ဖီလစ်ပိုင် ကို အတု မခိုးသင့်

ယခု အခါ ဖေ့ဘုတ် စာမျက်နှာ များ ပေါ် တွင် ဖီလစ်ပိုင် တွင် သမ္မတ အဖြစ် ရွေးချယ် တင်မြှောက် ခံရသော ဒူတာတေးရဲ့ မူးယစ်ဆေးဝါး နှိမ်နှင်းမှု များကို ချီးကျူး အားကျ သည့် အရေးအသား များ တွေ့လာရပါတယ်။

၎င်း အာဏာ ရခဲ့တဲ့ ဂျွန် ၃၀ ရက် မှ သြဂုတ် လ ၄ ရက်နေ့ အထိ အသတ် ခံခဲ့ရသူ ပေါင်း ၅၂၄ ဦး ရှိသွားပြီလို့ Phillipine Daily Inquirer မှ စာရင်း ပြုစုခဲ့ပါတယ်။ လူ ၆ သောင်းကျော် အာဏာပိုင်တွေ ဆီ အမြန် ပြေးဝင်ခိုလှုံလာကြရပါတယ်။

ဒီ နောက်ကွယ် က ဖြစ်ရပ်တွေကို လေ့လာကြည့်မယ်ဆိုရင် ဖီလစ်ပိုင် ပြည်သူ တွေရဲ့ ဘ၀ မလုံခြုံတော့ပဲ ကျီးလန့်စားစား ဖြစ်နေကြရပါတယ်။ ရဲ တွေ၊ တာဝန်သိ ပြည်သူ များ၊ မူးယစ် ဂိုဏ်း ခေါင်းဆောင် များ ရဲ့ လက်ချက် နဲ့ လူပေါင်းများစွာ အသက် ဆုံးပါးသွားခဲ့ရတာ ဖြစ်ပါတယ်။

သမ္မတ ကလည်း နှစ်ဆတိုးပြီး ကြိုးစားဖို့ မရရင် သုံးဆ တိုးပြီး လုပ်ကြဖို့ ရဲ တွေကို အမိန့်ပေးပြီး လစာတွေ တိုးမြှင့်ပေးပြန်ပါတယ်။

ရဲ တွေကို အာဏာကုန် လွှဲပေးခဲ့တာကြောင့် မိမိ မလိုလားသူ မှန်သမျှ ကို မူးယစ်ဆေး အရောင်းအ၀ယ်သမားလို့ ကင်ပွန်းတပ်တာ ခံခဲ့ရတဲ့ အပြင် ဆက်ကြေးငွေ တွေ တောင်းခံလာပါတယ်။ သာမန်ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေတဲ့ သူတွေပါ ဒီ ခေါင်းစဉ် အတပ်မခံချင်ရင် ရဲတွေကို ငွေ တွေ ပေးလာရတဲ့ အပြင် အိမ်နီးချင်း အချင်းချင်းပင် တယောက်ကို တယောက် မလိုရင် မလိုသလို ရဲ ကို သတင်းပေးကြ နဲ့ သူ့ ကိုယ်မယုံ ကိုယ့် သူမယုံရတဲံ အခြေ ဆိုက်လာနေပါတယ်။

သတ်ခြင်တယ်သူကို ခုခံမှု နဲ့ အချိန်မရွေး ပြစ်သတ်ခွင့် ရှိနေပြီး လူအချင်းချင်းလည်း တာဝန်သိ ပြည်သူ ဆိုကာ ၀င်သတ်နေကြပါတယ်။ ဒီလို သတ်နိုင်ခဲ့ရင် ဆုငွေတွေ လည်း ချီးမြှင့်သေးတယ် ဆိုပါတယ်။ ရဲ တွေကလည်း မူးယစ် အရောင်းအ၀ယ် လုပ်နေတယ် သံသယ ရှိတယ်ဆိုကာ အိမ်တံခါးမှာ စာလာကပ်ပြီး ရဲစခန်းကို လာတွေ့ဖို့ အမိန့်ပေးလိုက်ယုံ နဲ့ ငွေ ထုတ် ကိုင်ပြီး ရဲ စခန်းကို အမြန် ပြေးကြရတယ်လို့ သိရပါတယ်။

တရားဥပဒေ ဆိုတာလည်း ဒီကိစ္စမှာ မျက်ကွယ်ပြုလာနေပါတယ်။ မပြုလို့လည်း မရပါဘူး၊ ၀င်ရောက် ပြောဆိုခဲ့တဲ့ တရားသူကြီး၊ နိုင်ငံရေး သမား၊ စစ်ဖက် ကလူ ၁၅၀ ကို မူးယစ်ဆေးဝါးမှု နဲ့ ပါတ်သက်နေတယ် ဆိုပြီး သမ္မတ က မနေ့ က စွပ်စွဲ လိုက်ပြီ ဖြစ်ပါတယ်။ ဒီအတွက် အဆိုပါ လူ ၁၅၀ က ၂၄ နာရီ အတွင်းလာရောက် အဖမ်းခံဖို့ပါ အမိန့်ပေးပြီး အဖမ်းမခံပါ တနိုင်ငံလုံး တောနင်းရှာမယ်လို့ ဆိုပါတယ်။

သို့အတွက် အပြစ်ရှိသူများက မထောင်းတာလှပေမယ့် အမှန်တကယ် အပြစ်မဲ့သူတွေအတွက် ခိုကိုးရာ တရားဥပဒေ ဆိုတာ မရှိတော့ပါဘူး၊ နိုင်ငံရေး အရ၊ စီးပွားရေးအရ၊ လူမှုရေး အရ မလိုမုန်းထားသူ တွေ အကုန်လုံး တနည်းမဟုတ် တနည်း စွပ်စွဲ ခံနေကြရပါတယ်။

ဓါတ်ပုံထဲမှာ တွေ့ရတာကတော့ I am a pusher (မူးယစ်ဆေး ရောင်းသူပါ) ဆိုင်းပိုဒ် ဘေးမှာ ထောင်ပြီး အသတ်ခံခဲ့ရတဲ့ လူကို ဇနီးသည်က ပွေ့ဖက်ထားတဲ့ ပုံ ဖြစ်ပါတယ်။

ဒီမိုကရေစီ က နုနု အချိန်မှာ အခုလို သမ္မတ က အပြစ်ရှိသူ တရာ လွတ်နေပါစေ အပြစ်မဲ့သူတယောက် ကို မှား မဖမ်းမိပါစေ နဲ့ ဆိုတဲ့ တရားဥပဒေ ကို မျက်ကွယ်ပြုပြီး ထင်ရာမြင်ရာ တွေ လုပ်လာတဲ့ အတွက် ကျီးလန့်စာစား ဖြစ်နေရတဲ့ ဘ၀ မျိုး ဖီလစ်ပိုင် ပြည်သူ တွေ ရောက်နေတာ ကို သိသင့်ပါတယ်။

ကိုးကား၊ ၊ CNN

HSW(Hla Soewai)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.