ဇီကျင်ပင်းက မြစ်ဆုံဆည်ကိစ္စ အထူးတလည် ပြောကြားမှု မပြုခဲ့

တရုတ်သမ္မတ ဇီကျင်ပင်းသည် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သောကြာနေ့က တွေ့ဆုံ ဆွေးနွေးရာတွင် တရုတ် ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်နေသည့် ဒေါ်လာ ၃.၆ ဘီလီယံတန် ဆိုင်းငံ့ခံ မြစ်ဆုံဆည် စီမံကိန်းနှင့် ပတ်သက်၍ အထူးတလည် ထည့်သွင်း ပြောကြားခဲ့ခြင်း မရှိကြောင်း တရုတ်သတင်းဌာနများက ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ပွဲများ အဆုံးသတ်နိုင်ရေးအတွက် သမ္မတ ဇီကျင်ပင်းက “မြန်မာပြည်သူတွေဟာ တိုင်းပြည်ရဲ့ ကောင်းမွန်တဲ့ အနာဂတ်အတွက် စတင်မယ့် နေရာမှာ ရောက်ရှိနေပါတယ်။ နှစ်နိုင်ငံ ပြည်သူတွေအတွက် အကျိုးစီးပွားဖြစ်ထွန်းဖို့နဲ့ အပြန်အလှန် ဆက်သွယ်မှု မြှင့်တင်ဖို့ ကျွန်တော်တို့ မှန်ကန်တဲ့ လမ်းကြောင်းမှာ ရှိနေရပါမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်အား ပြောကြားခဲ့သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး အာစီယံပြင်ပ နိုင်ငံခြားခရီးစဉ် ဖြစ်သည့် ၅ ရက်ကြာ တရုတ်နိုင်ငံခရီးစဉ်မှာ မြစ်ဆုံဆည်နှင့် အခြား ဆည်ကြီးများ ပြသ၁နာ၏ လွှမ်းမိုးမှုရှိနေသည်။ တရုတ် ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်နေသည့် ဒေါ်လာ ၃.၆ ဘီလီယံတန် စီမံကိန်းမှာ ၂၀၁၁ ကတည်းက ဆိုင်းငံ့ခံထားရပြီး တရုတ်က စီမံကိန်းပြန်စရန် ထိုစဉ်ကတည်းက လိုလားလျက်ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်က မြစ်ဆုံဆည် တည်ဆောက်မှု ပြန်လည်စတင်ရန် ရှိမရှိ တရုတ်ခရီးစဉ်တွင် ပြောကြားခြင်းမရှိဘဲ စီမံကိန်းကို ပြန်လည်သုံးသပ်ရန် ကော်မတီတစ်ခု ဖွဲ့စည်းထားကြောင်းသာ ပြောကြားခဲ့သည်။

ရှန်ဟိုင်း နိုင်ငံတကာလေ့လာရေး အင်စတီကျု၊ အာရှပစိဖိတ်စင်တာမှ ဒါရိုက်တာ ကျောက်ဂန်ချန်က မြစ်ဆုံဆည်စီမံကိန်းနှင့် ပတ်သက်၍ နှစ်နိုင်ငံ အပေးအယူလုပ် ညှိနှိုင်းမှုတစ်ခုခုလုပ်ရန် ဖြစ်နိုင်ခြေရှိကြောင်း သင်္ကေတ ဖြစ်သည်ဟု ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။ ယင်းက “ဒီပြသ၁နာကို မှန်ကန်စွာ ကိုင်တွယ်နိုင်ရင် နှစ်နိုင်ငံကြား အနာဂတ် ကုန်သွယ်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် အထောက်အကူ ဖြစ်စေမှာပါ။” ဟု ဆိုသည်။

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့၊ လိုဝီနိုင်ငံတကာ မူဝါဒ အင်စတီကျုမှ အရှေ့အာရှဆိုင်ရာ သုတေသနပညာရှင် အာရွန်ကော်နယ်လီက ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တရုတ်နှင့် ပြည်တွင်း ဆန့်ကျင်သူအချို့ကို နှစ်သိမ့်နိုင်ရန် အခြားရွေးချယ်စရာ အစီအစဉ်တစ်ခု အဆိုပြုနိုင်သည်ဟု ပြောကြားသည်။

ယင်းက “မြန်မာဘက်ကို မေးစရာရှိတာက ဧရာဝတီမြစ်ပေါ်မှာ စင်ကာပူလောက်ကျယ်တဲ့ ရေကန်ကြီး မဖြစ်ပေါ်စေဘဲ ပါဝင်ပတ်သက်သူတွေ လက်ခံနိုင်မယ့် အခြားရွေးချယ်စရာတစ်ခုခု အဆိုပြုနိုင်မလားဆိုတာပါပဲ” ဟု ဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ အလွန်ထင်ရှား လူသိများသူဖြစ်တဲ့အတွက် ဘယ်လို နိုင်ငံရေးသဘောတူညီမှုတွေ ရဖို့ ဘယ်လိုလုပ်ဆောင်မယ်ဆိုတာ နဲ့ ပတ်သက်ပြီး မကြာခဏ အံ့အားသင့်စရာတွေ ဖြစ်စေပါတယ်” ဟု ကော်နယ်လီက ပြောကြားသည်။

မေခနှင့် မလိခ မြစ်ဆုံဒေသတွင် တည်ဆောက်မည့် ဆည်စီမံကိန်းမှာ ငလျင်ပြတ်ရွေ့ကြောနှင့် ကီလိုမီတာ ၁၀၀ ခန့်အကွာတွင် တည်ရှိပြီး မြစ်အောက်ပိုင်းနေ လူထုအပေါ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကြီးမားသော သက်ရောက်မှုများ ရှိစေသည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များက ဝေဖန်ထားသည်။ အလွန်လှပသည့် ရှုခင်းများရှိရာ မြစ်ဆုံဒေသသည် မြန်မာနိုင်ငံ၏ အရှည်ဆုံးမြစ်ဖြစ်သည့် ဧရာဝတီမြစ် စတင်ရာဖြစ်သဖြင့် အမျိုးသား အမွေအနှစ်ဒေသ အဖြစ် ပြည်သူများက မှတ်ယူထားကြသည်။

KHTun

The Ladies News

Ref - Xinhua, CCTV
The Ladies News

COMMENTS

Name

art,1,article,1293,cartoon variety,22,crime,63,culture,1,documentary,7,Entertainment,5,health,30,history,2,international,6910,interview,212,knowledge,7,Live,8,LocalNews,14993,news,2842,opinion,757,photos,202,poem,115,satires,38,song,12,speech,12,sports,132,statement,59,technic,52,translate,33,video,1065,voice,76,
ltr
item
dawnmanhon: ဇီကျင်ပင်းက မြစ်ဆုံဆည်ကိစ္စ အထူးတလည် ပြောကြားမှု မပြုခဲ့
ဇီကျင်ပင်းက မြစ်ဆုံဆည်ကိစ္စ အထူးတလည် ပြောကြားမှု မပြုခဲ့
https://4.bp.blogspot.com/-oCMs88HoXeg/V7nH680R8pI/AAAAAAAAYu8/1S-PpAIPJeUz2USN-LUE5ycR8XTPdUP9gCLcB/s640/q1.jpg
https://4.bp.blogspot.com/-oCMs88HoXeg/V7nH680R8pI/AAAAAAAAYu8/1S-PpAIPJeUz2USN-LUE5ycR8XTPdUP9gCLcB/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2016/08/blog-post_292.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2016/08/blog-post_292.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy