မူဆယ်မှာ ငွေကျပ်သိန်းပေါင်း တစ်သောင်းကျော်ဖိုး မူးယစ်ဆေးတွေ ဖမ်းမိ

drugs-arrest-muse-620.jpg
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ သြဂုတ်လ ၃၀ ရက်နေ့က ငွေကျပ် သိန်းပေါင်း တစ်သောင်းကျော်ဖိုးရှိတဲ့ မူးယစ်ဆေးတွေကို ဖမ်းဆီးရမိစဉ်
Photo: Kan Thar/ RFA

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ မနေ့က စိတ်ကြွဆေးပြားနဲ့ ဘိန်းဖြူ ကာလတန်ဖိုးငွေကျပ် သိန်းပေါင်း တစ်သောင်းကျော်ဖိုး ဖမ်းဆီးရမိခဲ့တယ်လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဲဒီမူးယစ်ဆေးတွေဟာ တစ်ဖက်နိုင်ငံကနေ ၀င်လာတာဖြစ်ပြီး မြန်မာပြည်အတွင်းပိုင်းက မြို့ကြီးတွေကို ဖြန့်ဖြူးဖို့ သိုလှောင်ထားတာဖြစ်တယ်လို့ ရှမ်းပြည်နယ် ဒုတိယပြည်နယ်ရဲတပ်ဖွဲ့က ရဲမှူးကြီး အောင်မြတ်မိုး က ပြောပါတယ်။

"တဖက်နိုင်ငံကနေ ဝင်ရောက်လာပြီးတော့မှ မူဆယ်မှာတဆင့် သိုလှောင်ထားတယ်၊ ပြီးတော့မှ လားရှိုး၊ မန္တလေး၊ ရန်ကုန် အစရှိတဲ့ မြို့ကြီးတွေကို ဆက်လက်ဖြန့်ဖြူးတယ်လို့ ကျနော်တို့ ပဏမစစ်ဆေးချက်အရတော့ သိရှိထားတယ်"

တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ရဲ့သတင်းပေးချက်အရ အခုလို ရှာဖွေဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး စိတ်ကြွဆေးပြား အရေ အတွက် နှစ်သိန်းနီးပါးနဲ့ ဘိန်းဖြူ ၃၄ ဒဿမ ၇၃၆ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

အဲဒီ မူးယစ်ဆေးတွေ လက်ဝယ်ထားရှိမှုနဲ့ မူဆယ်မြို့ ကောင်းမုလွယ် ရပ်ကွက်မှာနေတဲ့ မြန်မာနိုင်ငံသား နိုင်ယိုးနဲ့ မစိန်နီထွေးကို ဖမ်းဆီးရမိထားပြီး မူဆယ်မြို့ တရုတ်ကွမ်ရင်မယ်တော်ကျောင်းမှာ ဘိန်းဖြူသိုလှောင်ထားတဲ့ သီလရှင်တစ်ဦးက လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.