အိုစမာဘင်လာဒင် ခြေမှုန်းခဲ့သူတဦး ဒေါ်လာ ၆သန်းခွဲ လျှော်ရ



ဘင်လာဒင် ဖမ်းဆီးစဉ် Mark Owen အတွေ့ကြုံတွေ ရေး ထားသည့် "No Easy Day" စာအုပ်
အိုဆမာဘင်လာဒင်ကို စီးနင်းပစ်ခတ်ရာမှာ ကိုယ်တိုင်ပါဝင်သူ အမေရိကန်ရေတပ် အထူးတပ်ဖွဲ့ဝင် ဟောင်းတဦးက သူ့ရဲ့အခန်းကဏ္ဍ အကြောင်း ရေးတဲ့ စာအုပ်နဲ့ ပတ်သက်ပြီး၊ အစိုးရကို ဒေါ်လာ(၆.၆)သန်း ပေးလျှော်ရမှာဖြစ်ပါတယ်။ ကာကွယ်ရေး ဌာနရဲ့ကင်းလွတ်ခွင့် ပေး မထားတဲ့ အထောက်အထားတွေ၊ လျှို့ဝှက်သဘောတူညီချက်တွေကို ချိုးဖေါက်မှုအတွက် ခုလိုလျှော်ရတာဖြစ် တယ်လို့ ပြည်ထောင်စု တရားရုံးကို ကိုးကားပြီး APသတင်းဌာနက ရေးပါတယ်။

ရေတပ် အထူးတပ်ဖွဲ့ဝင်ဟောင်း Matt Bissonnette က Mark Owen ဆိုတဲ့ ကလောင်နာမည်နဲ့ ရေးသားတဲ့ “No Easy Day'' စာအုပ်ကရတဲ့ အမြတ်အားလုံးနဲ့ အကြိမ်ကြိမ် ထုတ်ဝေခွင့်က ရမယ့်အမြတ်တွေ၊ ရုပ်ရှင်ရိုက်ကူးရင် ရမယ့် အမြတ်ေ တွအားလုံး - အစိုးရကို လျှော်ရမှာ ဖြစ်ပါတယ်။ စာအုပ်ရောင်းရငွေ ပမာဏ ကတော့ ဒေါ်လာ ၆.၆သန်း မက ရှိနေပြီဖြစ်ပါတယ်။ ဒီငွေကို ပေးလျှော်ဖို့အတွက် သူ့အနေနဲ့ အချိန် ၄နှစ် ရရှိမှာဖြစ်ပါတယ်။

တရားရေးဌာနပြောခွင့်ရသူ Nicole Navas ကအခု သဘောတူညီမှုဟာ Bissonnette ရဲ့စစ်ရေးတာဝန် ထမ်းဆောင်ခဲ့မှုကို သိက္ခာကျ ဆင်းစေဖို့ လုပ်တာ မဟုတ်ပဲ ၊ စစ်မှုထမ်းတွေ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းကို ခိုင်မာစေခြင်း သာဖြစ်တယ်လို့ ဆိုပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.