နယူးယောက်မြို့ပေါ်က အနီရောင် လဓာတ်ပုံ ဆိုးဝါးသည့် ငလျင် နိမိတ်ဟုဆို

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ပေါ်မှာ ထွက်ပေါ်လာတဲ့ အနီရောင် လဟာ အီတလီနဲ့ မြန်မာမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်နဲ့ နောက်ထပ် ဆိုးဝါးတဲ့ အရာတွေ ဖြစ်ပေါ်လာနိုင်တဲ့ ရှေ့ပြေး နိမိတ် ဖြစ်တယ်လို့ ဆိုပါတယ်။

လူသိများထင်ရှားတဲ့ လွတ်လပ်အတွက် တိုက်ပွဲဝင်သူများဆိုတဲ့ ယူကျူ့အကောင့်ပေါ်မှာ မြန်မာနဲ့ အီတလီမှာ ငလျင်မလှုပ်ခတ်ခင် အနီရောင် လဓာတ်ပုံကို သြဂုတ် ၂၃ ရက်နေ့က တင်ခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ သဘာဝဘေးအန္တရယ်တွေအတွက် ထင်ရှားတဲ့ အမှတ်အသားတခု ဖြစ်တယ်လို့လည်း ဒီအကောင့်နဲ့ ၀က်ဆိုဒ်က ဆိုပါတယ်။

မက်ဟက်တန်မြို့တော်မှာ ဖြစ်ပွားနေတဲ့ လရဲ့အခြေအနေကို မှတ်တမ်းတင်ထားတဲ့ ဒီဓာတ်ပုံကို သြဂုတ် ၂၃ ရက်က နယူးဂျာစီက ဂျနီဖာခေါ်ဒီက ရိုက်ယူခဲ့တာဖြစ်ပြီး တွေ့ဖူးသမျှထဲမှာ အထူးဆန်းဆုံးလို့ ဖော်ပြခဲ့ပါတယ်။

ဒီဓာတ်ပုံကို လူမှုရေးကွန်ရက် အင်စတာဂရမ်နဲ့ ဖေ့ဘွတ်ခ်ပေါ်မှာ ဖြန့်ဝေခဲ့ကြတာလည်း ဖြစ်ပါတယ်။

လွတ်လပ်မှုအတွက် တိုက်ပွဲဝင်သူများရဲ့ နောက်ဆုံး ယူကျူဗွီဒီယိုမှာတော့ နောက်ခံစကားပြောသူတွေက ဒီလိုပုံစံမျိုးအရင်က ဖြစ်ဖူးခဲ့ပြီး အခုတော့ ထပ်ဖြစ်ပြီး ခန့်မှန်းရခက်တယ်လို့ ပြောပါတယ်။

နယူးယောက်ပေါ်မှာ ထွက်ပေါ်လာတဲ့ အနီရောင်လဟာ အရင်ရက်ပိုင်းက မြန်မာနဲ့ အီတလီမှာ လှုပ်ခတ်သွားတဲ့ ငလျင်နဲ့လည်း ဆက်စပ်ပတ်သက်မှု ရှိတယ်လို့ ဆိုပါတယ်။

ဒီရုပ်သံကို ကြည့်တဲ့သူတွေဆီမှာတော့ မတူညီတဲ့အမြင်တွေလည်း ရှိနေပါတယ်။
DVB TV News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.