အမေရိကန် သိပ္ပံရေးရာ သံတမန် မြန်မာနိုင်ငံသို့ လာရောက်မည်

မြန်မာ သိပ္ပံပညာရှင်များ၊ သုတေသန ပညာရှင်များ၊ စွန့်ဦး တီထွင်သူများ၊ ဆရာ၊ ဆရာမများ၊ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန် အမေရိကန် သိပ္ပံရေးရာ သံတမန် ဒေါက်တာ ဂျယ်ရဒင်း ရစ်ခ်ျမွန် ယခု သီတင်းပတ်အတွင်း မြန်မာနိုင်ငံသို့ နှစ်ရက်တာခရီး လာရောက်မည်ဖြစ်ကြောင်း အမေရိကန် သံရုံးက ယနေ့ (သြဂုတ် ၂၈ ရက်) တွင် သတင်း ထုတ်ပြန်သည်။

ဒေါက်တာရစ်ခ်ျမွန်သည် သိပ္ပံပညာရပ် နယ်ပယ်မျိုးစုံတွင် လုပ်ကိုင် ဆောင်ရွက်နေကြသော မြန်မာနိုင်ငံသားများ၏ စွမ်းဆောင်မှုများကို လေ့လာရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ခရီးစဉ်လည်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒေါက်တာ ရစ်ခ်ျမွန်သည် အော်ရေဂွန် တက္ကသိုလ်တွင် သိပ္ပံဌာန၏ ဥက္ကဋ္ဌနှင့် ဓာတုဗေဒ ပါမောက္ခ တစ်ဦးဖြစ်ကာ မဲခေါင်မြစ်ဝှမ်း နိုင်ငံများဖြစ်သော ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သိပ္ပံရေးရာ သံတမန်အဖြစ် ၂၀၁၅ ခုနှစ်တွင် အမေရိကန် နိုင်ငံခြားရေးရာ ဝန်ကြီးဂျွန်ကယ်ရီက ခန့်အပ်ခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် သူ၏ မော်ကွန်းတင် စွမ်းဆောင်မှုများဖြစ်သော ရေမျက်နှာပြင်ပေါ်တွင် မော်လီကျူးဆိုင်ရာ ထူးခြားသည့် သွင်ပြင်လက္ခဏာများ ရှာဖွေတွေ့ရှိမှု၊ သူ၏ ရှာဖွေတွေ့ရှိမှုများသည် ဇီဝဗေဒ၊ သဘာဝ ပတ်ဝန်းကျင်၊ ဓာတုဗေဒနှင့် နည်းပညာဆိုင်ရာ အဓိက ဖြစ်စဉ်များအပေါ်တွင် မည်သို့ သက်ရောက်မှု ရှိကြောင်းကို တီထွင်သာဓက ပြသနိုင်မှု၊ အမေရိကန် ပြည်ထောင်စု အပါအဝင် ကမ္ဘာတစ်ဝန်းရှိ သိပ္ပံပညာရပ် နယ်ပယ်အတွင်းမှ အမျိုးသမီးများကို မြှင့်တင်ရေးအတွက် သူ၏ ထူးခြားပြောင်မြောက်သော စွမ်းဆောင်မှုတို့အတွက် အမျိုးသား သိပ္ပံဆုတံဆိပ်ကို သမ္မတ အိုဘားမားက ပေးအပ်ချီးမြှင့်ခြင်း ခံခဲ့ရကြောင်းလည်း အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

============
The Voice

http://thevoicemyanmar.com/news/1247-amr
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.