ပြည်သူတွေ တရားရုံးတက်ရောက် နားထောင်ခွင့် တရားလွှတ်တော်ချုပ် ရှင်းလင်း

 pyithu-hlttaw-620.jpg သြဂုတ်လ ၃ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်
Photo: MOI

တရားရုံးတွေမှာ ကန့်သတ်ထားတဲ့ အမှုတွေကလွဲပြီး ကျန်တဲ့အမှုကိစ္စတွေကို ပြည်သူတွေအနေနဲ့ တက်ရောက် နားထောင်ခွင့်ရှိကြောင်းနဲ့ တားဆီးမှုတွေရှိလာရင် တိုင်ကြားနိုင်ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့် က ပြည်သူ့လွှတ်တော်မှာ ဒီနေ့ ပြောပါတယ်။

တရားရုံးတွေရဲ့ တရားစီရင်ရာမှာ စိတ်ဝင်စားတဲ့ ပြည်သူတွေ ၀င်ရောက်နားထောင်တဲ့အခါ တားဆီးသူများကို အရေးယူရန် ရှိ မရှိကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က မေးမြန်းတာကို ပြည်ထောင်စု တရား လွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွှန့်က ပြန်လည်ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

"တရားရုံးများဟာ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေပါ တရားစီရင်ရေးဆိုင်ရာ မူများနဲ့အညီ ကန့်သတ်ထားတဲ့ အမှုများမှအပ ပြည်သူလူထုရှေ့မှောက်မှာ တရားစီရင်လေ့ရှိပါတယ်၊ တရားရုံးများမှာ အများပြည်သူများဟာ အတားအဆီးမရှိ ဝင်ရောက်နားထောင်ခွင့် ပြုလျှက်ရှိပါကြောင်း တင်ပြအပ်ပါတယ်၊ အကယ်၍ တရားရုံးများမှာ တရားစီရင်တာ ဝင်ရောက်နားထောင်ရာမှာ တားဆီးမှုများရှိကြောင်း တိုင်ကြားလာလို့ရှိရင် လိုအပ်တဲ့စုံစမ်း မှုတွေပြုလုပ်ပြီး ပေါ်ပေါက်တဲ့အတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်"

၂၀၁၀ ခုနှစ် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေအရ ကန့်သတ်ထားတဲ့အမှုတွေက ကလေးသူငယ်တွေ၊ လူကုန်ကူးခံရတဲ့ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေ၊ အများပြည်သူ နားထောင်ဖို့ မသင့်တော်တဲ့ မုဒိမ်းမှု၊ သက်ငယ်မုဒိမ်းမှု စတဲ့အမှုတွေဖြစ်တယ်လို့ တရားသူကြီး ဦးစိုးညွန့် က ပြောခဲ့ပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.