၂၁ ပင်လုံညီလာခံ ကိုယ်စားလှယ် ၇၀၀ ခန့်တက်မည်



မြန်မာနိုင်ငံမှာ သြဂုတ်လ ၃၁ ရက်နေ့ ကျင်းပဖို့ရှိတဲ့ ၂၁ ရာစု ပင်လုံညီလာခံကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ကိုယ်စားလှယ် ၁၅၀ အပါအ၀င် စုစုပေါင်း ကိုယ်စားလှယ် ၇၀၀ လောက် တက်ရောက်မယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

တက်ရောက်မယ့် ကိုယ်စားအရေအတွက် အတိအကျကိုတော့ အခုလလယ်မှာ ကျင်းပဖို့ရှိတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC စည်းဝေးပွဲအတွင်း ဆုံးဖြတ်သွားမယ်လို့ ၀န်ကြီး ဦးကျော်တင့်ဆွေက လွှတ်တော်ကို ပြောကြားလိုက်တာပါ။

အဲဒီစည်းဝေးပွဲကနေ ၂၁ ရာစု ပင်လုံညီလာခံမှာ ဆွေးနွေးကြမယ့် နိုင်ငံရေးမူဘောင်တွေကိုလည်း ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံမှာ တက်ကြမယ့် တခြား အဖွဲ့အစည်းတွေကတော့ အစိုးရ၊ လွှတ်တော်၊ စစ်တပ်၊ နိုင်ငံရေးပါတီနဲ့ တခြား တိုင်းရင်းသား အဖွဲ့အစည်းတွေ ဖြစ်ကြပါတယ်။

အဖွဲ့ဝင် ၁၈ ဦးပါတဲ့ ဒီ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မီတီကို နိုင်ငံတော်၏အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ပြီး တခြားအစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ဒီ ၂၁ ရာစု ပင်လုံညီလာခံ ဖြစ်မြောက်ရေးကော်မီတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒီ ညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ခြင်းဟာ ခေတ်မီပြီး အင်အားတောင့်တင်းတဲ့ နိုင်ငံတော်ဖြစ်ရေးအတွက် ပထမခြေလှမ်းတရပ် အစိုးရဖြစ်တဲ့အတွက် ညီလာခံဖြစ်မြောက်ရေး ကော်မတီနဲ့ အားလုံးက ပူးပေါင်း ပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။
VOA Burmese News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.