တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံး ပါဝင်ခွင့်မရရင် ၂၁ ပင်လုံ ကို APP ပါတီ တက်ရောက်မှာ မဟုတ်

app-statement-620.jpg ရခိုင်မျိုးချစ်ပါတီ APP ထုတ်ပြန်ထားတဲ့ ကြေညာချက်ကို တွေ့ရစဉ်
Photo: ရခိုင်မျိုးချစ်ပါတီ - APP/ Facebook

မကြာခင်ကျင်းပမယ့် ၂၁ ရာစုပင်လုံညီလာခံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို ပါဝင်ခွင့်မပြုဘူးဆိုရင် အဲဒီညီလာခံကိုတက်ရောက်မှာ မဟုတ်ကြောင်း ရခိုင်ပြည်နယ်အခြေစိုက် ရခိုင်မျိုးချစ်ပါတီ APP က ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံးပါဝင်ခွင့်မရရင် ပြည်တွင်းငြိမ်းချမ်းရေး ရနိုင်မှာမဟုတ်တဲ့အတွက် အခုလိုကြေညာချက်ထုတ်ပြန်လိုက်တာလို့ ရခိုင်မျိုးချစ်ပါတီ APP ဥက္ကဌ ဦးဇော်ဝင်းထွန်း က ပြောပါတယ်။

အခုချိန်မှာ မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးနဲ့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းနိုင်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်နေကြတာကို ရခိုင်မျိုးချစ်ပါတီ အနေနဲ့ ထောက်ခံကြိုဆိုကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဲဒီသဘောထားကြေညာချက်ကို အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကိုအခြေတည်ပြီး ထုတ်ပြန်လိုက်တာဖြစ်တယ်လို့လည်း ပါရှိပါတယ်။

ရခိုင်မျိုးချစ်ပါတီဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမကျင်းပခင်ကမှ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်း မဲဆန္ဒနယ်တချို့မှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ အနိုင်မရခဲ့ပါဘူး။
RFA

Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.