န၀မတန်းကျောင်းသားနှစ် ဦး၊ ရေ ၁ပေခွဲခန့် ကျော်နေသော လမ်းကိုဆိုင်ကယ်နှစ်စီးဖြင့် ဖြတ်ကူးရာမှ ရေစီးဖြင့်မျောပါ သေဆုံး

လက်ပံတန်း၊ သြဂုတ်၁၃ ။ သြဂုတ်လ ၁၁ ရက် မနက်ပိုင်းက ၊ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့ အထက်တန်းကျောင်း(အ.ထ.က-၁)တွင်ပညာသင်ေ...


လက်ပံတန်း၊ သြဂုတ်၁၃ ။

သြဂုတ်လ ၁၁ ရက် မနက်ပိုင်းက ၊ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့ အထက်တန်းကျောင်း(အ.ထ.က-၁)တွင်ပညာသင်နေသော န၀မတန်းကျောင်းသားနှစ် ဦးသည် ရေကျော်နေသည့်မြင်ကွင်းများကို ကြည့်ရန်ဆိုင်ကယ် နှစ်စီးဖြင့်သွားစဉ် ရေစီးဖြင့်မျောပါသေဆုံးခဲ့ကြောင်း လက်ပံတန်းမြို့ခံတစ်ဦးက သြဂုတ်လ ၁၁ ရက် နေ့တွင် AHN သို့ပြောသည်။


ရေကျော်နေသော လက်ပံတန်း-ဟင်္သာတ မဟာဗျူဟာကားလမ်း၊ တော်လဿနယ်မြေရဲကင်းအပိုင် မိုင်တိုင်၆/၀နှင့် ၆/၁အကြားအရောက်တွင်ရေစီးသန်သဖြင့်နှစ်ယောက်စီးမရသောကြောင့်ဆိုင်ကယ် အနောက်တွင် လိုက်ပါစီးနင်းလာသည့် ကျောင်းသားနှစ်ဦးမှာ အခင်းဖြစ်ပွားရာနေမရောက်မီနောက်မှဆင်းလိုက်ခဲ့ကြောင်း၊ ဆိုင်ကယ်မောင်းနှင်သူကျောင်းသား နှစ်ဦးမှာ အခင်းဖြစ်ရာနေရာတွင်ဆိုင်ကယ်ကိုမောင်းနှင်စဉ် ရေစီးနှင့်မျောပါပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ဆိုင်ကယ်အနောက်မှကျန်ခဲ့သည့်ကျောင်းသားမောင်မျိုးဇော်ဦး နှင့်မောင်ကောင်းစံဝင်းတို့သည် နေ့လယ်၂နာရီ၃၀အချိန်ခန့်တွင် လက်ပံတန်းမြို့မရဲစခန်းသို့လာရောက်သတင်းပေးတိုင်ကြားခဲ့၍ ပူးပေါင်းရှာဖွေရေးအဖွဲ့များနှင့်ရှာဖွေခဲ့ရာ ဆိုင်ကယ်နှစ်စီး (လိုင်စင်စိစစ်ဆဲ)ကိုသာ ညနေ၃နာရီ၃၀အချိန်ခန့်တွင်တွေ့ရှိခဲ့ကြောင်း လက်ပံတန်းမြို့ နယ် ရဲတပ်ဖွဲ့မှူး-ဦးဖုန်းမြင့်က သြဂုတ်လ ၁၁ ရက် နေ့တွင် AHN သို့ပြောသည်။


"ကျတော်တို့ ဖြူစင်မေတ္တာ ပရဟိတအဖွဲ့ နဲ့အတူ မြို့နယ်ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေ မြို့နယ်မီးသပ်တပ်ဖွဲတွေက ဒေသခံများရဲ့ပူးပေါင်းကူညီမှုနဲ့ ရေစီးနောက်မျောပါသွားတဲ့ကလေးနှစ်ဦးနဲ့ဆိုင်ကယ်ကိုရှာဖွေပါတယ်။ ကလေးတွေကိုတော့ အဓိကထားကယ်ဖို့လုပ်ကြတယ်။ အဲ့ဒီမှာ အသင့်ရှိနေတဲ့ တပ်မတော်ကလှေ နှစ်စင်း၊ အရပ်ဖက်ကကယ်လှေနှစ်စင်းပေါင်း လေးစင်းနဲ့ ရှာတယ်။ တောက်ရှောက်မနားမနေရှာကြတယ်။ ညနေသုံးနာရီခွဲလောက်ကျမှ ရေငုတ်ရှာဖွေသူတွေရဲ့ ကြိုးစားမှုကြောင့် ဆိုင်ကယ်နှစ်စီးကိုတော့ ရှာလို့တွေ့တယ်။ ခုအချိန်အထိကလေးတွေကိုတော့ မတွေ့သေးဘူး"ဟု ဖြူစင်မေတ္တာပရဟိတအဖွဲ့မှ လူမှုရေးလုပ်ငန်းများဆောင်ရွက်နေသော ဦးကျော်ကြီး က သြဂုတ်လ ၁၁ ရက် နေ့ညနေပိုင်းတွင် AHN သို့ပြောသည်။

သြဂုတ်လ ၁၂ ရက် မနက်ပိုင်းတွင် ပျောက်ဆုံးသွားသောကျောင်းသားနှစ်ဦး ကိုသေဆုံးလျက်ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ မနက် ၇ နာရီတွင် ကျောင်းသား တစ်ဦး၏ရုပ်အလောင်းကိုဆိုင်ကယ် လှဲကျသည့် နေရာနှင့် ၃၅ ပေခန့်အကွာတွင်လည်းကောင်း၊ နံနက် ၉ နာရီတွင် အခြားကျောင်းသားတစ်ဦး၏ ရုပ်အလောင်းကို ဆိုင်ကယ်လှဲကျသည့် နေရာနှင့် ၄၅ ပေခန့်အကွာတွင်လည်းကောင်း၊ တွေ့ရှိခဲ့ခြင်းဖြစ်ပြီးလက်ပံတန်းဆေးရုံ သို့ပို့ဆောင်ထားကြောင်း၊ ကျောင်းသားများကိုရှာဖွေရာတွင် ပါဝင်ခဲ့သည့်လက်ပံတန်းမြို့ခံတစ်ဦးကပြောသည်။

ရေကျော်နေသောနေရာမှာ ပေ-၁၀၀ခန့်ကျယ်ဝန်းကြောင်း၊ ၎င်းလမ်းအား ဒေသအာဏာပိုင်များအနေဖြင့် သွားလာခွင့်ပြုထားပါက လုံခြုံစွာသွားလာနိုင်ရန် ယာယီအစီမံများပြုလုပ်ပေးသင့်ကြောင်း၊ အန္တရာယ်ရှိ၍ စိုးရိမ်ရသောအခြေအနေရောက်လာပါ လမ်းများတွင် အသိပေးဆိုင်းဘုတ်များ ၊ အချက်ပြစနစ်များအား ထင်ရှားစွာဖော်ပြစေလိုကြောင်း၊ အခင်းဖြစ်ပွားရာနေရာနှင့် မလှမ်းမကမ်းဖိုးကတိုတာတွင်လည်း လွန်ခဲ့သောနှစ်ရက်ခန့်က စက်လှေတစ်စင်းကမ်းကပ်ရန်ကြိုးပမ်းစဉ် လျှပ်စစ်ဓာတ်အားလိုင်းကြိုးအားဝင်တိုက်မိ၍ စက်လှေပေါ်လာသူများဓာတ်လိုက်ပြီးပြင်းထန်စွာဒဏ်ရာများရခဲ့ကြောင်း၊ ပြည်သူများအန္တရာယ်ကင်းရေးအတွက် ကြိုတင်ကာကွယ်ရေးအစီမံများအား သက်ဆိုင်ရာတာဝန်ရှိလူကြီးမှ ဆောင်ရွက်ပေးစေလိုကြောင်းဒေသခံများAHNသို့ပြောသည်။

ဓာတ်ပုံ(Kyaw Gyi - LPN)။ ပျောက်ဆုံးသွားသောကျောင်းသားနှစ်ဦးကိုရှာဖွေစဉ်။

ငြိမ်းချမ်း(လက်ပံတန်း)
The Asia Heart News

COMMENTS

Name

art,1,article,1280,cartoon variety,21,crime,50,culture,1,documentary,7,Entertainment,4,health,27,history,1,international,6418,interview,206,Live,8,LocalNews,14084,news,2842,opinion,750,photos,202,poem,114,satires,38,song,12,speech,11,sports,127,statement,58,technic,42,translate,32,video,1057,voice,74,
ltr
item
dawnmanhon: န၀မတန်းကျောင်းသားနှစ် ဦး၊ ရေ ၁ပေခွဲခန့် ကျော်နေသော လမ်းကိုဆိုင်ကယ်နှစ်စီးဖြင့် ဖြတ်ကူးရာမှ ရေစီးဖြင့်မျောပါ သေဆုံး
န၀မတန်းကျောင်းသားနှစ် ဦး၊ ရေ ၁ပေခွဲခန့် ကျော်နေသော လမ်းကိုဆိုင်ကယ်နှစ်စီးဖြင့် ဖြတ်ကူးရာမှ ရေစီးဖြင့်မျောပါ သေဆုံး
https://3.bp.blogspot.com/-AAiKeMWiTJU/V66IpDHH94I/AAAAAAAAtzs/RYJF8csEWP43sORvvr-1XertJyuT0ufIQCLcB/s400/3.jpg
https://3.bp.blogspot.com/-AAiKeMWiTJU/V66IpDHH94I/AAAAAAAAtzs/RYJF8csEWP43sORvvr-1XertJyuT0ufIQCLcB/s72-c/3.jpg
dawnmanhon
http://www.dawnmanhon.com/2016/08/blog-post_430.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2016/08/blog-post_430.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy