်ကွက်ထဲမှာလိုသလောက်တပ်ပေးမှာ။ လိုအပ်ချက် အပေါ်မူတည်ပြီးတော့ တပ်ဆင်ပေးမှာပါ'' ဟု ၎င်းက ပြောသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံကိန်းဖြင့် မေလ ၁ ရက်နေ့မှ စတင်ကာ ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခုတွင် ထရန်စဖော်မာအလုံးပေါင်း ၁၅၀ တပ်ဆင်လျက်ရှိရာ ဇွန်လ ၂၇ ရက် နေ့အထိ ထရန်စမော်ဖာ အလုံးပေါင်း ၁၂၅ လုံးတပ်ဆင်ပြီးစီးခဲ့ကြောင်းနှင့် ရက် ၁၀၀ ပြီးစီးပါက YESC ၏ ဒုတိယရက် ၁၀၀ စီမံချက်ကိုအကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

''ရပ်ကွက်ထဲရှိနေတဲ့ အခက်အခဲအခြေအနေတွေအပေါ် မူတည်ပြီးတော့ ထရန်စဖော်မာတပ်ဆင်ပေးရမှာ။ တ/ဒဂုံ တို့ မြောက်ဒဂုံတို့အတွက် Plan ရှိပြီးသား။ တင်ပြထားမှုတွေရှိနေတော့ ဘက်ဂျက်အခြေအနေပေါ် မူတည်ပြီးတော့ ထရန်စဖော်မာတပ်ဆင်ပေးမယ်။ အမှန်တကယ် လိုအပ်တဲ့ မြို့နယ်တွေကို ဦးစားပေးဆောင် ရွက်ပေးသွားမယ်'' ဟု ဦးစောဝင်းမောင်က ပြောသည်။

လက်ရှိတပ်ဆင်နေသည့် ထရန်စဖော်မာများမှာ ၂၀၀ KVA ထရန်စဖော်မာဖြစ်ပြီး ရက် ၁၀၀ စီမံချက်သည် ဇူလိုင်လအတွင်း ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးတွင် ဇန်န၀ါရီလမှ မေလ အထိ အမြင့်ဆုံးဓာတ် အားသုံးစွဲမှု ၁၁၈၈ မဂ္ဂါဝပ်အထိရှိခဲ့ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးသည် တနိုင်ငံ လုံး၏ ဓာတ်အားသုံးစွဲမှု၏ ၅၀ ရာခိုင်နှုန်း သုံးစွဲနေသည့်အတွက် ဓာတ်အားအပြည့်အ၀ပေးနိုင်ရေးအတွက် ဓာတ်အားပေးစက်ရုံများ ထပ်မံတည်ဆောက်ရန် လိုအပ်နေကြောင်း YESC ၏ အမှုဆောင်အရာရှိချုပ် ဦးထွန်းကြွယ်က ပြောဆိုထားသည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.