ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ တာဝန်မှ ဦးသိန်းစိန် အနားယူပြီ



ဦးသန်းဌေး ။ ။ Photo - Ministry Of Energy
ရန်ကုန်၊ သြဂုတ် ၂၃ ။ ။ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့သူ နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန် သည် ၎င်း၏ လက်ရှိ တာဝန်မှ အနားယူလိုက်ပြီဖြစ်ကြောင်း ယင်းပါတီထံမှသိရသည်။

နေပြည်တော်ကောင်စီနယ်မြေ၌ ယနေ့ ပြုလုပ်လျက်ရှိသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ညီလာခံတွင် ပါတီ ဥက္ကဋ္ဌ အဖြစ် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဟောင်း ဦးသန်းဌေး ကို ရွေးချယ်လိုက်ကြောင်း ယင်းပါတီ ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သူ ဦးအုန်းမြင့်၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

ထို့အပြင် ပါတီ ဒုတိယဥက္ကဋ္ဌ အဖြစ် မူလတာဝန်ယူခဲ့သူ ဦးဌေးဦးကိုလည်း တာဝန်မှ အနားပေးလိုက်ပြီး ၎င်း၏ နေရာတွင် ယခင်အစိုးရလက်ထက်က ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဖြစ်ခဲ့သူ ဦးမြတ်ဟိန်းကို ရွေးချယ်ခန့်အပ်ကြောင်း ဖော်ပြထားသည်။
အဆိုပါ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခန့်အပ်ခံရသူ ဦးသန်းဌေးသည် တပ်မတော်တွင် ဗိုလ်မှူးချုပ်ဟောင်း အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်ကာ နိုင်ငံတော်သမ္မတဟောင်း ဦးသိန်စိန် အစိုးရလက်ထက်တွင် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သည်။

ထို့အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ အပါအ၀င် တိုင်းဒေသကြီး၊ ပြည်နယ် ဥက္ကဋ္ဌနေရာ အများစုတွင် မူလလူဟောင်းများကို ပြန်လည် ရွေးချယ်ခန့် အပ်ခြင်း မပြုတော့ကြောင်း ယင်းပါတီထံမှသိရသည်။

Hinthar Media Corporation
https://www.facebook.com/hintharmediacorporation
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.