တောင်ဥက္ကလာအားကစား ကွင်းမြေနေရာကိစ္စ လွှတ်တော်မှာ တင်ပြ

 winkhaing-620.jpg ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်က အားကစားပန်းခြံ မြေနေရာနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်မှာတင်ပြနေစဉ်
Photo: Win Naung Toe/ RFA

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ၉ ရပ်ကွက်က အားကစားပန်းခြံ မြေနေရာဟာ ကြံ့ခိုင်ဖံွ့ဖြိုးရေးအသင်း နာမည်နဲ့ အရင်အစိုးရ လက်ထက်က နှစ် ၆၀ မြေငှားဂရမ် ချထားပေးတာဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင် က ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

အဲဒီမြေနေရာကို အားကစားပန်းခြံအား ပြန်လည်ခွင့်ပြုပေးဖို့ အစိုးရရဲ့ဆောင်ရွက်ထားတဲ့ အခြေအနေကို တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစောနိုင်က မေးမြန်းရာမှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကိုယ်စား ၀န်ကြီး ဦးဝင်းခိုင် က ဖြေကြားခဲ့တာဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဖြေကြားပြီးတဲ့နောက် ကိုယ်စားလှယ် ဒေါက်တာစောနိုင် ကြံ့ခိုင်ဖံွ့ဖြိုးရေး ပါတီနာမည်နဲ့ ပိုင်ဆိုင်နေတာကို ဥပဒေနဲ့ညီ မညီ စီစစ် သုံးသပ်ပေးဖို့ ထပ်ပြီး တင်ပြခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်ကလည်း ဒေါက်တာစောနိုင်ရဲ့ ထပ်ဆင့်တင်ပြမှုကို ထောက်ခံပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကို သေချာအောင်မေးမြန်းပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

အဲဒီမြေနေရာမှာ ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီရုံး ဆောက်လုပ်ဖို့ ပြင်ဆင်နေတာကို ရပ်ကွက်နေ ပြည်သူတွေက ကန့်ကွက်နေကြသလို ၂၀၁၃ ခုနှစ်ကစပြီး အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဟောင်း ဦးဖုန်းမြင့်အောင်က တစ်ကိုယ်တော်ဆန္ဒပြခဲ့ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ဦးကိုကိုကြီးနဲ့ အခုမေးခွန်းမေးမြန်းတဲ့ ကိုယ်စားလှယ် ဒေါက်တာစောနိုင်တို့က လူအင်အား ၂၀၀ လောက်နဲ့ ဆန္ဒပြကန့်ကွက်တာတွေ ရှိခဲ့ပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.