မြေကိစ္စတရားစွဲဆိုခံရသည့် ပြင်ဦးလွင်မြို့မှ တောင်သူများ ဆန္ဒထုတ်ဖော်မှုပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ ထုံးဘိုကျေးရွာ၊ မိုးကြိုးပစ်စံပြကျေးရွာနှင့် မင်းတဲကွင်းကျေးရွာ တောင်သူများအား တရားဥပဒေမဲ့ တရားစွဲဆိုနေသော အာဏာပိုင်များနှင့် ဥပဒေကို မျက်ကွယ်ပြုနေသည့် မြို့နယ်တရားစွဲ အဖွဲ့အစည်းများကို အစိုးရက အရေးယူပေးရန်ဟုဆိုကာ တောင်သူအင်အား(၂၀၀)ကျော်က သြဂုတ် ၂၆ ရက်၊ နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ပေါ်၌ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရှိရသည်။

"ကျွန်တော်တို့ ဘိုးဘွားအစဉ်အဆက် လုပ်ကိုင်ခဲ့တဲ့ မြေဧက(၁၀၀)ကျော်ကို အသိမ်းခံရတယ်။ မြေလည်း အသိမ်းခံရတယ်။ ကျွန်တော်တို့ကိုလည်း ပြန်ပြီး တရားစွဲထားတယ်။ ဘာပုဒ်မတွေနဲ့ စွဲဆိုတယ်ဆိုတာတော့ မသိပါဘူး။ ပုဒ်မ(၃)ခုနဲ့ တရားအစွဲခံထားရတာပါ။ ဒီအတွက်မကျေနပ်လို့ အခုလို ဆန္ဒထုတ်ဖော်ကြတာပါ" ဟု ထုံးဘို ကျေးရွာမှ တောင်သူ ဦးညွှန့်စိန်ကပြောသည်။

၎င်းတို့ကျေးရွာအတွင်းရှိ ဘိုးဘွားပိုင်မြေများကို သိမ်းဆည်းခံထားရသောကြောင့် မိသားစုစားဝတ်နေရေး အခက်အခဲဖြင့် ကြုံတွေ့နေရသဖြင့် ခွင့်ပြုမိန့်ယူ ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း ထုံးဘိုကျေးရွာမှ တောင်သူတို့က ဆိုသည်။

"ကျွန်မတို့မြေတွေကို အာဏာပိုင်တွေနဲ့ပေါင်းပြီး ခြံစည်းရိုးတွေခတ်ပြီး သိမ်းယူခံရတယ်။ ကျွန်မတို့က ၂၀၁၅ ခုနှစ်(၁)လပိုင်းကစပြီး တရားလည်း စွဲဆိုခံရတာပါ။ သူတို့က ကျွန်မတို့ရဲ့မြေယာပေါ်မှာ ကော်ဖီစိုက်ခင်း စီမံကိန်း ဆိုပြီးလာလုပ်တယ်။ ဒါပေမယ့် မအောင်မြင်ပါဘူး"ဟု ထုံးဘိုကျေးရွာမှ ဒေါ်သန်းသန်းမြင့်က ပြောသည်။

ပြင်ဦးလွင်မြို့နယ်ရှိတောင်သူများ စုပေါင်းလမ်းလျှောက် ဆန္ဒထုတ်ဖော်ရာတွင် ပြင်ဦးလွင်မြို့အဝင်၊ ကန်ပတ်လမ်း လမ်းဆုံမှ စတင်၍ ချီတက်လမ်းလျှောက်ခဲ့ပြီး မန္တလေး-လားရှိုးကားလမ်းအတိုင်း ဈေးလေးအဝိုင်းထိပတ်ကာ ရုံးပေါင်းစုံနေရာအထိ လမ်းလျှောက်ခဲ့ကြောင်း သိရသည်။

“အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ ဌာနဆိုင်ရာတွေဟာ အဂတိတွေကို ရှေ့တန်းတင်နေကြတယ်။ ဒါကို အထက် က မသိဘူးလား။ သိခဲ့တယ်ဆိုရင်လည်း ဘာကြောင့် အရေးယူမှုတွေမလုပ်တာလဲ၊ တရားစီရင်မှုတွေ မှန်ကန်မှု မရှိလို့ အခုလို ပြည်သူတွေက လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်နေရတာပါ။ အစိုးရအနေနဲ့ အခုလို ပြည်သူတွေ အနိုင်ကျင့် ခံနေရတာကို ဖြေရှင်းပေးဖို့လိုပါတယ်"ဟု ဆန္ဒပြပွဲကို ဦးဆောင်သည့် တရားလွှတ်တော်ရှေ့နေကြီး ဦးဇော်ဝင်းက ပြောသည်။

အဆိုပါ တောင်သူများက ဆန္ဒထုတ်ဖော်ရာတွင် ထုံးဘိုကျေးရွာအတွင်းရှိ တောင်သူပိုင်မြေများကို ပြန်လည်ပေးအပ်ရန်၊ မူလတောင်သူများ လုပ်ကိုင်ခဲ့သော လယ်ယာမြေများ ပြန်လည်ရရှိရေး၊ တောင်သူများအပေါ် ရက်စက် နေသူ ပြင်ဦးလွင် အာဏာပိုင်အဖွဲ့နှင့် ဥပဒေကို မျက်ကွယ်ပြုနေသော တရားသူကြီးများ အလိုမရှိကြောင်းနှင့် မတရားဖမ်းဆီးထားသော တောင်သူများကို ချက်ချင်းလွှတ်ပေးရန် အစရှိသည်တို့ကိုလည်း ကြွေးကြော်ခဲ့ကြသည်။

MMK
The Ladies News
http://www.theladiesnewsjournal.com/news/sat-2016-08-27-1044/3127

COMMENTS

Name

art,1,article,1293,cartoon variety,22,crime,63,culture,1,documentary,7,Entertainment,5,health,30,history,2,international,6948,interview,213,knowledge,7,Live,8,LocalNews,15057,news,2842,opinion,757,photos,202,poem,115,satires,38,song,12,speech,12,sports,132,statement,59,technic,52,translate,33,video,1065,voice,76,
ltr
item
dawnmanhon: မြေကိစ္စတရားစွဲဆိုခံရသည့် ပြင်ဦးလွင်မြို့မှ တောင်သူများ ဆန္ဒထုတ်ဖော်မှုပြုလုပ်
မြေကိစ္စတရားစွဲဆိုခံရသည့် ပြင်ဦးလွင်မြို့မှ တောင်သူများ ဆန္ဒထုတ်ဖော်မှုပြုလုပ်
https://3.bp.blogspot.com/-cBeR__2JK_k/V8EpGKgEH_I/AAAAAAAAY1E/29EA68y29Wcdn8SErLqZDTrhSZgmBYWAACLcB/s1600/q1.jpg
https://3.bp.blogspot.com/-cBeR__2JK_k/V8EpGKgEH_I/AAAAAAAAY1E/29EA68y29Wcdn8SErLqZDTrhSZgmBYWAACLcB/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2016/08/blog-post_400.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2016/08/blog-post_400.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy