ရီယို အိုလံပစ် မြန်မာ မြားပစ် ၊ဂျူဒို နဲ့ ရေကူး ယနေ့ညယှဉ်ပြိုင်မည်

ဩဂုတ် ၁၁ ။ ဒီကနေ့ညမှာ အိုလံပစ်ပြိုင်ပွဲရဲ့ မြားပစ်ပြိုင်ပွဲ၊ ဂျူဒိုပြိုင်ပွဲ နဲ့ ရေကူးပြိုင်ပွဲတို့မှာ မြန်မာကစားသမားတွေ ယှဉ်ပြိုင်ကြမယ်လို့သိရပါတယ်။

မြားပစ်အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲရဲ့ ၁၆ဦးအဆင့်ရှုံးထွက်ပွဲစဉ်မှာ မြန်မာမြားပစ်မယ် စန်းယုထွေးက တောင်ကိုရီးယားမြားပစ်မယ် ကီဘိုဘေးနဲ့ ဒီကနေ့ည ၇နာရီဝန်းကျင်မှာ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ဒီအဆင့်ကိုကျော်ဖြတ်နိုင်ခဲ့ရင်တော့ စန်းယုထွေးဟာ တရုတ်မြားပစ်မယ်တစ်ဦးနဲ့ ကွာတားဖိုင်နယ်ကိုဆက်လက်ယှဉ်ပြိုင်ရမှာပါ။ မြားပစ်ကွာတားဖိုင်နယ်ပွဲတွေကို ဒီကနေ့ ကြာသပတေးနေ့ည ၁၂နာရီကျော် (သောကြာနေ့မနက် ၀၀: ၃၀ဝန်းကျင်) မှာကျင်းပမယ်လို့သိရပါတယ်။

ဒီကနေ့ညမှာပဲ မြန်မာအားကစားအဖွဲ့ရဲ့ နောက်ထပ်ပြိုင်ပွဲတစ်ခုက အမျိုးသား ကီလို ၁၀၀ ဂျူဒိုပြိုင်ပွဲဖြစ်ပြီး မြန်မာဂျူဒိုသမား ရန်နိုင်စိုးက ထရီနီဒက်အင်န်တိုဘာဂိုအသင်းက ကစားသမားနဲ့ ၃၂ဦးအဆင့် ရှုံးထွက်ပွဲအဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အဆိုပါဂျူဒိုပြိုင်ပွဲတွေကို ည ၇:၄၄ မှာစတင်ကျင်းပမှာဖြစ်ပြီး မြန်မာပွဲက ည ၈:၃၀ ဝန်းကျင်လို့ သိရပါတယ်။ မြန်မာကစားသမားအနေနဲ့ နောက်ထပ်တစ်ဆင့်ကိုကျော်ဖြတ်နိုင်ခဲ့ရင် ယင်းနေ့ည ၉နာရီနောက်ပိုင်း ပြုလုပ်မယ့် ရှုံးထွက်ပွဲစဉ်တွေကိုဆက်လက်ယှဉ်ပြိုင်ရမယ်လို့ သိရပါတယ်။

ရေကူး မီတာ ၁၀၀ လိပ်ပြာကူးပြိုင်ပွဲရဲ့ Heat 1 မှာ မြန်မာရေကူးသမား သင့်မြတ် ဝင်ပြိုင်မှာဖြစ်ပြီး ဒီကနေ့ည ၁၁:၄၆ နာရီမှာ စတင်မယ်လို့ သိရပါတယ်။

(အထက်ပါအချိန်များဟာ မြန်မာစံတော်ချိန်များဖြစ်ပါတယ်)

မြန်မာအားကစားအသင်း ပါဝင်ယှဉ်ပြိုင်နေတဲ့ ပွဲချိန်စာရင်းတွေကို အောက်ပါ ကုမုဒြာဝက်ဘ်ဆိုက်လင့်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

http://goo.gl/lBuBST
Kumudra
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.