ALP ပါတီ ဗဟိုကော်မတီဝင် ခိုင်မျိုးထွန်းကို လွှတ်ပေးဖို့ ဆန္ဒပြတောင်းဆို

 free-alp-leader-protest-620.jpg ALP ရဲ့ ဗဟိုကော်မတီဝင် ခိုင်မျိုးထွန်းကို လွှတ်ပေးဖို့ သြဂုတ်လ ၂၁ ရက်နေ့က မြောက်ဦးမြို့မှာ ဆန္ဒပြတောင်းဆိုနေစဉ်
Photo: Shwe Lar/ facebook
 ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်မှာ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ ALP ရဲ့ ဗဟိုကော်မတီဝင် ခိုင်မျိုးထွန်းကို အမြန်ဆုံးပြန် လွှတ်ပေးဖို့ မြောက်ဦးမြို့မှာ ဒီနေ့ ဒေသခံ တစ်ထောင်ခန့်က ဆန္ဒပြတောင်းဆိုကြပါတယ်။

ALP ရဲ့ ဗဟိုကော်မတီဝင် ခိုင်မျိုးထွန်းဟာ အမှန်တရားကိုဖော်ထုတ်ခဲ့သူဖြစ်တာကြောင့် ပြန်လွှတ်ပေးဖို့ တောင်းဆိုတာဖြစ်တယ်လို့ ဆန္ဒပြပွဲဦးဆောင်ရာမှာ ပါဝင်တဲ့ ဦးဇင်း ဦးဓမ္မပီယ က မိန့်ပါတယ်။

ရခိုင်ပြည်နယ်မှာ AA ရက္ခိုင့်တပ်မတော်နဲ့ အစိုးရတပ်မတော်တို့အကြားဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အစိုးရတပ်မတော်ဘက်က ပြည်သူတွေ ကို ပေါ်တာဆွဲတာတွေ၊ ကျေးရွာအတွင်းကနေ နှင်ထုတ်တာတွေလုပ်နေကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့တာကြောင့် ALP ပါတီရဲ့ ဗဟိုကော်မတီဝင် ခိုင်မျိုးထွန်းဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့က စစ်တွေမြို့နယ်တရားရုံးမှာ ဖမ်းဆီးတရားစွဲဆို ခံထားရတာဖြစ်ပါတယ်။

အစိုးရတပ်မတော်ဘက်က အခုလိုဖမ်းဆီးတရားစွဲဆိုလိုက်တာဟာ အပြစ်ကိုဖုံးဖိလိုတဲ့ အတွက်ကြောင့်ဖြစ်ပြီး အမှန်တကယ်မြေပြင်အနေအထားမှာလည်း ALP ရဲ့ ထုတ်ပြန်ချက်မှာ ပါတဲ့အတိုင်း ပြည်သူတွေကို ပေါ်တာဆွဲတာတွေ၊ ကျေးရွာအတွင်းကနေ နှင်ထုတ်တာတွေ စတဲ့ဖြစ်ရပ်တွေ အမှန်တကယ်ရှိနေ တယ်လို့ ဆန္ဒပြသူတွေကပြောပါတယ်။

ဒီနေ့ဆန္ဒပြပွဲမှာ ခိုင်မျိုးထွန်းကို အမြန်ဆုံးလွှတ်ပေးဖို့၊ ခိုင်မျိုးထွန်းနဲ့ ALP က ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက်ကို ထောက်ခံကြောင်း စတဲ့အချက်တွေကို ကြွေးကြော်ပြီး မြို့ကိုလှည့်ပတ် ဆန္ဒပြကြတာဖြစ်ပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.