နမ့်ခမ်းမြို့နယ်မှာ တိုက်ပွဲဖြစ်ပွား



(ရှမ်ပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဟိုနားကျေးရွာမှာ အစိုးရတပ်နဲ့ TNLA တပ် တိုက်ပွဲတွေကြောင့် ဒဏ်ရာရခဲ့သူနှစ်ဦးကို လားရှိုးဆေးရုံမှာ သြဂုတ်လ ၂၆ ရက်နေ့က တွေ့ရစဉ်) Photo: Kan Thar/RFA
ရှမ်ပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဆေးရုံကုန်းအနီးက ဟိုနားကျေးရွာမှာ မနေ့က ညနေ ၆ နာရီလောက်မှာ အစိုးရတပ်မတော်နဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒေသခံတချို့ ဒဏ်ရာရရှိခဲ့ပြီး လားရှိုးဆေးရုံမှာ ရွာသား ၂ ဦး ဆေးကုသမှုခံယူနေရပါတယ်။

လားရှိုးဆေးရုံကို ရောက်ရှိနေတဲ့ နမ့်ခမ်းမြို့နယ် ဟိုနားရွာသား ကိုမိုင်းလုမ်းအောင်က ၂ယောက်စလုံးဟာ လက်နက်ကြီးထိမှန်တာလို့ ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် ပန်လော်ကျေးရွာ၊ ကောင်တပ်ကျေးရွာတွေမှာလည်း လက်နက်ကြီးတွေ ကျရောက်ခဲ့တယ်လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ နမ့်ခမ်းမြို့ နဲ့  တစ်မိုင်ခန့်သာကွာဝေးတယ်လို့ ဒေသခံက ပြောပါတယ်။

TNLA က ဗိုလ်မှူးကြီး တာဖုန်းကျော်ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ နမ့်ခမ်းမြို့နားမှာ အစိုးရတပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အတည်ပြုပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.