ကုလသမဂ္ဂ၏ လူ့အခွင့်အရေးစုံစမ်းရေးအရာရှိ မိမိတို့နိုင်ငံသို့ လာစရာမလိုကြောင်း ဖိလစ်ပိုင်သမ္မတ ဘွင်းဘွင်းရှင်းရှင်း ထုတ်ပြော


သြဂုတ် ၂၁ ။ ။ ဖိလစ်ပိုင်၏ မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းစဉ်များအတွင်း သတ်ဖြတ်နေမှုများကို စုံစမ်းစစ်ဆေးနိုင်ရန်အတွက် ယင်းနိုင်ငံသို့ သွားရောက်နိုင်မည်ဟု မျှော်လင့်ထားသော်လည်း သမ္မတ ဒူတာတေးကမူ မိမိလာမည်ကို မကြိုက်သည့်အကြောင်း တဲ့တိုးအိုးပေါက် အကြောင်းပြန်ထားခဲ့သည်ဟု ကုလ လူ့အခွင့်အရေး စုံစမ်းရေးအရာရှိက ပြောသည်။

နိုင်ငံတွင် အစိုးရသစ်၏ မူးယစ်နှိမ်နင်းရေးလုပ်ငန်းစဉ်အတွင်း သံသယရှိ တရားခံ ၁,၅၀၀ ကျော်ကို သုတ်သင်ရှင်းလင်းထားပြီးဖြစ်ကြောင်း ဖိလစ်ပိုင်ရဲချုပ်က ပြောကြားချက်အရ သိရသည်။

ဖိလစ်ပိုင်အစိုးရ၏ ယခုလုပ်ရပ်မှာ နိုင်ငံတကာ ဥပဒေများအရ ပြစ်မှုမြောက်ကြောင်း ကုလသမဂ္ဂက ဘက်က စွပ်စွဲထားခဲ့သည်။ သို့သော် ယင်းစွဲချက်များ မမှန်ကန်ကြောင်းနှင့် မယုံလျင် နိုင်ငံသို့ ကိုယ်တိုင်လာရောက်စုံစမ်းနိုင်ကြောင်း ဖိလစ်ပိုင်ဥပဒေကောင်စီအကြီးအကဲ ဆယ်လ်ဗာဒို ပါနယ်လိုက အစောပိုင်းက မိမိထံသို့အကြောင်းကြားခဲ့ကြောင်း ကုလ အရာရှိက ပြောသည်။

“ ဥပဒေကောင်စီအကြီးအကဲက ကျွန်မကိုလာဖို့ ဖိတ်ပါတယ်၊ ဒီလိုဆိုရင်တော့ သူတို့ နိုင်ငံကို သွားပြီး အစိုးရနဲ့ အခြားသက်ဆိုင်ရာတွေနဲ့ စေ့စပ်ညှိနှိုင်းပြီး ပြီးခဲ့တဲ့ကာလပိုင်းက မူးယစ်မှုနဲ့လူတွေ သေဆုံးခဲ့တဲ့ဖြစ်စဉ်တွေကို စုံစမ်းနိုင်မယ်လို့ ယူဆခဲ့တာပါ” ဟု ကုလအရာရှိ အေဂျင်စ် ကာလာမက်ဒ်က ပြောသည်။

သို့သော် ဥပဒေကောင်စီအကြီးအကဲ၏ ပြောကြားချက်များနှင့်ပတ်သက်၍ ကုလအရာရှိဘက်မှ တလွဲသဘောပေါက်ခဲ့ခြင်းသာဖြစ်ကြောင်း နှင့် မိမိတို့အစိုးရအနေဖြင့် မည်သူ့ကိုမှ ဖိတ်ကြားထားခြင်းမရှိကြောင်း သမ္မတဒူတာတေး၏ ပြောခွင့်ရပုဂ္ဂိုလ် အာနက်စ်တို အေဘယ်လာက သြဂုတ် ၂၀ ရက်တွင် အတည်ပြုသွားသည်။

“ ဖိလစ်ပိုင်အစိုးရအနေနဲ့ ဘယ်သူ့ကိုမှ နိုင်ငံကို လာပါလို့ တရားဝင်ဖိတ်ထားခြင်းမရှိပါဘူး၊ နောက်ပြီး ကုလကိုလည်း ကျွန်တော်တို့ရဲ့ နိုင်ငံကိစ္စတွေကို လာကြည့်ပါလို့ ပြောထားတာမျိုး မရှိပါဘူး” ဟု ၎င်းက ထုတ်ပြန်ပြောကြားသွားသည်။
Mizzima - News in Burmese

COMMENTS

Name

art,1,article,1293,cartoon variety,22,crime,63,culture,1,documentary,7,Entertainment,5,health,30,history,2,international,6921,interview,212,knowledge,7,Live,8,LocalNews,15009,news,2842,opinion,757,photos,202,poem,115,satires,38,song,12,speech,12,sports,132,statement,59,technic,52,translate,33,video,1065,voice,76,
ltr
item
dawnmanhon: ကုလသမဂ္ဂ၏ လူ့အခွင့်အရေးစုံစမ်းရေးအရာရှိ မိမိတို့နိုင်ငံသို့ လာစရာမလိုကြောင်း ဖိလစ်ပိုင်သမ္မတ ဘွင်းဘွင်းရှင်းရှင်း ထုတ်ပြော
ကုလသမဂ္ဂ၏ လူ့အခွင့်အရေးစုံစမ်းရေးအရာရှိ မိမိတို့နိုင်ငံသို့ လာစရာမလိုကြောင်း ဖိလစ်ပိုင်သမ္မတ ဘွင်းဘွင်းရှင်းရှင်း ထုတ်ပြော
https://4.bp.blogspot.com/-A9koEZFoqaE/V7lJ2xoL_ZI/AAAAAAAAYtQ/Ec4X7NFdnRYf1tEILi-M5QPqrmZdxfjIQCPcB/s400/q1.jpg
https://4.bp.blogspot.com/-A9koEZFoqaE/V7lJ2xoL_ZI/AAAAAAAAYtQ/Ec4X7NFdnRYf1tEILi-M5QPqrmZdxfjIQCPcB/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2016/08/blog-post_350.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2016/08/blog-post_350.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy