အသတ်ခံရသည့် ရဲအရာရှိဟောင်းနှင့်မိသားစုကို သြဂုတ် ၂၂ ရက်နေ့ သင်္ဂြိုဟ်မည်



မင်္ဂလာဒုံမြို့နယ်မှာ သြဂုတ် ၂၀ ရက်နေ့က အသတ်ခံခဲ့ရတဲ့ ရဲအရာရှိဟောင်းနဲ့ မိသားစု ၃ ဦးကို သြဂုတ် ၂၂ ရက်နေ့ ရေဝေးသုသာန်မှာ ပို့ဆောင်သင်္ဂြိုဟ်မှာဖြစ်ပါတယ်။

မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားမြို့သစ် ရွှေနံ့သာကျေးရွာအုပ်စု ကျူးကျော်ကွက်သစ် မြအေးချမ်းလမ်းသွယ်မှာ နေထိုင်တဲ့ ရဲအရာရှိဟောင်း ဦးစိုးနောင် (၃၇) နှစ်၊ ဇနီးမချယ်ရီပွင့် (၃၃) နှစ်၊ သားအကြီး ဟန်သူရ (၁၃) နှစ်နဲ့ သားငယ်စွမ်းထက်မြက် (၉ နှစ်) တို့ဟာ မနေ့က နေအိမ်မှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

နာရေးကို လိုက်ပါကူညီနေတဲ့ ပတ္တမြား လူမှုကူညီရေးအသင်းက ဦးမြစိုးက “မနက်ဖြန်မှာ သင်္ဂြိုဟ်ပါမယ်။ အချိန်တော့မသိရသေးဘူး။ အလောင်းတွေကို ခွဲစိတ်စစ်ဆေးနေတာ စောင့်နေရတာပါ။ ဒီညနေ အလောင်းတွေရမှ ရေဝေးနဲ့ အချိန်ညှိလို့ရမှာပါ” လို့ ဒီဗွီဘီ ကို ပြောပါတယ်။

အသတ်ခံခဲ့ရတဲ့ ဦးစိုးနောင် (၃၇နှစ်) ဟာ ဒုရဲအုပ်အဆင့်နဲ့ နုတ်ထွက်ထားသူ တဦးလည်း ဖြစ်ပါတယ်။

အသတ်ခံရသူ မချယ်ရီပွင့်ရဲ့ မိခင်ဒေါ်ရီရီနွဲ့က “မောင်စိုးနောင်က သဘောလည်း ကောင်းပါတယ်။ ရန်ငြှိုးလည်း မရှိပါဘူး။ ရှိရင်လည်း အပြင်မှာ တစ်ဦးချင်း ရှင်းလို့ရတာပဲ။ အပြစ်မရှိတဲ့ ကလေးတွေတော့ မလုပ်သင့်ပါဘူး။ မြေးအကြီးလေးက ၂၉ ရက်နေ့ဆို သူ့မွေးနေ့ရောက်ပြီ” လို့ ပြောပါတယ်။

ဒီအမှုကို ထောက်ကြန့်နယ်မြေရဲစခန်းက (ပ)၅ဝ၃/ ၁၆၊ ရာဇသတ်ကြီးပုဒ်မ (၃ဝ၂) နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်နေပါတယ်။ အသတ်ခံရတဲ့အကြောင်းရင်းကို မသိရသေးသလို ပြစ်မှုကျူးလွတ်သူကိုတော့ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။

သတင်း/ဓာတ်ပုံ-အာကာ
DVB TV News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.