စစ်တွင်းကာလ နစ်နာသူ အမျိုးသမီးများအတွက် ဒေါ်လာ ၁၀ သန်းနီးပါး ဂျပန်ထည့်ဝင်



စစ်တွင်းကာလက ဇိမ်မယ်တွေအဖြစ် ပြုခံရသူတွေကို ထောက်ပံ့ကူညီဖို့ ထူထောင်ထားတဲ့ ဖောင်ဒေးရှင်းမှာ ဂျပန်နိုင်ငံက ရန်ပုံငွေထည့်ဝင်ဖို့ ဂျပန်-ကိုရီးယားနှစ်နိုင်ငံအကြား အခြေခံသဘောတူညီချက်ရသွားပြီဖြစ်ပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီအိုကီရှီဒါနဲ့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ယန်ဗျန်စဲတို့ ဒီကနေ့ တယ်လီဖုန်း ဆက်သွယ်ဆွေးနွေးသဘောတူခဲ့တာလို့ ဂျပန်အန်အိပ်ခ်ျကေသတင်းက ဆိုပါတယ်။

တောင်ကိုရီးယားက ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာ ထူထောင်ခဲ့တဲ့ ဖောင်ဒေးရှင်းနဲ့ပတ်သက်လို့ ၀န်ကြီးနှစ်ဦးက အသေးစိတ်ဆွေးနွေးခဲ့ကြပြီးနောက် ဂျပန်နိုင်ငံက ဖောင်ဒေးရှင်းအတွက် ဂျပန်ယန်းငွေ တစ်ဘီလီယံ (အမေရိကန်ဒေါ်လာ ၉ ဒသမ ၈ ဒေါ်လာ) ထည့်ဝင်မှာဖြစ်ပါတယ်။

အခြေခံသဘောတူညီချက်အရ ဂျပန်ရဲ့ထောက်ပံ့မှုဟာ အဖွားအိုတွေရဲ့ ဆေးဘက်ဆိုင်ရာကိစ္စနဲ့ ပြုစုစောင့်ရှောက်တဲ့နေရာမှာ သုံးစွဲဖို့ဖြစ်ပြီး ရန်ပုံငွေထည့်ဝင်မှုကို စတင်တော့မယ်လို့ ကီရှိဒါက သတင်းထောက်တွေကို ပြောပါတယ်။

ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံအကြား ဒီအမျိုးသမီးတွေကိစ္စနဲ့ပတ်သက်လို့ ဖောင်ဒေးရှင်းတရပ် ထူထာင်ကူညီကြဖို့ မနှစ်ဒီဇင်ဘာလမှာ သမိုင်းဝင်သဘောတူညီချက်ရရှိခဲ့တာ ဖြစ်ပါတယ်။
DVB TV News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.