မြို့ပတ်ရထားလမ်းနှင့် ကားလမ်းဆုံရာ ဂိတ်၂၅ ဂိတ်ကို အော်တိုစနစ်ဖြင့် ထိန်းချုပ်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့ပတ်ရထားများပြေးဆွဲရာတွင် ရထားလမ်းနှင့်ကားလမ်းဆုံသည့် ဂိတ် ၂၅ ဂိတ်အား အချက်ပြမည့်လူ မထားရှိတော့ဘဲ အော်တိုစနစ်ဖြင့် ထိန်းချုပ်သွားရန် ၂၀၁၆ နှစ်အတွင်း စတင်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

''ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းမှာ ရထားလမ်းနဲ့ ကားလမ်း ဆုံတဲ့ဂိတ် ၂၅ ဂိတ်ရှိတယ်။ အဲဒီဂိတ်တွေကို ရထားလာတဲ့အခါ အချက်ပြတဲ့ လူမထားတော့ဘဲ အော်တိုစနစ်နဲ့ အချက်ပြထိန်းချုပ်ရေးပြုလုပ်သွားမှာပါ။ ဒီစနစ်ကို ၂၀၁၆ ခုနှစ်အတွင်းမှာပဲလုပ်မှာဖြစ်ပါတယ်။ အခုကကွင်း ဆင်းစစ်ဆေးမှုလုပ်နေပြီးနောက် ချက်ချင်းအကောင်အထည်ဖော် ဆောင်ရွက်သွားမှာပါ။ အဲဒီစနစ်ကို ကျန်ခဲ့တဲ့ ခြောက်လလောက်ကတည်းက ကျန်စစ်သားဂိတ်မှာစမ်းသပ်တာ အောင်မြင်ပြီး ဖြစ်ပါတယ်''ဟု ရန်ကုန်ဘူတာကြီး တိုင်း (၇) မန်နေဂျာဦးကျော်စိုးလင်းက News Watch သို့ ပြော သည်။

မြို့ပတ်ရထားလမ်းရှိ ဂိတ် ၂၅ ဂိတ်အား အော်တိုစနစ်ဖြင့် အချက်ပြခြင်းလုပ်ငန်းကို မြန်မာ့မီးရထားနှင့် ဂျိုက်ကာတို့ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ရထားများ အခေါက်ရေများများပြေးဆွဲနိုင်မည်ဖြစ်ပြီး အချိန်ကြန့်ကြာမှုပါ လျော့နည်းနိုင်မည်ဖြစ်ကြောင်း ဦးကျော်စိုးလင်းက ဆက်လက်ပြောသည်။
''အခုက မြို့ပတ်ရထားအနေနဲ့ တရက်ကို ၂၁၅ ခေါက် ပြေးဆွဲတယ်။ အချိန်အားဖြင့်လည်း မြို့တပတ်လုံးကို ၂ နာရီနဲ့ ၅၅ မိနစ်ကြာတယ်။ အော်တိုစနစ်ထားရှိမယ်ဆိုရင် ရထားအခေါက်ရေလည်း ပိုဆွဲနိုင်ပြီး အချိန်ကြန့်ကြာမှုလည်း လျော့နည်းသွားမှာဖြစ်တယ်''ဟု ၎င်းကပြောသည်။
ရန်ကုန်မြို့ပတ်ရထားလမ်းတလျှောက်တွင် အစိုးရမှပြုလုပ်ထားသော ရထားလမ်းနှင့် ကားလမ်းဆုံရာ တရားဝင် ဂိတ်ပေါင်း ၂၅ ဂိတ်သာရှိသော်လည်း ဒေသခံများက တရားမ၀င် ပြုလုပ်ထားသည့်ဂိတ် ၁၅ ဂိတ်ခန့်ရှိကြောင်း အဆိုပါ ဂိတ်များ ပယ်ဖျက်ပေးရန် ဥပဒေနှင့်အညီ မြန်မာ့မီးရထားမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

နောင်လေး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.