မြေငလျင်ကြောင့် ပုဂံရှေးဟောင်းဘုရားအချို့ ပျက်စီးခဲ့ပြီး ဘုရားများအတွင်း ဝင်ခွင့်ယာယီ ပိတ်ထား -

 

သြဂုတ်လ(၂၄)ရက် မြန်မာစံတော်ချိန် (၁၇)နာရီ၊(၀၄)မိနစ်၊ (၅၄)စက္ကန့်က လှုပ်ခတ်ခဲ့သည့် မြေငလျှင်ကြောင့် ပုဂံရှေးဟောင်းနာမည်ကြီး ဘုရားများ ပျက်စီးခဲ့ပြီး ဘုရားများအတွင်း ဝင်ခွင့်ယာယီ ပိတ်ထားကြောင်း ပုဂံဒေသဖွံဖြိုးရေးအသင်းမှ သိရှိရသည်။

“မြေငလျင်ကြောင့် ပုဂံဘုရားတွေ ထီးတော်တွေ ပြိုကျပါတယ်။ ကျွန်တော်တို့လည်း လိုက်လံကြည့်ရှုနေပါ တယ်။ ခုတော့ ဘုရားတွေထဲ ဝင်ခွင့်ပိတ်ထားပါတယ်။ ဘယ်လောက် ပြိုကျတယ်တော့ တိတိကျကျ မသိရသေးဘူး”ဟု ပုဂံဒေသဖွံဖြိုးရေး အသင်းမှ ဥက္ကဋ္ဌ ဦးခင်မောင်နုကပြောသည်။

အဆိုပါ ငလျင်သည် မန္တလေးတိုင်းဒေသကြီး၊ ပုဂံရှေးဟောင်း  ယာဉ်ကျေးမှုဒေသတွင် ညနေ ၅ နာရီ ၅ မိနစ် တွင် လှုပ်ခတ်သွားခဲ့ပြီး ပုဂံရှေးဟောင်းဘုရားများဖြစ်သည့် စူလာမဏိစေတီတော်၊ ကွမ်းတောင်ပျက်စီးခဲ့ရပြီး လောကနန္ဒဘုရား၏ စိန်ဖူးတော်ပြုတ်ကျခဲ့ကြောင်း ပုဂံရှေးဟောင်းနယ်မြေ ဒေသခံများထံမှ သိရသည်။

“နာမည်ကြီးရှေးဟောင်းဘုရားတွေ တော်တော်များများ ပျက်စီးသွားပါတယ်။ လူအသေအပျောက်တော့ မရှိပါဘူး။ ခုတစ်ကြိမ်က ပုဂံကိုဗဟိုမပြုတော့ ၁၉၇၅ ကလှုပ်ခဲ့တဲ့ ငလျင်လိုတော့ မများဘူး ခုတစ်ကြိမ်မှာ ပုဂံဘုရားတွေ အပျက်အစီး တော်တော်နည်းပါတယ်။ ခုကြားရတာက ဘုရားတွေထဲ အန္တရာယ်ဖြစ်မှာစိုးလို့ ဝင်ခွင့်ယာယီ ပိတ်ထားပါတယ်” ဟု ပုဂံရှေးဟောင်းနယ်မြေမှ (ဦးဘငြိမ်း)ယွန်းထည်ဆိုင်ပိုင်ရှင် ဦးအောင်ကျော်ထွန်းက ပြောသည်။

မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ ကနဦး မြေငလျင်သတင်း ထုတ်ပြန်ချက်အရ မန္တလေးမြေငလျင် စခန်းမှ အကွာအဝေးအနောက်တောင်ဘက် (၁၂၉) မိုင်ခန့်တွင် အင်အားရစ်(ခ်)တာစကေး (၆.၅) လှုပ်ခတ်ခဲ့ ကြောင်း သိရသည်။

MMK
Photo - MOI
The Ladies News 

http://www.theladiesnewsjournal.com/news/thu-2016-08-25-1018/3098
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.