အစိုးရသစ်၏ ရက်(၁၀၀)စီမံချက် ဖော်ဆောင်မှုများ ယခင်စိုးရလက်ထက် ရက် (၁၀၀)နှင့် ကွာခြားမှုမရှိ

လက်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရသစ်၏ ရက်(၁၀၀)စီမံကိန်း အကောင်အထည် ဖော်ဆောင်မှုများမှာ ယခင်စိုးရလက်ထက်က ဆောင်ရွက်ခဲ့သည့် ရက်(၁၀၀)စီမံချက်များနှင့် ကွာခြားမှုမရှိကြောင်း ရက်(၁၀၀) စီမံကိန်းများဖော်ဆောင်ခဲ့သည့် သက်ဆိုင်ဝန်ကြီးဌာနများရှိ တာဝန်ရှိသူများထံမှ သိရှိရသည်။

နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် သြဂုတ်(၁၂)ရက်ကပြုလုပ်သည့် အစိုးရသစ်၏ ပထမရက်(၁၀၀) ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ တက်ရောက်လာသည့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ ပြောပြချက်အရ သိရသည်။

“နိုင်ငံတော်တစ်ခုလုံးကို တာဝန်ယူဆောင်ရွက်ရတဲ့ ဘယ်ခေါင်းဆောင်မဆို တိုင်းပြည် တိုးတက်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ကြတာပါ။ အဲဒါကြောင့် တိုင်းပြည်ကိုစီမံအုပ်ချုပ်တဲ့ အပိုင်းမှာ တစ်ယောက်နဲ့ တစ်ယောက် ဘာမှမကွာပါဘူး။ အဓိကက စေတနာနဲ့ ကောင်းရာကောင်းကျိုးတွေ လုပ်ဆောင်နေကြတာပါ” ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးထိန်လွင်ကပြောသည်။

ရက်(၁၀၀)စီမံကိန်းသည် လုပ်ငန်းအသစ်များ ဖော်ဆောင်လုပ်ကိုင်ခြင်းမဟုတ်ဘဲ လုပ်ဆောင်နေသည့် လုပ်ငန်းများအနက်မှ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် လုပ်ငန်းများကို ရွေးချယ်ကာ ဦးစားပေးအနေ ဖြင့်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

“ရက်တစ်ရာစီမံကိန်းဆိုတာ အခုမှရေးဆွဲပြီး လုပ်ဆောင်တဲ့ စီမံကိန်းမဟုတ်ပါဘူး။ အစိုးရလက်ထက်ပေါင်းများစွာက ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေကို ဒီရက်(၁၀၀)အတွင်းမှာ ထိထိရောက်ရောက်နဲ့ အချိန်တိုအတွင်းမှာ အကောင်အထည် ဖော်နိုင်မယ့်လုပ်ငန်းတွေကို ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ လုပ်ငန်းတွေအ နေနဲ့ပြောရမယ်ဆိုရင်တော့ ဒီရက်(၁၀၀)အတွင်း နောင်လည်း ဒီလုပ်ငန်းတွေကို ဆက်ပြီးလုပ်သွားရမယ့် လုပ် ငန်းတွေမို့လို့ ကွာခြားမှုအနေနဲ့တော့ သီးခြားမရှိဘူးလို့ ကျွန်တော့်အနေနဲ့ သုံးသပ်ပါတယ်”ဟု နယ်စပ်ရေးရာဝန် ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်ကပြောသည်။

ရက်(၁၀၀)စီမံကိန်းအတွင်းလုပ်ဆောင်ခဲ့သည့် လုပ်ငန်းများသည် ခဏတာအချိန်ဖြင့် ပြီးပြတ်သည့်လုပ်ငန်းများ မဟုတ်ဘဲ နောင်နှစ်များတွင်လည်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ် ကြောင်း သိရသည်။

“ကျွန်တော့်အဖြေကလည်း ရှေးက အမြဲတမ်းအတွင်းဝန်တွေ ဖြေတဲ့အဖြေနဲ့ အတူတူလောက်ပါပဲ။ သတိထားမိတဲ့အချက်က ကျွန်တော်တို့ဒီရက်(၁၀၀)မှာ ပိုမိုပြီးအလေးပေး ပြုလုပ်ရာမှာ ပီပြင်တဲ့ ဦးတည်ချက်နဲ့သွားတဲ့ အခြေခံမူလို့မြင်ပါတယ်”ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက ပြောသည်။

အစိုးရသစ်၏ ပထမရက်(၁၀၀)ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့မှ တာဝန်ခံများက
သက်ဆိုင်ရာဝန်ကြီးဌာနမှ လုပ်ဆောင်ပြီးစီးခဲ့သည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ကြသည်။

MMK
The Ladies News Journal
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.