အစိုးရနဲ့ အရပ်ဖက် ပူးပေါင်းဖို့ မန္တလေးတိုင်း ဝန်ကြီးချုပ်ပြောကြား


dr-winmyataye-620.jpg
မန္တလေးမြို့က ဟိုတယ်မန္တလေးမှာ သြဂုတ်လ ၆ ရက်နေ့က ကျင်းပတဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက အထက်မြန်မာပြည်အခြေစိုက်လူမှုရေးအသင်းဖွဲ့ ၄၀၀ ကျော်နဲ့ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အမှာစကားပြောကြားနေစဉ်
Photo: Hset Paing Toe/ RFA

လူမှုရေးလုပ်ငန်းလုပ်ဆောင်ရာမှာ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ကွဲပြားမနေဘဲ အစိုးရနဲ့ အရပ်ဖက်လူမှု အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် က ပြောပါတယ်။

ဒီနေ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အထက်မြန်မာပြည် ခြေစိုက် လူမှုရေးအသင်းဖွဲ့ ၄၀၀ ကျော်နဲ့ မန္တလေးမြို့က ဟိုတယ်မန္တလေးမှာ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲမှာ ပြော ခဲ့တာဖြစ်ပါတယ်။

"အစိုးရဖွဲ့တစ်ဖွဲ့တည်းလုပ်လို့မရဘူးဆိုတာ ကျနော်တို့နားလည်ထားပါတယ်၊ ဘယ်သူ့အကူအညီ တွေလိုလဲ၊ ကျနော်တို့အရပ်ဖက် လူ့အဖွဲ့အစည်းတွေ အကူအညီလိုပါတယ်၊ ကျနော်တို့လက်တွဲ လုပ်ကြမယ်၊ အကွဲကွဲအပြားပြားမဖြစ်ဖို့လိုပါတယ်၊ ဒါကြောင့်ဒီနေ့ခေါ်ရတဲ့ရည်ရွယ်ချက်က လုပ်ငန်းတစ်ခု ကို ချောချောမွေ့မွေ့နဲ့ သတင်းအချက်အလက်ကအစ တစ်ကယ်ကို ထိထိရောက်ရောက်လုပ်တဲ့အချိန်ထိ ကျနော်တို့အစိုးရနဲ့ အရပ်ဖက်လူ့အဖွဲ့ အစည်းတွေ ချောချောမွေ့မွေ့လုပ်ဖို့ ဘယ်လိုထူထောင်ကြမလဲ၊ ဘယ်လိုဆက်သွယ်ကြမလဲ၊ ဘယ်လိုအချိန်နဲ့ တပြေးညီအကုန်လုံးတိတိ ကျကျဆောင်ရွက်နိုင် ဖို့ တွေ့ဆုံခြင်းဖြစ်ပါတယ်"

ပြည်သူတွေအတွက် ထိရောက်တဲ့ကူညီစောင့်ရှောက်မှုတွေ ရရှိနိုင်ဖို့ အစိုးရနဲ့ လူမှုရေး အသင်းအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်တယ်လို့လည်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောခဲ့ပါတယ်။

ရှေ့ဆက်လုပ်ဆောင်မယ့် လူမှုရေးလုပ်ငန်းတွေမှာ အစိုးရဌာနနဲ့ လူမှုရေးအသင်းအဖွဲ့တွေ ဘယ်လို ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုတာကို ညှိနှိုင်းဖို့ တွေ့ဆုံကြတာဖြစ်ပါတယ်။

ဆွေးနွေးပွဲကို မန္တလေးတိုင်းမှာရှိတဲ့ လူမှုရေးအသင်းဖွဲ့တွေအပြင် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက အသင်းအဖွဲ့တွေလည်း တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

လတ်တလောကြုံတွေ့နေရတဲ့ ရေဘေးကူညီကယ်ရေးလုပ်ငန်းမှာလည်း အစိုးရနဲ့ နယ်မြေခံ လူမှုရေးအသင်း အဖွဲ့တွေ ပူးပေါင်းဆောင်ရွက်နိုင်မှု အားနည်းခဲ့တဲ့အတွက် ကူညီမှုမရရှိဘဲ ကျန်နေခဲ့တဲ့နေရာတွေနဲ့ပတ်သက်ပြီး လည်း ဆွေးနွေးခဲ့ကြပါတယ်။

တွေ့ဆုံပွဲကို တက်ရောက်လာတဲ့ လူမှုရေးအသင်းအဖွဲ့ဝင် ၅၀၀ ကျော်က အစိုးရဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိကြောင်း ပြောဆိုဆွေးနွေးခဲ့ပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.