ပဒိုမန်းရှာဆု ဘားအံလူငယ် ရရှိ


padoh-mahn-sha-lah-phan-620.jpg
မဲဆောက်မြို့နေအိမ်မှာ ၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ က လုပ်ကြံခံခဲ့ရတဲ့ KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလားဖန်းပုံ
Photo: Zoya Phan's Facebook

၂ဝ၁၅ ခုနှစ်အတွက် ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကို ကရင်ပြည်နယ် ဘားအံမြို့ရှိ ဘားအံ လူငယ်အဖွဲ့က လူမှုရေးတတ်ကြွလှုပ်ရှားသူ စ ရှိုင်း ဆိုသူက ရရှိတယ်လို့ ဖန်း ဖောင်ဒေးရှင်း အဖွဲ့က ဒီကနေ့ ထုတ်ပြန်ကြေညာ ပါတယ်။

ကွယ်လွန်သူ KNU ကရင်အမျိုးသားအစည်းအရုံး အတွင်းရေးမှူး ပဒိုမန်းရှာကို ဂုဏ်ပြုတဲ့ အထိမ်းအမှတ်အဖြစ် ထူထောင်ထားတဲ့ ဖန်းဖောင်ဒေးရှင်းက ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ လူမှုရေး ကျန်းမာရေး၊ ပညာရေး၊ လူ့အခွင့်ရေး၊ ရိုးရာယဉ်ကျေးမှု စတဲ့ကဏ္ဍတွေမှာ တတ်ကြွစွာဆောင်ရွက်တဲ့ အသက် ၃၅ နှစ်အောက် လူငယ်တွေ ကို နှစ်စဉ်ရွေးချယ်ပြီး ချီးမြှင့်ပေးအပ်တာ ဖြစ်တယ်လို့လည်း ဖန်း ဖောင်ဒေးရှင်းအဖွဲ့က မနန့်ဇိုရာဖန်းက ပြော ပါတယ်။

"ကရင်လူမျိုးပေါ့နော် အမျိုးသမီးဖြစ်ဖြစ်၊ အမျိုးသားဖြစ်ဖြစ် ပြီးတော့ လူမှုရေးလုပ်ငန်းတွေကို လှုပ်ရှားနေ တဲ့လူ၊ ကိုယ့်အသိုင်းအဝိုင်းမှာပေါ့နော် ဖွံ့ဖြိုးရေးတွေရော၊ လူမှုရေးရော၊ လူ့အခွင့်အရေး၊ ကရင်ရဲ့ရိုးရာ ယဉ်ကျေးမှုအတွက်ပါ၊ ကျန်းမာရေးကဏ္ဍမှာရော၊ ပညာရေးကဏ္ဍမှာရော၊ လူမှုအကျိုးဆောင်လုပ်ငန်းတွေ ကို လုပ်နိုင်တဲ့လူငယ်ခေါင်းဆောင်တစ်ယောက်ကို ကျမတို့ ရွေးတာဖြစ်ပါတယ်၊ အသက်အရွယ်ကတော့ ၃၅ နှစ်အောက်ဖြစ်ရမယ်"

ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆု ရရှိသူဟာ ချီးမြှင့်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၂ဝဝဝ ရရှိမှာဖြစ်ပြီး ၂ဝဝ၈ ခုနှစ်ကနေ ယနေ့အထိ ဒီဆုရရှိသူ ၈ ဦးရှိသွားပြီ ဖြစ်ပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.