ကျနော်တို့ရဲ့နိုင်ငံရေးအကြပ်အတည်းကာလမှာ တရုတ်ဟာ စွမ်းအင်၊ ပင်လယ်ထွက်ပစ္စည်း၊ သစ်တော၊ ကျောက်မျက်နဲ့ ကြေးနီစတဲ့ သယံဇာတတွေကို ဈေးပေါပေါနဲ့ မတရားရယူသွားခဲ့တယ်။


ဒေါ်စုတရုတ်ပြည်သွားမယ်ဆိုတော့ တရုတ်က အမေရိကားထက်သူ့ဆီအရင်လာမှာကို သဘောကျနေပုံရတယ်။ မြစ်ဆုံကိစ္စတောင်မဆွေးနွေးဘူးလေသံပစ်တယ်။ ဗမာရဲ့ နိုင်ငံရေးအရွေ့ကို တရုတ်က သဘောပေါက်နေတယ်။ တကယ်က မြစ်ဆုံစီမံကိန်းကို တရုတ်ဖက်ကအရမ်းလုပ်ချင်နေတဲ့ ပရောဂျက် စစ်အုပ်စုနဲ့ ငွေတွေလက်လွန်ပြီးဖြစ်နေတဲ့ စွမ်းအင်ပရောဂျက်ဖြစ်နေတယ်။ တရုတ်က စစ်အုပ်စုနဲ့လက်လွန်ခြေလွန်စီးပွားရေးတွေလုပ်ခဲ့တဲ့အကျိုးဆက်တွေကို သူတို့ခံရတော့မှာသူတို့သိနေပါတယ်။ တရားမဝင်တဲ့ လူထုမထောက်ခံတဲ့ စစ်အစိုးရနဲ့ပဲ ဗမာပြည်ကို လုပ်ချင်သလို လုပ်လို့ရမယ်။ ဒီမိုကရေစီ လူထုအစိုးရလက်ထက်မှာတော့ ဗမာပြည်ကို ထင်တိုင်းကျဲခွင့်မရနိုင်တော့ဘူး။ သူတို့တရုတ်ပြည်မှာ စွမ်းအင်ပြသနာက အကြီးအကျယ်ရှိနေတယ်။ တရုတ်ဟာ ကမ္ဘာပေါ်မှာ စွမ်းအင်ဒုတိယအသုံးဆုံး အလိုအပ်ဆုံးနိုင်ငံ။ အိမ်နီးချင်း နိုင်ငံအားလုံးဆီကနေ ရေနံတင်သွင်းဖို့ ဓါတ်ငွေ့တင်သွင်းဖို့စဉ်းစားနေတာကြာပြီ။ ရုရှားဆီက လိုချင်တယ်။ မရဘူး။ ကာဇက်စတန်ဆီက ရေနံပိုက်လိုင်းဆောက်ပြီးပြီ။ ဗမာဆီက ရေနံရောဓါတ်ငွေ့ပါပိုက်လိုင်းဆောက်လိုက်နိုင်ခဲ့တယ်။ တရုတ်က မလက္ကာရေလက်ကြားကိုဖြတ်ပြီး ပါရှန်ပင်လယ်ကွေ့ကနေ ရေနံတွေကို သင်္ဘောနဲ့သယ်သုံးနေရတာထက် ပိုက်လိုင်းနဲ့သယ်ရတာပိုကိုက်လို့စွမ်းအင်လုံခြုံမှုကိုစီစဉ်ခဲ့တယ်။
ဒါတင်မက မြစ်ဆုံမှာရေကာတာကြီးတွေဆောက်ပြီးရေအားလျှပ်စစ်ထုတ်လုပ်ချင်နေခဲ့တယ်။ ယူနန်မှာ ရေနံသန့်စင်ရေးစက်ရုံဆောက်တာ စစ်ထွေနားက မဒေးကျွန်းမှာ ရေနံစိမ်းချဖို့ဆိပ်ကမ်းလုပ်တာ ကျောက်ဖြူနားမှာ ဓါတ်ငွေ့သိုလှောင်စခန်းဆောက်တာ ဆိပ်ခံတံတားဆောက်တာ ကူမင်းမှာရေနံသိုလှောင်တဲ့စက်ရုံဆောက်တာ ကနေ ကူမင်းမှာရေနံချက်တာတွေ အဆင့်ဆင့်လုပ်သွားခဲ့တယ်။ ဗမာပြည်မှာ တရားဥပဒေတွေမစိုးမိုးသေးချိန် နိုင်ငံရေးတွေမတည်ငြိမ်သေးချိန် တရုတ်ဟာ လက်ဦးမှုယူသွားနိုင်ခဲ့တယ်။ တရုတ်နဲ့ သန်းရွှေ မောင်အေး သိန်းစိန် တို့လက်ထက် မှာ စွမ်းအင်ကိစ္စစာချုပ်တွေ ဘာတွေချုပ်ဆိုခဲ့တယ် လူထုအစိုးရက သိပြီလား မသိရသေးဘူးလားမသိပါ။ စာချုပ်တွေကို စစ်အုပ်စု နဲ့ တရုတ်က ဒေါ်စုတို့သိမှာ အလွန်စိုးရိမ်နေပုံ ရပါတယ်။ စာချုပ်မှာပါတဲ့ကတိတွေ ငွေကြေးအပေးအယူတွေအရ စစ်အုပ်စု က နိုင်ငံ့ဝင်ငွေတွေကို ဘယ်ပုံဘယ်နည်းအသုံးပြုခဲ့သလဲ သိရမှာဖြစ်တယ်။

ဒါ့အပြင် စာချုပ်ပါအချက်အလက်တွေသိရမှ စွမ်းအင်ဒပလိုမေစီ ကို ဒေါ်စု ကိုင်တွယ်နိုင်မှာဖြစ်ပါတယ်။ ကျနော်တို့ မမေ့ဖို့ က အိန္ဒိယ။ အိန္ဒိယကလည်း မြန်မာတရုတ်တို့ ဆက်ဆံရေးကို စောင့်ကြည့်နေမှာဖြစ်တယ်။ အိန္ဒိယ နဲ့ တရုတ်ကလည်း ပြိုင်ဖက်။ တရုတ်ကလည်း အိန္ဒိယသမုဒ္ဒရာ နဲ့ မလက္ကာရေလက်ကြား ရေကြောင်းလမ်းတွေမှာ စိုးမိုးဖို့ ပါကစ္စတန် ဘင်္ဂလားဒေ့ရှ် သီရိလင်္ကာ နဲ့ ဗမာပြည်မှာ ဆိပ်ကမ်းတွေဆောက်ဖို့စီစဉ်နေခဲ့တယ်။ ကျနော်တို့တိုင်းပြည်ရဲ့ပြသနာက ငြိမ်းချမ်းရေးမတည်ဆောက်ရသေးခင် စစ်အုပ်စုက နိုင်ငံခြားငွေတွေဒလဟောဝင်သွားခဲ့ပြီး ပြည်တွင်းစစ်မှာ အသာစီးရသွားခဲ့ပါတယ်။

နောက်တချက်ကတိုင်းရင်းသားအချို့ဟာ တရုတ်သဘောမတူဘဲ နိုင်ငံရေး စစ်ရေးဆိုင်ရာ လှုပ်မရတဲ့ နိုင်ငံရေးအကြပ်အတည်းအဆင့်ကို အလိုလိုရောက်သွားပါတော့တယ်။ ဗမာပြည်ဖက်မှာ စစ်အရာရှိတွေ ခရိုနီတွေပိုင်တဲ့ အဆောက်အဦအသစ်တွေ အများကြီးပေါ်လာခဲ့တယ် ။ ရေနံနဲ့ဓါတ်ငွေ့အပြင် အဝေးပြေးလမ်း နဲ့ ရထားလမ်း ဆိပ်ကမ်းတွေ တည်ဆောက်မှုက တရုတ်အပေါ် ဗမာစစ်အုပ်စုက မှီခိုအားထားရတဲ့အဆင့်ဖြစ်သွားခဲ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသြဇာ ကလည်း တရုတ်ပြည်အပေါ် အနဲနဲ့အများ ရိုက်ခတ်လာခဲ့ပြီလို့ ယူဆလို့ရပါတယ်။ စစ်အစိုးရ အရင်က ကစားခဲ့တဲ့ တရုတ် အိန္ဒိယ နဲ့ အမေရိကန် ရုရှားလို နိုင်ငံကြီးတွေကြား ဆက်ဆံရေးဒေါက်တိုင်တွေဟာ ဘာတွေပြောင်းလဲရိုက်ခတ်မလဲ ဆိုတာ ဗမာပြည်မှာလုပ်မယ့် အနာဂါတ်စီးပွားရေး ပရောဂျက်တွေအပေါ်မှာ မူတည်နေပြီဖြစ်ပါတယ်။ တချိန်က စစ်ပွဲရှိမှကြီးပွားမယ့် စစ်အုပ်စုကို လက်နှက်ပစ္စည်းတွေနဲ့မြူဆွယ်လဒ်ထိုးလို့ရခဲ့ပေမယ့် လူထုအစိုးရအဖို့ လက်နှက်မလို ငြိမ်းချမ်းရေးသာလက်ကိုင်ထားတဲ့ အစိုးရဖြစ်လာခဲ့ပြီမို့ အပြောင်းအလဲလို့ဆိုနိုင်ပါတယ်။ စစ်အုပ်စုဖက်က ၉၈၀ ကီလိုမီတာရှည်တဲ့ဓါတ်ငွေ့ပိုက်လိုင်းဖြတ်တဲ့မြို့နယ် ၂၂ ခုမှာ ခြေလျှင် ခြေမြန်တပ်ရင်း ၄၄ ခု စစ်သည်အင်အား ၁၃၂၀၀ ချထားပေးခဲ့ရတယ်။ ရမ်းဗြဲကျွန်းအရှေ့ဘက်မှာလည်း ရေတပ်စခမ်းတခုက ပင်လယ်ဆိပ်ကမ်း နဲ့ ပင်လယ်ဝကို စောင့်ကြည့်ပေးခဲ့ရပြီဖြစ်တယ်။ ဒီလိုပဲ အဒမန်ပင်လယ်ကနေ ထိုင်းနိုင်ငံကိုဖြတ်သယ်တဲ့ ရတနာဓါတ်ငွေ့ပိုက်လိုင်းပတွက်လည်း ဗမာစစ်တပ်ချထားခဲ့ရတယ်။

တရုတ်ဗျူဟာက အမေရိကန် ဂျပန်နဲ့ ထိပ်တိုက်တိုးနေတဲ့ မလက္ကာ အကျပ်အတည်း ကို တရုတ်ပြည်အကျိုးအတွက် ဗမာစစ်အုပ်စုနဲ့ ပါးပါးလေးဖြေရှင်းသွားခဲ့တာဖြစ်တယ်။ တရုတ်ခမျာ အမေရိကန်ကိုယှဉ်ဖို့ရေတပ်အစွမ်းအစ တရုတ်မှာလုံးဝမရှိပါ။ ဒါ့ကြောင့် ကုန်းလမ်းကနေ စွမ်းအင်ရှာဖွေနေရာမှာ ဗမာစစ်အုပ်စုတွေ ပွပေါက်တိုးသွားခဲ့ရတာဖြစ်ပါတယ်။ ခုတော့ တရုတ်ပြည်အနောက်ပိုင်းရဲ့ရေနံလိုအပ်မှုကို ဗမာပြည်ရေနံနဲ့ဓါတ်ငွေ့သိုက်တွေဆီက တရုတ်ရခဲ့ပြီ။ ဗမာပြည်ဟာ ဓါတ်ငွေ့ဖြတ်သန်းခ တနှစ်ဒေါ်လာ သန်း ၁၅၀ ရမယ်။ ဒါပေမယ့် ပိုက်လိုင်းဆောက်ခက ဗမာကပေးရသေးတော့ ခုထိဝင်ငွေမရသေးလို့ သတင်းတွေမှာဖတ်ရတယ်။ ကျနော်တို့ဒီမိုကရေစီအင်အားစုတွေ ရဲ့ တရုတ်အပေါ် စိုးရိမ်မှုများကတော့

၁) တရုတ်ရဲ့ရေနံသဘာဝဓါတ်ငွေ့ရယူမှုဟာ အချောင်နှိုက်တယ် ခံစားရတယ်။ ကိုယ်ရဖို့ဖဲကိုယ်ကြည့်တဲ့ပုံစံဖြစ်နေတယ်။
၂) ကျနော်တို့ရဲ့နိုင်ငံရေးအကြပ်အတည်းကာလမှာ တရုတ်ဟာ စွမ်းအင် ပင်လယ်ထွက်ပစ္စည်း သစ်တော ကျောက်မျက် နဲ့ ကြေးနီ စတဲ့ သယံဇာတတွေကို ဈေးပေါပေါနဲ့ မတရားရယူသွားခဲ့တယ်။
၃) တရုတ်ဟာ နိုင်ငံတကာ သတ်မှတ်ချက်စည်းကမ်းတွေကို အတိအကျ မလိုက်နာတာ သဘာဝပါတ်ဝန်းကျင်ကို အကြီးအကျယ် ထိခိုက်စေတာ တွေ မလိုက်နာခဲ့ဘူး
၎) အနောက်ကမ္ဘာက ဗမာစစ်အုပ်စုကို စီးပွားရေး နိုင်ငံရေး ပစ်ပယ်ထားချိန် တရုတ်ဟာ လက်ဦးမှုယူသွားခဲ့တယ်
၅)ဗမာပြည်ငြိမ်းချမ်းရေးတွေမပြေလည်အောင် ကမ္ဘာ့ကုလသမဂ္ဂမှာ ဗီတိုအာဏာ သုံးစွဲပြီး စစ်အုပ်စုအပေါ် အသက်ရှုချောင်အောင် လုပ်ပေးခဲ့တယ်

ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေရဲ့ သဘောထားက
၁) တရုတ်ဟာ ဗမာ့ပြည်တွင်းရေးကို လက်ရှောင်ပေါ်လစီ hands off policy ဆိုပေမယ့် စစ်အုပ်စုအကျိုးစီးပွားအပေါ်ရပ်တည်ပေးမှုထက် ပြည်သူလူထုဆန္ဒကို မျက်နှာမူစေချင်တယ်
၂)ဗမာပြည်ဒီမိုကရေစီရေးလှုပ်ရှားမှုတွေမှာ တရုတ်ရဲ့ ပြည်တွင်းရေးလက်ရှောင်ပေါ်လစီကို ကျင့်သုံးစေချင်တယ် (မထောက်ခံရင်နေပါ စစ်အုပ်စုရဲ့ လူထုဖိနှိပ်မှုများအား မထောက်ခံရန်)
၃)တရုတ်ပေါ်လစီရဲ့ အဓိကအချက်အရ သူ့ပထဝီနိုင်ငံရေးအရ အကျိုးစီးပွားကာကွယ်ရေး လုပ်ပါ ဒီမိုကရေစီအင်အားစုများရဲ့ လူထုရဲ့သဘောထားများကို အမြဲအလေးအနက်ထားစေချင်တယ်

ဒါ ကျနော့်အမြင်ပါ

1

COMMENTS

Name

art,1,article,1317,cartoon variety,22,crime,68,culture,1,documentary,8,Entertainment,8,health,33,history,2,international,7570,interview,221,knowledge,8,Live,8,LocalNews,16111,news,2842,opinion,767,photos,203,poem,116,satires,39,song,12,speech,12,sports,147,statement,59,technic,57,translate,34,video,1068,voice,76,
ltr
item
dawnmanhon: ကျနော်တို့ရဲ့နိုင်ငံရေးအကြပ်အတည်းကာလမှာ တရုတ်ဟာ စွမ်းအင်၊ ပင်လယ်ထွက်ပစ္စည်း၊ သစ်တော၊ ကျောက်မျက်နဲ့ ကြေးနီစတဲ့ သယံဇာတတွေကို ဈေးပေါပေါနဲ့ မတရားရယူသွားခဲ့တယ်။
ကျနော်တို့ရဲ့နိုင်ငံရေးအကြပ်အတည်းကာလမှာ တရုတ်ဟာ စွမ်းအင်၊ ပင်လယ်ထွက်ပစ္စည်း၊ သစ်တော၊ ကျောက်မျက်နဲ့ ကြေးနီစတဲ့ သယံဇာတတွေကို ဈေးပေါပေါနဲ့ မတရားရယူသွားခဲ့တယ်။
http://3.bp.blogspot.com/-CijY98nZf8U/Vp1ua-at73I/AAAAAAAAUXo/JGGGvFdW654/s640/q1.jpg
http://3.bp.blogspot.com/-CijY98nZf8U/Vp1ua-at73I/AAAAAAAAUXo/JGGGvFdW654/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2016/08/blog-post_160.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2016/08/blog-post_160.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy